ဒီ နှစ်ကြီးမှာ အိမ်ခြံ မြေ ဝယ်ယူမည့် သူများအနေ ဖြင့် လုံလ ဝိရိယ ထားကာ ဆောင်ရွက် သင့်ပါတယ်။
ဒီ နှစ်ကြီးမှာ အိမ်ခြံ မြေ ဝယ်ယူမည့် သူများအနေ ဖြင့် လုံလ ဝိရိယ ထားကာ ဆောင်ရွက် သင့်ပါတယ်။
စိန်ကောင်း ကျောက်ကောင်း ရှာဖွေရသလိုပဲ မြေကွက်ကောင်း တစ်ကွက်တွေ့ ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါတယ် ။
ဒါကြောင့် မြေဆိုတဲ့ အမျိုးက ထိုက်မှ ရတယ် ဆိုတာကို ။
မြေဝယ် မကျလို့ ဒုက္ခရောက် ခဲ့ကြသည့် သူများရှိ တတ်သလို ၊ ဒီအိမ်ခြံ မြေကနေ
အကျိုးစီးပွား ဖြစ်ထွန်း ခဲ့ကြတဲ့ သူတွေလည်း တစ်ပုံကြီးပါ ။ ( ဥပမာ ပေးရရင် - နာမ်မည်ကြီးတဲ့
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့် တို့လိုပေါ့ ) ဘဝကြီးကို စိတ်မကုန်ဘဲ ဇွဲရှိရှိ ကြိုးစားပြီး
အိမ်ခြံ မြေ လောကထဲကို ပစ်ဝင်ကာ စုံလုံး ကန်းမိုက်ပြီး အောင်မြင် လာကြသူတွေ တစ်ပုံကြီး ပါခင်ဗျ ။
အခု ပြောမှာက အိမ်ခြံ မြေ နှင့် ပတ်သက်ပြီး ပြောမှာ ဆိုတော့ အဝယ်တော်တွေ ရင်းနှီးမြုပ်နှံမယ့် သူတွေကို
အဓိက ထားပြီး ပြောပြ ပေးသွား ပါ့မယ် ။
ပထမဦးဆုံး အိမ်ခြံ မြေကို ဝယ်ယူမယ့် သူများ အနေဖြင့် လုံလဝိရိယ ထားကာ
( ၁ ) မိမိ ဝယ်ယူမယ့် အိမ်ခြံ မြေက စာရွက်စာတမ်း တိကျ သေချာစွာ ရှိနေမှု့
( ၂ ) စာရွက် စာတမ်းတွင် ရောင်းချသူ ၏ နာမ်မည် မှန်ကန်စွာ ရှိနေမှု့နှင့် ရောင်းချသူက
စာရွက် စာတမ်း တွင်မပါရှိပါက ပိုင်ရှင်ထံမှ SP / GP ရရှိထားနေမှု့
( 3 )အမွေဆိုင် ပစည်းမဟုတ် ၊ ဟုတ်နေ သော်လည်း သေချာစွာ ခွဲဝေယူပြီး
အရှုပ်အရှင်း တစ်စုံတစ်ရာ မရှိမှု့
( 4 ) မြန်မာ ဗုဒ္ဓဘာသာ များထံသို့ ဝယ်ယူရာတွင် လင်မယား ပိုင်ပစ္စည်း ဖြစ်ပြီး
နှစ်ဦးစလုံး သဘောတူကာ ရောင်းမှု့
( 5 ) မိမိ ဝယ်ယူမည့် အိမ်ခြံ မြေ ပေါ်မှာ တခြားသူ တစ်ဦးဦး နေထိုင်နေမှု့ ၊
နေထိုင်နေ ပါက ဘာအတွက်ကြောင့် နေထိုင် နေတယ် ဆိုတာကို ခိုင်မာစွာ
အကြောင်းစုံ သိရှိနိုင်မှု့
အစရှိ သဖြင့် စစ်ဆေးသင့် ပါတယ် ။
တစ်ချို့ အဝယ်တော် တွေက စရံ စာချုပ် ချလိုက်ပြီး လုံလဝိရိယ မရှိမှု့ တို့ကြောင့်
စရံတွေ ပါဆုံးရှုံးရ တာတွေ ရှိနေတော့ အခု ဝယ်ယူကြမယ့် သူများ အနေဖြင့် လုံးလဝိရိယ ထားကာ
စစ်ဆေးအတည်ပြုပြီးမှဝယ်ယူသင့်ပါတယ်။မိမိကိုယ်တိုင် မစစ်ဆေး နိုင်ရင်တောင်
ကျွမ်းကျင် သူများကို စစ်ဆေး စေခြင်းများ လုပ်ဆောင် သင့်ပါတယ် ။
Related Posts
ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...
လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...
ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...