ရဲ စခန်း သွားရင် ဘယ်လို တိုင်ကြား ရမလဲ သိချင် ကြသူများ အတွက် ဖော်ပြ ပေးလိုက် ပါတယ် ။

ရဲ စခန်း သွားရင် ဘယ်လို တိုင်ကြား ရမလဲ သိချင် ကြ သူများ အတွက် ဖော်ပြ ပေးလိုက် ပါတယ် ။ ပထမ သတင်း ပေး တိုင်တန်း ချက် First information report ပထမ သတင်းပေး အစီရင် ခံချက် ရှေ့ဘက် မျက်နှာတွင် ဇယား ကွက်များ တွေ့ရှိ ရမည် ဖြစ်သည် ။ အဆိုပါ ဇယားကွက် များတွင် လိုအပ် သလို ဖြည့် သွင်းထား သည်များ ကို တွေ့ရမည် ဖြစ်သည် ။
- အမှု ဖြစ် မြို့နယ်
- ရဲ စခန်း
- အမှတ် စဉ်
- အမှု ဖြစ်ပွား သည့် နေ့ရက် နှင့် နာရီ
- အစီရင် ခံ သည့် နေ့ရက် နှင့် နာရီ
- တိုင်တန်း သူ အမည်
- အဖ အမည် နှင့် နေထိုင် ရာ အရပ်
- အမှု ဖြစ် ပွားရာ နေရာ
- ရဲစခန်း မှ သတင်း ပေးချက် မိတ္တူ ပို့သည့် နေ့ရက် နှင့် နေရာ
- အမှုစစ် အရာရှိ အမည်
- အမှု စွဲတင် ခြင်းအတွက် စွဲချက် အမှတ် နှင့် နေ့စွဲ
- တရားခံ အမည်
- အဖ အမည်
- မှတ်ပုံတင် အမှတ် နှင့် နေထိုင်ရာ အရပ် ( တရားခံ တစ်ဦးချင်း အတွက် )
- အမှု အကြောင်း အရာ အကျဉ်းချုပ် ။
( ၁ ) ပုဒ်မ ( ၂ ) ယူဆောင် သွားသည့် ပစ္စည်း ( ၃ ) လုပ်ဆောင် ပုံ အကြောင်း ရင်း ( ၄ ) အသုံးပြု သည့် အရာဝတ္တု ၊ ရဲစခန်း ရည်ညွှန်း စသည် တို့ပါ ရှိသည် ။
ပထမ သတင်းပေး ချက် အစီရင် ခံစာ၏ သက်ဆိုင်ရာ ဇယား ကွက်တွင် ဥပဒေ ပုဒ်မ အပြင် ပြစ်မှု အမျိုးအစား ကို အကျဉ်းချုပ်အားဖြင့် ဖော်ပြထား သည် ။ ပြစ်မှု ကျူးလွန် သည်ဟု မသင်္ကာ ဖြစ်ပါက ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၄ အရ ဖမ်းဆီး ကြောင်း ရေးသွင်း ထားရ မည် ။
ပထမ သတင်း ပေးချက် မှတ်ပုံ တင်ပုံစံ သက်ဆိုင် သည့် ဇယား ကွက်တွင် ( နိုင်ငံတော် အစိုးရ ) ကို သတင်း ပေးသူ အဖြစ် မရေးသွင်းရပေ ။ သတင်းပေး သူသည် အစိုးရ အရာရှိ ဖြစ်ပါက အမည် နှင့် ရာထူးကို ရေးသွင်း ရသည် ။ ( မြန်မာ နိုင်ငံတော် ရဲ လက်စွဲ ၊ ဒုတိယ တွဲ ၊ အဋ္ဌမ ပုံနှိပ် ၊ စာပိုဒ် ၁၄၂၀ ၊ စာ ၁၈၉ ) ။
တရားခံ ၊ တရား လို ( သို့မဟုတ် ) သက်သေသည် သေရည် သောက်စား ထားကြောင်း သက်သေ ခံချက် ရှိသည့် အမှု အားလုံး၏ ပထမ သတင်းပေးချက် မှတ်ပုံတင် စာရွက်ထိပ် တွင် မင်နီ နှင့် “ အရက် “ ဟု ရေး မှတ်ရ သည်။ ( မြန်မာ နိုင်ငံ ရဲလက်စွဲ ၊ ဒုတိယတွဲ ၊ အဋ္ဌမ ပုံနှိပ် ၊ စာပိုဒ် ၁၄၂၂ ၊ စာ ၁၈၉ ) ။
အမှု တိုင်ကြား ရာတွင် အချို့က ကိုယ်တိုင် စာ နှင့် တိုင်ကြား သည်လည်း ရှိပါသည် ။
စာရေး ၍ တိုင်ပါက ယင်းတိုင် စာကို ပထမ သတင်းပေး တိုင်ကြား ချက် ပုံစံတွင် ကူးဖြည့် ရသည် ။ ထို့နောက် ပထမ သတင်းပေး တိုင်ကြားချက် ပုံစံ နှင့် အတူ ပူးတွဲ ထားရသည် ။
အမှု စွဲတင် သည့်အခါ ရေးသား တိုင်ကြား သည့် မူရင်း တိုင်စာပါ ပူးတွဲ ၍ ထည့်သွင်း ရပေသည် ။
( ဦးကျော် ဇေယျ ၊ ပြစ်မှု အမှုတွဲ တစ်ခုတွင် ပါဝင် သော ကြန် အင်လက္ခဏာ များ နှင့် ယင်းတို့၏ အရေးပါ မှုများ ၊ စာ ၁၃ ) ။
#DVBLawLab
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...