တိုက်ခန်း ဝယ်တာ BCC မကျသေး တဲ့ဟာ ဝယ်မိသွားလို့

ကျွန်တော့် အသိ တစ်ယောက် တိုက်ခန်း ဝယ်တာ BCC မကျသေး တဲ့ဟာ ဝယ်မိသွားလို့ အရမ်း စိတ်ညစ်နေ ပါတယ် ။
ဒါနဲ့ ကျွန်တော်ဆီ ရောက်လာပြီး
"ဆရာရေ ကျွန်တော် တလောက တိုက်ခန်း ဝယ်ဖို့ရှာနေတာ ကျွန်တော့်အကြိုက်တိုက်ခန်းလေးတစ်ခန်းကို အကျိုးဆောင်တစ်ယောက်ကလိုက်ပြလို့ လိုက်ကြည့်တာ တော်တော်လေးသဘောကျသွားတာနဲ့ ဝယ်ယူလိုက်ပါတယ်"
" ဝယ်တုန်းက တိုက်မှာ BCC စာရွက်မပြ ဘူးလား ?"
" လူ နေထိုင်ရန် ဆိုပြီး မင်အပြာတုံး နဲ့ ထုထားတဲ့ စာရွက်ကို ပြပြီး BCC စာရွက် လို့တော့ ပြောပါတယ် "
"ဟာ ဒါဆို ရင်တော့ မှားနေပြီ ဆရာသမားရေ ၊ တကယ် တော့ လူနေထိုင်ရန် ဆိုပြီး မင်အပြာ တုံးနဲ့ ထုထားတဲ့ စာရွက်က ဘုတ်စိမ်းစာရွက် ၊ BCC ဆိုတာ ကတော့ လူနေထိုင်ခွင့် စာရွက် စာတမ်း မဟုတ်ဘူး ၊ အဆောက်အဦး ပြီးစီး ကြောင်းစာရွက် စာတမ်း သာ ဖြစ်ပါတယ်။
BCC ဆိုတာက Building Complete Certificate ပါ။"
" အဲဒါ ဆိုရင် ကျွန်တော်အခု ဝယ်ယူ ထားတဲ့ တိုက်က BCC မကျသေး တာပေါ့ "
" ခင်ဗျား ပြောပုံအရ ဆိုရင် တော့ BCC မကျသေး တဲ့တိုက် ကိုဝယ်ထား မိတာပေါ့ ။ ဒါပေမဲ့ ဘုတ်စိမ်း စာရွက် ရှိတယ် ဆိုတော့ နေထိုင်လို့တော့ ရပါတယ် ။ တစ်ချို့ တိုက်တွေ မှာလည်း BCC မကျသေး ပါပဲနဲ့ လူတွေ အပြည့်ရှိ နေတာကို တွေ့ရ ပါတယ် ။
BCC စာရွက် မကျသေး ပဲနဲ့ လူနေထိုင် နေတယ် ဆိုရင်တော့ သက်ဆိုင်ရာ စည်ပင် သာယာရေး ကော်မတီမှ စစ်ဆေး တွေ့ရှိပြီး ဒဏ်ငွေကောက်ခံခြင်း တွေရှိလာခဲ့ရင် အဲဒီ ဒဏ်ငွေတွေ ကိုပေးဆောင် ရမှာက ကန်ထရိုက်တာ ( ဒါမဟုတ် ) မြေပိုင်ရှင် ကပဲ ပေးဆောင် ရမှာပါ။ "
" ဘုတ်စိမ်း စာရွက် တော့ရပြီး ဘာလို့ သူတို့တွေ BCC စာရွက် ထပ်မ လျှောက်ကြ ရတာလဲ "
" 2015 နှစ်လယ် အရှေ့ပိုင်း လောက်တုန်း ကတော့ အဆောက်အဦး တွေမှာ BCC ရမှ မီတာချ ပေးတာပါ ။ 3 ထပ်တိုက် ၊ 5 ထပ်တိုက် ဆောက်တဲ့ ကန်ထရိုက် အသေးစားတွေက ဘုတ်စိမ်း စာရွက်တင် ပြီးရင် မီတာလည်း အလွယ် တကူရ တာကြောင့် BCC ဆိုတာကြီးကို အပိုလို့ မြင်ကြ လို့ပါ ။
2015 နှစ်လယ် နောက်ပိုင်း မှာတော့ အဆောက်အဦး ဆောက်ရင် BCC ရမှ မီတာချ ပေးပါ တော့တယ် "
" ကျွန်တော် BCC မကျသေး တဲ့ တိုက်ခန်းကို ဝယ်ယူမိပြီး မှားပြီထင် ပေမယ့် ၊ အများကြီး စိုးရိမ်စရာ မလိုသည်ကို သိရတဲ့ အတွက် ကျေးဇူး ပါဗျ "
အဲဒီ လိုနဲ့ ကျွန်တော် အသိလည်း ပြန်ရောင်းမှာ ဖြစ်သည့် အတွက် ပူပန်စိတ် မထား တော့ဘဲ ပြန်သွား ပါတယ် ခင်ဗျာ ။
အဲဒါ ကြောင့် လူကြီးမင်း တို့အနေ နဲ့လည်း တိုက်ခန်း ဝယ်ယူသည့် အခါ လူနေ ထိုင်ရန် မှင် အပြာတုံးနဲ့ ထုထားတာက ဘုတ်စိမ်း စာရွက် ဖြစ်ပြီး BCC မှာက လူနေထိုင် ရန်ဆိုပြီး ဘာစာကြောင်းမှ မပါသည်ကို မှတ်သားစေ လိုပါတယ် ခင်ဗျား ။
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...