ကျွန်တော် ငွေချပြီးတာနဲ့ ကျွန်တော် ငွေပေးလိုက်တဲ့အိမ်ခြံမြေက စာရွက်စာတမ်းက အတုကြီးဆိုတာပေါ်လာပါတယ်။

ကျွန်တော် ငွေချပြီးတာနဲ့ ကျွန်တော် ငွေပေးလိုက်တဲ့ အိမ် ခြံ မြေက စာရွက်စာတမ်းက အတုကြီးဆိုတာ ပေါ်လာပါတယ်။
ကျွန်တော့်ဆီကို အိမ်ရောင်းချင်လို့ လာပြောတယ်၊ ကျွန်တော်လည်း အသိဆိုတော့ ကူညီပြီး လက်ခံခဲ့ပါတယ်။
လက်ခံခဲ့ပုံကတော့ -
အိမ်ရဲ့တန်ဖိုးက သိန်း(၁၀၀၀)လောက် တန်ပါတယ်။ ကျွန်တော့်ဘက်ကနေလည်း အဲလောက်တန်ဖိုးကို မတတ်နိုင်တာနဲ့ အပေါင်သဘောမျိုးနဲ့ လုပ်ပေးဖို့ တောင်းဆိုလာခဲ့လို့ သိန်း(၅၀၀)နဲ့ ပေါင်တာကို လက်ခံခဲ့ပါတယ်။
အပေါင်မှာ ကလည်း(၅)ကျပ်တိုးနဲ့ပါ။
ဒီကိစ္စမှာ အပေါင်ကို အပေါင်စာချုပ်နဲ့မသွားဘဲ အရောင်းအဝယ် စာချုပ်နဲ့သွားခဲ့ကြပါတယ်။အုတ်ချုပ်ရေးမှူးဘက် ကနေလည်း အရောင်းအဝယ် အတွက် SEAL တံဆိပ်တုံးထုပေးခဲ့ပါတယ်။
အပေါင်ချလိုက်တဲ့ အိမ်ပိုင်ရှင်တွေဟာ တော်တော့်ကို အဆင်မပြေမှု့တွေ ဖြစ်နေတဲ့အတွက်ကြောင့် ကျွန်တော့်ဆီကို တစ်ဖန်ပြန်ပြီး တစ်လကို (၁)သိန်းနဲ့ အိမ်အငှား ပြန်ချလိုက်ပါတယ်။ အိမ်ငှားခလည်း လစဉ်လတိုင်း ပေးနေပါတယ်။
ဒါပေမယ့် နောက်တော့ ကျွန်တော်သိလိုက်ရတာက ကျွန်တော့်ဆီမှာရှိတဲ့ အိမ်အရောင်းအဝယ်စာချုပ်က အတုဖြစ်ပြီး အုပ်ကြီးဆီမှာက အစစ်ပါတဲ့။
ကျွန်တော် ချပေးထားတဲ့ ငါးကျပ်တိုးလည်း မရသလို ငွေအလုံးအရင်းကြီး ပေးလိုက်ပြီးမှ အတုဆိုတာ သိလိုက်ရတာပါ။
ဒီကိစ္စမှာ မှားယွင်းနေတဲ့ အချက်တွေ များစွာရှိနေပါတယ်။
အိမ်အပေါင်လုပ်တုန်းက စာချုပ်ချုပ်တဲ့အခါ ရှေ့နေနှင့် ချုပ်ဆိုသင့်ပါတယ်။
အယောင်အဆောင် စာချုပ်အနေနဲ့ ဖြစ်သွားတဲ့အခါ အလိုလိုပျက်ပျယ်သွားတာပါ။
အစကတည်းက ရှေ့နေနဲ့သေချာချုပ်ခဲ့ပြီး စာချုပ်ကို မှတ်ပုံတင်ထားခဲ့မယ်ဆိုရင် ဘယ်လောက် ပူးပေါင်းလိမ်ညာမှု လုပ်ပါစေ
ကာကွယ်ပြီးသား ဖြစ်နေမှာပါ။
နှုတ်တရာစာတစ်လုံး ဖြစ်တဲ့စာချုပ်မှာ အကြောင်းအရာ မှန်ကန်စွာချုပ်ဆို ထားပေမယ့်လည်း စာချုပ်စာတမ်းကို မှတ်ပုံတင်ခြင်း မပြုလုပ်တဲ့အခါ အလိုလိုပျက်ပြယ်သွားတာပါ။
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...