တိုက်ခန်း ဝယ်ယူမယ်ဆိုရင် ဂရုစိုက်လေ့လာရမယ့် အချက်(5)ချက်။

အရောင်းအဝယ်လုပ်တဲ့အိမ်ခြံမြေ အမျိုးအစားများစွာထဲကမှ
တိုက်ခန်းကို ဝယ်ယူတော့မယ်ဆိုရင် သတိထားသင့်လုပ်ဆောင်
သင့်တဲ့ အခြေခံအချက်လေးတွေ ရှိပါတယ်။
မိမိကိုယ်တိုင်က နားမလည်ဘဲ ဝယ်ယူမိလိုက်တဲ့အခါ မိမိ
နားမလည်တဲ့ အပေါ်တစ်ဖက်ကသိပြီး အလွယ်ရိုက်သွားနိုင်ပါတယ်။
နံပါတ်(1) တိုက်ခန်းဝယ်ယူဖို့ စရံမချခင် သေချာညှိနှိုင်းဆောင်ရွက်ပါ။
အမည်ပေါက်မှန်မမှန်စစ်ဆေးပြီး အားမနာတမ်း မိမိဘက်က
မေးမြန်းတောင်းဆိုပါ။ရောင်းသူတောင်းဆိုသမျှကိုလည်း
ကျွမ်းကျင်သူနဲ့သေချာ တိုင်ပင်ပြီးမှ လုပ်ဆောင်ပါ။
နံပါတ်(2) ဝယ်ဖို့ အဆင်သင့်ဖြစ်တဲ့အခါမှာလည်း အမည်ပေါက်
ပြောင်းလို့ရမရဆိုတာကို ထပ်စစ်ပါ။ အမြင်သဘောနဲ့စစ်ပြီးပြီ
ဆိုတာနဲ့ သက်ဆိုင်ရာမှာ အမည်ပေါက်မှန်မမှန်၊ရှိမရှိဆိုတာကိုလည်း
ထပ်မံစစ်ဆေးရပါမယ်။Owner book/အမည်ပေါက် ထွက်ထားလား။
မထွက်ထားသေးပါက ငွေသွင်းပြေစာ၊နေထိုင်ခွင့်ပြုမိန့်မူရင်း၊
တခြားစာရွက်စာတမ်း အစရှိသဖြင့် စစ်ဆေးရမှာ ဖြစ်ပါတယ်။
ဒီအပိုင်းကတော့ မဝယ်ခင်စာရွက်စာတမ်း စစ်ဆေးတဲ့အပိုင်းဖြစ်ပါတယ်။
နံပါတ်(3)စာချုပ်မချုပ်ခင် ကိုယ်ချုပ်ဆိုမယ့် စာချုပ်မှာပါဝင်မယ့်
အရေးအသားကိုလည်း စာလုံးပေါင်း သတ်ပုံကအစ သေချာစွာ
စစ်ဆေးရပါမယ်။စာချုပ်မှာ ပါဝင်ရမယ့်အကြောင်းအရာတွေကို ပြည့်ပြည့်
စုံစုံ မရေးသားခဲ့လို့ ရှင်းလိုက်ရတဲ့ကိစ္စတွေ တောင်လိုယာလိုပေါများပါတယ်။
နံပါတ်(4) စရံစာချုပ်ချုပ်ပြီးပြီဆိုတာနဲ့ သတင်းစာထဲမှာ ထည့်ကြော်ငြာပါ။
အရှုပ်အရှင်း ၊အမွေကိစ္စ စတာတွေ မဖြစ်အောင် ကာကွယ်ရမှာဖြစ်ပါတယ်။
နံပါတ်(5) အပေါ်က(4)ချက်ကို လုပ်ဆောင်ပြီးပြီဆိုတာနဲ့ နောက်ပိုင်းအမည်ပြောင်း
ကိစ္စများက လွယ်ကူသွားပြီပဲ ဖြစ်ပါတယ်။အပေါ်က အချက်တွေကို ဂရုမပြုဘဲ
တိုက်ခန်းဝယ်ယူခဲ့လို့ နေထိုင်မရဖြစ်နေတာတွေ၊ဆုံးရှုံးလိုက်ရတာတွေ
ရှိတဲ့အတွက်ကြောင့် သတိပြုစေရန် ဖော်ပြပေးလိုက်ရပါတယ်။
တိုက်ခန်းဝယ်ယူမည့်သူများ အဆင်ပြေချောမွေ့စွာဖြင့် ဝယ်ယူနိုင်ကြပါစေ။
⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️
-ဆူညံသောင်းကျန်းလွန်းတဲ့ ဘေးအိမ်နီးချင်းကို ဆူညံသောင်းကျန်းမှု့
မရှိတော့အောင် ဘယ်လိုဖြေရှင်းရမလဲ။
ဆက်လက်ဖတ်ရှု့ရန်< https://www.yuzanarland.com/g/nHR1E>
-တရားစွဲဆိုခံလိုက်ရတဲ့ အိမ်ခြံမြေ တိုက်ခန်းရောင်းသူ
ဆက်လက်ဖတ်ရှု့ရန်< https://www.yuzanarland.com/g/fw0l0>
- အပေါင်ခံထားတဲ့အိမ်ကို ဝယ်မိပြီး ဒုက္ခရောက်တော့မယ်အဖြစ်
ဆက်လက်ဖတ်ရှု့ရန်< https://www.yuzanarland.com/g/cRFd4>