“ ဒေါ်တင်တို့အိမ် အမွေဆိုင်ပြဿနာတက်နေလို့တဲ့ ဦးကျော်ရေ”
“ ဒေါ်တင်တို့အိမ် အမွေဆိုင်ပြဿနာ တက်နေလို့တဲ့ ဦးကျော်ရေ”
“မိထွေး ဘယ်ကနေ ဘယ်လို ရောက်လာတာလဲ ကြားကြားချင်းကလည်း နင့်လိုပဲ ပြသာနာစကားတွေပါလားဟ”
“တစ်ခါလေး အကွက်မှားဝယ်မိပြီး ပြသာနာဖြစ်သွားတဲ့ ကျွန်မကို ဒီလိုတော့ မပြောပါနဲ့ရှင့်”
“အေးပါကွာ ဒေါ်တင်တို့အိမ်က ဘယ်လိုဖြစ်တာတုန်း”
“ဒေါ်တင်တို့သားမိက သူတို့ပိုင်တဲ့ အိမ်ကို ရောင်းမလို့လုပ်တာ အဲဒီအိမ်မှာ ကုန်စုံဆိုင်ဖွင့်နေတဲ့ ဒေါ်တင်မောင်လေးက သူစီးပွားရေးလုပ်တာ ပျက်မှာစိုးလို့ ကန့်ကွက်တာပါရှင့်”
“အဲဒါနဲ့ အခုအမှု့ ရင်ဆိုင်နေရပြီပေါ့”
“ဟုတ်တယ် ဦးကျော် ရေ ဒါနဲ့ကျွန်မတစ်ခု သိချင်တာလေးရှိလို့”
“အေး ပြော”
“အမွေဆိုင်အိမ်က တရားမမှု့ ဖြစ်နေတယ်ဆိုရင် အဲဒီအိမ်မှာ နေပြီး နဂိုနေနေကျလူက နေထိုင်စီးပွားရေး လုပ်ပိုင်ခွင့်ရှိပါသလား”
“ အမှု့ ရင်ဆိုင်နေစဉ် ကာလအတောအတွင်းမှာ စီးပွားရေးလုပ်ပိုင် နေထိုင်ခွင့်ရှိပါတယ်”
“ အမှု့ရင်ဆိုင်နေစဉ် ကာလအတောအတွင်းမှာဆိုရင် အဲဒီအိမ်ကို ချိတ်ပိတ်ထားမှာလား”
“ချိတ်ပိတ်တယ်၊ မပိတ်ဘူးဆိုတာက တရားရုံးရဲ့ အဆုံးအဖြတ်ပါ၊ “
“ဒေါ်တင်တို့ ရောင်းတယ် ပြသာနာဖြစ်နေတယ် ဆိုတဲ့အိမ်က ဂရန်မြေပါ ဦးကျော်၊အဲဒီအိမ်ခြံက ဂရံသက်တမ်း ကုန်နေတယ်ဆိုရင် ဆက်တိုးလို့ရလား ဒါမှမဟုတ် အမှု့ရင်ဆိုင်ပြီးမှ တိုးရတာလားရှင့် ”
“ အမှု့ဖြစ်ပွားနေစဉ်မှာ သက်တမ်းတိုးလိုက်မယ်ဆိုရင် အမှု့ရင်ဆိုင်နေတဲ့ တစ်ဖက်က ကန့်ကွက်နိုင်တဲ့ အခြေအနေဖြစ်တတ်တဲ့အတွက်ကြောင့် မတိုးဘဲထားတာက အကောင်းဆုံးပါ။ အမှု့အားလုံးချောမွေ့စွာ ပြီးစီးသွားပြီဆိုမှ ဒဏ်ကြေးဆောင်ပြီး သက်တမ်းတိုးလို့ရပါတယ်”
“မတော်တဆပေါ့ ဦးကျော်ရယ်၊ ဒေါ်တင်တို့အိမ်က အမှု့သက်တမ်းကလည်း ရှည်ကြာနေတယ်၊တော်တော်နဲ့ကို မပြီးပြတ်နိုင်ဘူးဆိုရင် မြေငှားဂရန်စာချုပ် ထုတ်ပေးထားတဲ့ နိုင်ငံတော်တွေအနေနဲ့ ဒေါ်တင်တို့အိမ်ခြံကို သိမ်းနိုင်လားရှင့်”
“တော်တော်စိတ်ပူနေတဲ့ မယ်ထွေးရေ တရားရုံးက အမှု့ဘယ်လောက်ပဲကြာနေပါစေ လေလံမတင်သမျှ ကာလပတ်လုံး ဒီအိမ်ကို ဒီအတိုင်း တက်သိမ်းလိုက်လို့မရပါဘူး”
ဗဟုသုတအနေနဲ့
ဂရံ အမည်ပေါက်ထဲမှာ ပါနေတဲ့သူက အိမ်ခြံထဲ စီးပွါးရေးလုပ်ငန်း လုပ်တာသဘောမတူရင်
လုပ်ငန်းလိုင်စင် ထုတ်ပေးတဲ့ဌာနတွေမှာ တိုင်ကြားလို့ရပါတယ်။
“ဒေါ်တင်အနေနဲ့ သူ့မောင် စီးပွားရေးလုပ်တာ သဘောမတူရင် လုပ်ငန်းလိုင်စင် ထုတ်ပေးတဲ့ငှာနမှာ တိုင်းကြားလို့ရတာမျိုးပေါ့”
လုပ်ငန်းလိုင်စင်ဥပဒေက အိမ်ရဲ့တရားဝင်ပိုင်ဆိုင်သူတွေ ခွင့်မပြုပါက ကန့်ကွက်ပါက
ရပ်ဆိုင်း/ဆိုင်းငံ့ပေးရပါတယ်။
Related Posts
Bitter Truth - 1
အကျိုးဆောင်များနှင့်အတူထပ်တူခံစားပေးမယ့် Bitter Truth - 1yuzanarland.com“ 𝐋𝐞𝐭’𝐬 𝐁𝐮𝐢𝐥𝐝 𝐘𝐨𝐮𝐫 𝐃𝐫𝐞𝐚𝐦 ”#bittertruth
Bitter Truth - 2
အကျိုးဆောင်များနှင့်အတူထပ်တူခံစားပေးမယ့် Bitter Truth - 2yuzanarland.com“ 𝐋𝐞𝐭’𝐬 𝐁𝐮𝐢𝐥𝐝 𝐘𝐨𝐮𝐫 𝐃𝐫𝐞𝐚𝐦 ”#bittertruth
အမှန်အကန်ဝယ်ဖို့သွားတာ ဒီလိုအဖြစ်မျိုးနဲ့ကြုံလာလို့ လှည့်ပြန်လာရတာတွေဖြစ်ဖူးလား?
အမှန်အကန်ဝယ်ဖို့သွားတာ ဒီလိုအဖြစ်မျိုးနဲ့ကြုံလာလို့ လှည့်ပြန်လာရတာတွေဖြစ်ဖူးလား? #bittertruth_3