လုပ်ငန်း လိုင်စင် ဘယ်လို လုပ်မလဲ …. ?

လုပ်ငန်း လိုင်စင် ဘယ်လို လုပ်မလဲ …. ?
လုပ်ငန်းလိုင်စင် ဘယ်လိုလုပ်မလဲ ဆိုတာ မပြောခင် လုပ်ငန်းတစ်ခု လုပ်တဲ့အခါ လိုင်စင်လိုလား / မလိုဘူးလား ဆိုတဲ့ မေးခွန်းကလည်း ရှိပါတယ် ၊ လိုချင်ရင် လိုတယ် ၊ မလိုချင်ရင် မလိုဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ လိုင်စင်မရှိဘဲနဲ့ လုပ်နေတဲ့ လုပ်ငန်းတွေ ရှိသလို လိုင်စင်နဲ့ လုပ်နေတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။ လိုင်စင်မရှိပေမယ့်လည်း ဘာမှ သိပ်မထူးခြားသလို လိုင်စင်ရှိလို့လည်း မထူးခြားဘူးလို့ ပြောရခက်ပါတယ် ။ လိုင်စင်လိုတဲ့ နေရာတွေလည်း ရှိပါတယ်။ ထားပါတော့ အဓိက အကြောင်းရင်းဖြစ်တဲ့ လုပ်ငန်း လိုင်စင် ဘယ်လို လျှောက်မလဲ ဆိုတာကိုပဲ ဆက်ပြောရအောင်ပါ …
ကိုယ်လုပ်ငန်း လုပ်မယ့် သက်ဆိုင်ရာ မြို့နယ် စည်ပင်မှာ လျှောက်လွှာ သွားထုတ်ပြီး တင်တာရယ် အွန်လိုင်းက ဖြည့်ပြီး လျှောက်တာရယ် ဆိုပြီးတော့ (၂) မျိုး ရှိပါမယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် လိုအပ်တာတွေကတော့
၁ ။ နိုင်ငံသားစီစစ်ရေးကဒ် ( နိုင်ငံခြားသားဖြစ်ပါက ပတ်စပို့ ) မိတ္တူ
၂ ။ လိုင်စင်ဓါတ်ပုံ ( ၃ ) ပုံ
၃ ။ လုပ်ငန်း တည်နေရာ အထောက်အထား ( အပိုင်ဆိုရင်လည်း ဂရံတို့ ဘာတို့ ၊ အငှားဆိုရင်လည်း အငှားစာချုပ် )
၄ ။ လုပ်ငန်းနေရာ ဓါတ်ပုံများ ( မျက်နှာစာ / အတွင်း / အပြင် )
၅ ။ လုပ်ငန်းနေရာ ပတ်ဝန်းကျင် အိမ်များက ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက် လက်မှတ်များ ( သူတို့ပေးလိုက်တဲ့ ပုံစံထဲမှာပဲ လိုက်ပြီးတော့ လက်မှတ် ထိုးရပါတယ် ၁၀ အိမ်လို့ ထင်ပါတယ် )
၆ ။ မြို့နယ် အဖွဲ့အစည်းတွေဖြစ်တဲ့ မီးသတ် ၊ ကျန်းမာရေး စတဲ့ ထောက်ခံချက်
၇ ။ လုပ်ငန်း အမျိုးအစားအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ခွင့်ပြုမိန့်
( ဆိုလိုတာက အစားအသောက် လုပ်ငန်းဆိုရင် ကျန်းမာရေး ဝန်ကြီးဌာန ၊ သင်တန်းကျောင်းဆိုရင် ပညာရေး ဝန်ကြီးဌာန စသည် ဖြင့် ခွင့်ပြုမိန့် လိုပါတယ် ၊ ဒီနေရာမှာ ကျွန်တော် တိုင်ပတ်ခဲ့တာကို သပ်သပ် ရေးပါဦးမယ် )
၈ ။ အခြား လိုအပ်သော အထောက်အထားများ ( လိုအပ်သလို တင်ပြရတတ်ပါတယ် )
၉ ။ အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား ( ဒါက အသစ် ပြောင်းသွားတာပါ ၊ အရင်က အခွန် အရင် ဆောင်ဖို့ မလိုပါဘူး ၊ နှစ်ပတ်လည်မှ ဆောင်ရတာပါ ၊ ခုကတော့ လိုင်စင် စလုပ်ကတည်းက ကြိုတင်ခွန်လို့ ထင်ပါတယ် အရင် သွားဆောင် ရပါတယ် )
အားလုံးစုံပြီဆိုရင် စည်ပင်မှာ ပြန်သွားတင်တာ ( သို့မဟုတ် ) Online Application ကို တင်ပြီးသွားရင် သက်ဆိုင်ရာ ခရိုင် သို့မဟုတ် မြို့နယ် စည်ပင်သာယာ က ကွင်းဆင်းစစ်ဆေးမယ့် ရက်ကို အကြောင်းကြားပါတယ်။ အဲလို လာပြီးစစ်တဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းတို့ အထောက်အထားတို့ ရှိရင်လည်း ထပ်ပေးရပါတယ်။
အဲဒီ အဆင့်တွေ အားလုံး ပြီးသွားရင်တော့ ( ၁ ) ပတ် ( ၂ ) ပတ်လောက်ကြာရင် လိုင်စင် ခွင့်ပြုကြောင်း အကြောင်းကြားပါတယ်။ အဲဒီအခါကျရင် မြို့နယ်စည်ပင်မှာ ငွေသွင်းပြီးတော့ လိုင်စင်ကတ်ပြား ထုတ်လို့ရပါပြီ … ကိုယ့်ရဲ့ လုပ်ငန်းမှာ ခန့်ခန့်ညားညား ချိတ်ထားလို့ ရပါပြီ …
အွန်လိုင်းက လျှောက်မယ်ဆိုရင်
https://app.ycdc.gov.mm/business_license/index.php ကို သွားပါ
https://app.ycdc.gov.mm/business.../license_business.php ကနေ လိုအပ်တာတွေ ဖြည့်ပါဗျ
လုပ်ငန်း အမျိုးအစားပေါင်းများစွာ ရှိတဲ့အတွက် သေချာကြည့်ပါဗျ ..
ဥပမာ ကျွန်တော်တို့ သင်တန်းကျောင်းဆိုရင်
အခြေခံပညာကျောင်းတွေရဲ့ သင်ရိုးနဲ့ သင်တဲ့ # ကိုယ်ပိုင်ကျောင်း လိုင်စင်
အခြေခံပညာသင်ရိုးတွေကို သင်တဲ့ တနည်းပြောရင် ကျူရှင် လို့ပဲ ပြောရမလား အဲဒါအတွက် #ဘာသာရပ်ဆိုင်ရာ သင်တန်းများ လိုင်စင်
အင်္ဂလိပ်ဘာသာစကား၊ ဂျပန်ဘာသစကား စတဲ့ ဘာသာစကားတွေနဲ့ အခြား လုပ်ငန်းကျွမ်းကျင်မှု ဆိုင်ရာ သင်တန်းတွေ အတွက် #ဘာသာစကားနဲ့ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းလိုင်စင် ဆိုပြီးတော့ မတူသေးဘူးဗျ။
ဒီစာစုက လုပ်ငန်းငယ်တွေကို ရည်ရွယ်တဲ့အတွက် MIC ခွင့်ပြုချက်လိုတဲ့ စက်ရုံ / အလုပ်ရုံ / အထည်ချုပ်လို လုပ်ငန်းမျိုးတွေကတော့ မတူတာတွေ ရှိပါဦးမယ်ဗျ။
နောက်တစ်ခုက DICA က ထုတ်ပေးတဲ့ ကုမ္ပဏီ လိုင်စင် ကိစ္စကို သပ်သပ်ရေးပါဦးမယ် ။ အခုနောက်ပိုင်း ကုမ္ပဏီလိုင်စင် လုပ်တာ အရင်ကလို ကုန်လည်းမကုန်သလို ခက်လည်း မခက်တော့ပါဘူး။
ကုမ္ပဏီ လိုင်စင် ရှိပေမယ့်လည်း လုပ်ငန်းလိုင်စင်က သပ်သပ် ပြန်လုပ်ရတာ ဖြစ်ပါတယ် ၊ ကုမ္ပဏီလိုင်စင်က သပ်သပ် ၊ လုပ်ငန်းလိုင်စင်က သပ်သပ်ပါ ။ တစ်ချို့ကလည်း ကုမ္ပဏီ လိုင်စင် ရတာနဲ့ လုပ်ငန်းလိုင်စင်ကို လျှောက်ထားဆဲ ကာလမှာ လုပ်ငန်းစနေကြတာမျိုးလည်း ရှိပါတယ်။ ခရီးသွားလုပ်ငန်းလို လုပ်ငန်းတွေမှာဆိုရင် Domestic , Inbound , Outbound စသည်ဖြင့် လိုင်စင် အမျိုးအစားတွေ ကွဲပါသေးတယ် ၊ ထို့အတူ Convenience Store တွေမှာလည်း လုပ်ငန်းလိုင်စင် အပြင် ယမကာ ပါ တွဲရောင်းမယ်ဆိုရင် ယစ်မျိုးလိုင်စင် လိုပါသေးတယ် ၊ ယစ်မျိုးလိုင်စင်မှာလည်း အမျိုးအစားတွေ ကွဲပါတယ် ( ယစ်မျိုးလိုင်စင်က ကျွန်တော်သိသလောက် အသစ်မချပေးတော့ပါ ၊ အဟောင်းကိုပဲ ပြန်ဝယ်ရပါတယ် )
အစားအသောက် ဆေးဝါးလို လုပ်ငန်းတွေဆိုရင် လုပ်ငန်းလိုင်စင် အပြင် FDA လျှောက် ရပါသေးတယ်။
အဲလိုမျိုး ကိုယ်ပိုင် အမှတ်တံဆိပ်နဲ့ လုပ်မယ်ဆိုရင် နောက်တစ်ခုက ကုန်အမှတ်တံဆိပ် မှတ်ပုံတင်တာပါ။
ဒီတော့ လုပ်ငန်းတစ်ခုမှာ
ကုမ္ပဏီလိုင်စင်
လုပ်ငန်းလိုင်စင်
ကုန်အမှတ်တံဆိပ် မှတ်ပုံတင်
FDA
ကုန် အမှတ်တံဆိပ်ကလည်း မှတ်ပုံတင်သင့်ပါတယ်
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...