"ရဲစခန်းကိုအမှုတိုင်မယ်ဆိုရင် နှုတ်နဲ့တိုင်ရသလား၊ စာဖြင့်ရေးပြီး တိုင်ရသလား၊ တိုင်စာ စာကိုမရေးတတ်ဘူး ဆိုရင်ဘယ်သူ့ကိုရေးခိုင်းရမလဲ"

17-Jun-23 အခြား
"ရဲစခန်းကိုအမှုတိုင်မယ်ဆိုရင် နှုတ်နဲ့တိုင်ရသလား၊ စာဖြင့်ရေးပြီး တိုင်ရသလား၊ တိုင်စာ စာကိုမရေးတတ်ဘူး ဆိုရင်ဘယ်သူ့ကိုရေးခိုင်းရမလဲ"

"ရဲစခန်းကို အမှုတိုင်မယ်ဆိုရင် နှုတ်နဲ့တိုင်ရသလား၊
စာဖြင့်ရေးပြီး တိုင်ရသလား ၊ တိုင်စာ စာကိုမရေးတတ်ဘူး
ဆိုရင် ဘယ်သူ့ကို ရေးခိုင်းရမလဲ" လို့မေးလာပါသည်။အမေးနှင့် ပတ်သက်၍
အောက်ပါအတိုင်း ဖြေကြားအပ်ပါသည်။
    အသက်တစ်ရာ မနေရ၊အမှုတစ်ရာ ကြုံရ
         လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ
ဆိုတဲ့ စကားပုံအတိုင်း လူတွေဟာ အမှုအခင်းတွေ
နဲ့ ကြုံရတတ်ပါတယ်။ မိမိက ဘယ်လိုဘဲ နောက်
ဆုတ်ရှောင်ရှားပေမယ့် တခါတရံမှာ ပြသနာဟာ
မိမိအိမ်ပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်
လာတတ်ပါတယ်။ ဒီလိုဆိုရင် အမှုဖြစ်ပြီပေါ့။
    အမှုဖြစ်ပြီဆိုရင် နစ်နာသူကိုယ်တိုင်မှ ဖြစ်စေ၊နစ်
နာသူကိုယ်စား အခြားသူ တစ်ဦးဦးကဖြစ်စေ မိမိနေ
ရာမှာ ရှိတဲ့ရဲစခန်း(အပိုင်ရဲစခန်း)ကို သွားရောက်
တိုင်ကြားရပါတယ် ။ အကယ်၍ မိမိရဲ့နစ်နာမှုကို အ
ခြားနေရာ တစ်ခုခုကို ရောက်ရှိပြီးမှ သိတယ်ဆိုရင်
တော့ အနီးစပ်ဆုံး ရဲစခန်းတစ်ခုခုကို သွားရောက်
တိုင်ကြားရပါမယ် ။ အနီးစပ်ဆုံး ရဲစခန်းကလည်း
"ဒါက ငါ့အပိုင်နယ်မြေ မဟုတ်ဘူး ၊ အပိုင်ရဲစခန်းကို
သွားဖွင့်ပါလို့" ငြင်းခွင့်မရှိပါဘူး ။ အမှုကို လက်ခံ
ရေးဖွင့်ပြီး အပိုင်နယ်မြေရဲစခန်းကို လုပ်ထုံးလုပ်
နည်းများနှင့် အညီ လွှဲပြောင်းပေးပါ လိမ့်မယ်။
     အထက်မှာ တင်ပြခဲ့သလို ရဲစခန်းကို သွားရောက်
တိုင်ကြားရမယ် ဆိုပေမယ့် နစ်နာသူ သို့မဟုတ် နစ်
နာသူရဲ့ကိုယ်စား အမှုတိုင်ကြားလိုသူဟာ ရပ်ဝေး
ကို ရောက်နေမယ်ဆိုရင် ရဲစခန်းသို့ကိုယ်တိုင်လာ
ရောက် တိုင်ကြားရမယ်ဆိုတာ အခက်အခဲဖြစ်လာ
မယ် ၊ နှောင့်နှေးကြန့်ကြာ သွားမယ် ။ အမှုတစ်ခုဖြစ်
ပွားခြင်းကို ချက်ချင်းတိုင်ကြားတာနဲ့ အချိန်ကာလ
ကြာပြီးမှ တိုင်ကြားတာ တန်ဖိုးချင်းမတူနိုင်ပါဘူး။
    ဒါကြောင့် အမှုတစ်ခုဖြစ်ပွားကြောင်း တိုင်ကြား
မယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်း(၄)ခုနဲ့တိုင်
ကြားခွင့် ရှိကြပါတယ် ။ ဒါတွေကတော့
၁။လူကိုယ်တိုင် သွားရောက်တိုင်ကြားခြင်း
၂။စာဖြင့် တိုင်ကြားခြင်း
၃။တယ်လီဖုန်းဖြင့် တိုင်ကြားခြင်း
၄။ကြေးနန်းစာဖြင့် တိုင်ကြားခြင်း တို့ဖြစ်ကြပါ
တယ်။
   လူကိုယ်တိုင် သွားရောက်တိုင်ကြားခြင်း ဆိုတာက
နစ်နာသူ သို့မဟုတ် နစ်နာသူကိုယ်စား အခြားသူဟာ
ပြစ်မှုဖြစ်ပွားတဲ့နေရာမှာ ရှိတဲ့ရဲစခန်းကို သွားရောက်
တိုင်ကြားတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာရဲစခန်းကို
ရောက်ရင် တာဝန်မှူးရဲအရာရှိနဲ့ တွေ့ဆုံပြီး အမှုတိုင်
လိုကြောင်း ပြောရပါမယ်။ တာဝန်မှူးရဲအရာရှိက
စခန်းမှူးကို တင်ပြပြီး တိုင်ချက်လက်ခံပေးဖို့ ညွှန်
ကြား ပေးပါလိမ့်မယ်။ စခန်းမှူးကိုယ်တိုင် ဒါမှမဟုတ်
တာဝန်မှူးရဲအရာရှိ ဒါမှမဟုတ် ဂါတ်စာရေးက အမှု
ဖြစ်စဉ်နဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါ အမှန်အ
တိုင်း ပြောပြရုံပါဘဲ။ တိုင်ချက်ကို လက်ခံပြီးတဲ့အခါ
တိုင်ချက်ကို လက်ခံသူဟာ ပြန်လည်ဖတ်ပြပြီး
"နောက်ထပ် ဘာကျန်သေးသလဲ"လို့ မေးပါလိမ့်
မယ်။ ကျန်နေသေးရင် ထပ်ပြောခွင့် ရှိပါသေးတယ်။
ထပ်ပြောစရာ မရှိတော့ဘူးဆိုရင်တော့ မိမိရဲ့တိုင်
တန်းချက် အောက်မှာ လက်မှတ်ထိုးပေးဖို့ ပြောပါ
လိမ့်မယ်။ တိုင်ချက် လက်ခံရေးမှတ်ယူသူ ပြောတဲ့
အတိုင်း လက်မှတ်ရေးထိုးပေးခဲ့ဖို့ လိုအပ်ပါတယ်။
     စာဖြင့် တိုင်ကြားတယ်ဆိုတာက နစ်နာသူ သို့မ
ဟုတ် နစ်နာသူရဲ့ကိုယ်စား အခြားသူဟာ ရပ်ဝေး
နေရာတစ်ခုခုကို ရောက်နေတယ်ဆိုရင် စာတိုက်မှ
ဖြစ်စေ အခြားသူတစ်ဦးဦးနဲ့ဖြစ်စေ ရဲစခန်းကို
စာပို့ တိုင်ကြားတဲ့ သဘောပါ။ဆိုလိုတာက အမှုတိုင်
ကြားသူက်ုယ်တိုင် ရဲစခန်းကို မလာနိုင်တာကြောင့်
စာပို့တိုင်ကြားတဲ့ သဘောပါ။ ခုနေခါများမှာတော့
တိုင်ချက်ကို တိုင်ချက်လက်ခံရေးမှတ်ယူ သူကပြန်
လည်ဖတ်ပြခြင်း မရှိဘူး ၊ လက်မှတ်သာထိုးခဲ့ရတာ
အပေါ်မှာ ဘာရေးထားမှန်း မသိဘူး။ ဒီလက်မှတ်
ကျွန်တော့်လက်မှတ် မဟုတ်ဘူး စတဲ့အကြောင်း
တရားလေးတွေ ပေါ်လာလေတော့ လူကိုယ်တိုင်
ရဲစခန်းကို လာရောက်တိုင်ကြားပါလျှက် "တိုင်စာ
ရေးလာခဲ့ပါ ၊ ခဏစောင့်ပါအုံး တိုင်စာရေးပေးပါ့
မယ်" လို့ပြောပြီး ရဲစခန်းတွေက တိုင်စာရေးပေး
နေကြရတဲ့ အခြေအနေတစ်ခုကို ရောက်နေကြပြီ။
အရပ်စကားနဲ့ပြောရင် "လူကိုယ်တိုင်လာတာ ၊ မှတ်
ပုံတင် တောင်းနေစရာမလိုလောက်ပါဘူး"
     တယ်လီဖုန်းဖြင့် တိုင်ကြားတယ်ဆိုတာ အမှုတိုင်
လိုသူဟာ ရဲစခန်းကို မလာနိုင်ဘူး။ ရဲစခန်းကို တယ်
လီဖုန်းနဲ့ လှမ်းတိုင်တယ်။ ရဲစခန်းတာဝန်ရှိသူ တာဝန်
မှူးရဲအရာရှိ သို့မဟုတ် ဂါတ်စာရေးက လက်ခံတယ်၊
လက်ခံသူက တိုင်ကြားသူရဲ့ အမည်  ၊အသက် ၊ မိဘ
အမည် ၊ အလုပ်အကိုင် ၊ နေရပ်လိပ်စာ ကိုမေးတယ်၊
ခိုင်ခိုင်လုံလုံ ဖြေကြားပေးတယ် ။ ဖုန်းလက်ခံသူဟာ
တိုင်ကြားခြင်းကို လက်ခံပြီး စခန်းမှူးကို တင်ပြကာ
ဖုန်းလက်ခံသူကိုယ်တိုင် တဆင့်ကြား သက်သေအ
ဖြစ် တရားလိုပြုလုပ် အမှုဖွင့်ပေးပါလိမ့်မယ်။ အ
လွယ်တကူ စျေးပေါပေါနဲ့ဝယ်လို့ရတဲ့ ဆင်းကဒ်
လေးတစ်ခုကိုဝယ် ၊ ဘေတစ်ထောင်ဖိုးလောက်
ထည့် ၊ ရဲစခန်းကို မဟုတ်က ဟုတ်ကတိုင် ၊ ပြီးရင်
ဆင်းကဒ်ကို လွှင့်ပစ်လိုက် လုပ်မယ်ဆိုရင်တော့
သက်ဆိုင်ရာရဲစခန်းက ဒီလိုတယ်လီဖုန်းနဲ့တိုင်
ကြားတာကို အမှုဖွင့်ပေးဖို့ အခက်အခဲရှိပါလိမ့်
မယ်။ ပြည်သူတွေအနေနဲ့လည်း ဒါတွေကိုရှောင်
ကြဉ်ပြီး နိုင်ငံကြီးသားစိတ်ဓါတ် မွေးဖို့လိုပါတယ်။
      ကြေးနန်းစာဖြင့် တိုင်ကြားတယ်ဆိုတာက
အမှုတိုင်လိုသူဟာ ရပ်ဝေးတစ်နေရာကို ရောက်နေ
လို့ မိမိရဲ့နစ်နာမှု သို့မဟုတ် အခြားသူရဲ့နစ်နာမှုကို
ဆက်သွယ်ရေးရုံးတွေကနေ တဆင့် သက်ဆိုင်ရာ
ရဲစခန်းကို ကြေးနန်းစာဖြင့် ပေးပို့တိုင်ကြားတာ
ဖြစ်ပါတယ် ။ ကြေးနန်းစာကို လက်ခံရယူတဲ့ စခန်း
မှူး သို့မဟုတ် တာဝန်မှူးရဲအရာရှိ သို့မဟုတ် ဂါတ်
စာရေးဟာ တဆင့် ကြားသက်သေအဖြစ် တရားလို
ပြုလုပ်အမှု ဖွင့်ပေးပါလိမ့်မယ်။ ပြည်သူတွေအနေ
နဲ့တော့ မှန်မှန်ကန်ကန်တိုင်တန်းဖို့ ၊ ဖြစ်စဉ်မှန်ကန်
ဖို့ ၊ မိမိရဲ့တိုင်ကြားမှုကို တာဝန်ယူဖို့ တာဝန်ခံဖို့လို
အပ်မှာ ဖြစ်ပါတယ် ။ အပေါ်က အတိုင်းထပ်ပြီး တင်
ပြရလျှင် "လူတိုင်း နိုင်ငံကြီးသားစိတ် မွေးကြဖို့"
ပါဘဲ။
    လိုရင်းကို ရှင်းပြရရင် ရဲစခန်းမှာ အမှုတိုင်မယ်
ဆိုရင် လူကိုယ်တိုင် သွားတိုင်ပါ။ ရဲစခန်း ရဲတာဝန်ရှိ
သူထံ အမှန်ကို အမှန်အတိုင်း မခြွင်းမချန် ပြောပြပါ။
ဘယ်သူ့ဆီကိုမှ သွားပြီး စာရေးပေးရန် အကူအညီ
တောင်းဖို့ မလိုအပ်ပါဘူး။

 

Credit - ဥပဒေရေးရာ
 

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate