အိမ်ခွန် အမည်ပြောင်း လျှောက်ထား ရာတွင် ပါဝင်ရမည့် အချက်အလက်များ ကို သိရှိနိုင်ရန် အတွက် မျှဝေလိုက်ပါသည်။

အိမ်ခွန် အမည်ပြောင်း လျှောက်ထား ရာတွင် ပါဝင်ရမည့် အချက်အလက်များ ကို သိရှိနိုင်ရန် အတွက် မျှဝေလိုက်ပါသည်။

        အိမ်ခွန် အမည်ပြောင်း လျှောက်ထား ရာတွင် ပါဝင်ရမည့် အချက်အလက်များ ကို သိရှိနိုင်ရန် အတွက် မျှဝေလိုက်ပါသည်။
အိမ်ခွန် အမည်ပြောင်း လျှောက်ထားရာတွင် လျှောက်လွှာ ပုံစံတွင် ဖြည့်စွက်၍ အောက်ဖော်ပြပါ အချက်အလက်များ ပူးတွဲတင်ပြရမည် ဖြစ်ပါသည်-


(က)အမည်ပြောင်း လျှောက်ထား သည့်မြေ နှင့် အဆောက်အအုံ ပိုင်ဆိုင်မှု အဆက်ဆက်၏ အမွေဆက်ခံ ၊ ပေးကမ်း ၊  စွန့်လွှတ် မှတ်ပုံတင် စာချုပ် နှင့် တရားရုံး ဒီကရီ အစရှိသည့် အထောက်အထား ၊  ဂရန်နှင့်  ဘိုးဘပိုင် မှတ်တမ်း မိတ္တူများ
(ခ)အခွန်ဌာနမှ ပစ္စည်းခွန် ကောက်ခံပြီး သည့် အိမ်ခွန် ပြေစာ မူရင်း ( သို့မဟုတ် )  မိတ္တူတစ်စောင်
(ဂ)လျှောက်ထား သူ၏ အိမ်ထောင်စု ဇယား နှင့် နိုင်ငံသား စိစစ်ရေး ကတ်မိတ္တူ
(ဃ)သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံး ၏ မြေ နှင့် အဆောက်အအုံအား အမှန်တကယ် နေထိုင် ပိုင်ဆိုင်ကြောင်း ထောက်ခံချက်
(င)အမည် ပြောင်းလျှောက် ထားသည့် အဆောက်အအုံအတွက် အိမ်ခွန် ကြွေးကျန် ကင်းရှင်းကြောင်း အခွန်ဌာန ၊  ငွေကျန် တောင်းဌာနစုမှ ထုတ်ပေးသော ထောက်ခံချက်
အထက်ပါ စာရွက်စာတမ်းများ ပြည့်စုံစွာ တင်ပြလာပါက -


၁။
ပြီးပြည့် စုံသော အိမ်ခွန် အမည်ပြောင်း အမှုတွဲများ ကြာမြင့်ချိန် ( စုစည်း၍ သတင်းစာ၌ ဖော်ပြခြင်း )
( က ) ကန့်ကွက်ရန် ရှိ / မရှိ သတင်းစာ ကြော်ငြာပြီး ကြာချိန်     -  ၁၄ရက်
( ခ )ကန့်ကွက် ချက်မရှိပါက မြေတိုင်း ကွင်းဆင်းချိန်             -    ၄ရက်
( ဂ )ကွင်းဆင်းပြီး အမှုတွဲများ ကော်မတီသို့ တင်ပြီးကြာချိန်  -    ၁၅ရက်
( ဃ )စုစည်းဆောင်ရွက် ပါက တစ်ဦးလျှင် အမည်ပြောင်း လျှောက်လွှာခ  ၅၀၀ / နှင့် သတင်းစာ ကြော်ငြာခ  ကျပ် ၆၅၀၀ / -   ကျသင့်မည် ဖြစ်ကြောင်း ကြော်ငြာခွန် ကျသင့်ရန် 
(၄)ဦး အနည်းဆုံးရှိမှ ကြော်ငြာထည့်၍ ဆောင်ရွက် နိုင်ပါသည်။


၂။တစ်ဦးတည်း  ပြီးပြည့်စုံသော အိမ်ခွန် အမည်ပြောင်း အမှုတွဲများ ကြာမြင့်ချိန် ( တစ်ဦးတည်း သတင်းစာ၌ ဖော်ပြခြင်း )
(က)ကန့်ကွက်ရန် ရှိ / မရှိ  သတင်းစာ ကြော်ငြာပြီး  ကြာချိန်     -  ၁၄ ရက်
(ခ)ကန့်ကွက်ချက် မရှိပါက မြေတိုင်းကွင်း ဆင်းချိန်             -    ၁ ရက်
(ဂ)ကွင်းဆင်းပြီး အမှုတွဲများ ကော်မတီသို့ တင်ပြီးကြာချိန်  -    ၁၅ရက်
(ဃ)တစ်ဦးတည်း အမည်ပြောင်း ဆောင်ရွက်လိုပါက အမည်ပြောင်း လျှောက်လွှာခ ၅၀၀ / နှင့် သတင်းစာ ကြော်ငြာခ ကျပ် ၁၈၀၀၀ / - ကျသင့်ပါမည်။


၃။အထက်ပါ စာရွက်စာတမ်း များအား ပြည့်စုံမှုရှိပါက အိမ်ခွန်အမည် ပြောင်းလျှောက် ထားမှုကို ကန့်ကွက် မည့်သူ ရှိ / မရှိ သတင်းစာကြော်ငြာကာ သတင်းစာ ကြော်ငြာ၍ ( ၂ ) ပတ်ပြည့်ပြီး ကန့်ကွက်မည့်သူ မရှိပါက ကော်မတီသို့ အဆင့်ဆင့် တင်ပြ၍ ကော်မတီအစည်းအဝေးမှ အမည်ပြောင်း ခွင့်ပြုချက် ရရှိပါက အောက်ပါ အမည်ပြောင်း နှုန်းထားများ ပေးသွင်း ဆောင်ရွက်ရပါမည်။
( က ) ထရံကာ ၊ ပျဉ်ကာ  အဆောက်အဦ ကျပ် ၂၀ဝ၀ဝ/-
( ခ )နံကပ် ( ၁ ) ထပ်မှ RC တိုက် ( ၃ ) ထပ်ထိ ကျပ် ၅၀ဝ၀ဝ/-
( ဂ )RC တိုက် ( ၄ ) ထပ်နှင့် အထက် အဆောက်အဦ ကျပ် ၇၀ဝ၀ဝ/-
၄။အဆောက်အဦ ကွင်းဆင်း တိုင်းတာခ နှုန်းထားများအား အောက်ပါအတိုင်း ပေးသွင်း ဆောင်ရွက်ရပါမည် -
(က)ထရံကာ ၊ ပျဉ်ကာ အဆောက်အဦ ကျပ် ၁၀ဝ၀ဝ/-
( ခ )နံကပ် ( ၁ ) ထပ်မှ RC တိုက် ( ၃ ) ထပ်ထိ ကျပ် ၂၀ဝ၀ဝ/-
( ဂ )RC တိုက် ( ၄ ) ထပ် နှင့် အထက် အဆောက်အဦ ကျပ် ၃၀ဝ၀ဝ/-
မှတ်ချက်
( က ) အမည်ပြောင်း ကန့်ကွက်မှုရှိပါက ဆိုင်းငံ့
(ခ)ကွင်းဆင်း တိုင်းတာချိန် အိမ်ရှင်မရှိပါက ဆိုင်းငံ့  


လျှောက် ထားရန်လိပ်စာမှာ
သို့
ဌာနမှူး
အခြန္ဌာန
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ  ( သို့မဟုတ် )  မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ စသည်ဖြင့်လျှောက်ထား ရန်ဖြစ်ပါသည် ။ ဆိုင်ရာဌာနတွင် လျှောက်လွှာ ပုံစံ တောင်းယူနိုင် ပါသည် ။
crd  .....ဆရာကြီး မိုးထက်
 

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!