လမ်းဦး တိုက် ၊ လှေဦး တိုက်

ဒီနေ့ ကျွန်မ ငယ်ငယ်က နေခဲ့ တဲ့ ဇာတိ လေး ဖြစ်တဲ့ တောင်ပေါ်မြို့လေး တစ်မြို့ ကလော မြို့ ကို ပြောင်း ရွေ့ နေထိုင် ဖို့ အကြောင်း ဖန်လာ ခဲ့ ပါတယ် ။
ကျွန်မ ၁၄ နှစ် သမီး ဘ၀ ကတည်းက ရန်ကုန် မြို့ကို မိသားစု လိုက် အပြီး ပိုင်ပြောင်း လာခဲ့ ချိန်ကစပြီး ကလောကို မရောက် ခဲ့သည်မှာ အတော် ပင်ကြာခဲ့ ပါပြီ ။
အခု ကျွန်မ ကလောကို ပြန်ပြီး အပြီးပိုင် နေရတော့ မည်ဆို တော့လည်း ကျွန်မ အရမ်းကို စိတ် လှုပ်ရှား နေခဲ့ ပါတယ် ။
ကျွန်မ ကလောကို ပြောင်းလာ ဖို့ နေထိုင် ဖို့ရန် အတွက် အိမ်ရှာ ရပါ တော့မယ် ။ အရင် တုန်းက နေခဲ့သည့် အိမ်မှာ လည်း တခြားသူများ နေထိုင် နေပြီမို့ အဲဒီ အိမ် ကို ပြန်သွား နေချင် သော်လည်း အဆင် မပြေ လှတော့ပါ ။
ကျွန်မ အိမ်ရှာ ဖို့အတွက် ကလောက အိမ် ခြံ မြေ အကျိုးဆောင် တစ်ယောက် နှင့် အချိတ် အဆက်မိ ပါတယ် ။
အကျိုးဆောင် က အိမ် ခြံ မြေ အရောင်းလေး တွေကို စိတ်ရှည် လက်ရှည် ပြပေး ပါတယ် ။
ဒါနဲ့ ကျွန်မက အရမ်းကို သဘောကျတဲ့ အိမ်လေး တွေ့လိုက် ပါတယ် ။
ခက်တာက အိမ်က လမ်းဦး တိုက် ဖြစ် နေတာ ပါပဲ ။
အကျိုးဆောင် ကတော့ လှေဦး တိုက်ဆို တာက စီးပွားရေး အမြင် ဆိုရင် စျေးကွက် ကို မြင်ရ လွယ်ကူ တာကြောင့် စီးပွားဖြစ်ထွန်းမဲ့ အကွက် ဆိုပြီး တော့လည်း ပြောပါ တယ် ။
ကျွန်မ က ကုန်စုံ ဆိုင်လေး ဖွင့်ပြီး အေးဆေး နေချင်တဲ့ သူပါ ။
ထိမယ် ခိုက်တတ် တယ်ဆို ပြီး ပြောတဲ့ သူတွေ စကားကြောင့် ကျွန်မက ကျွန်မ လေးစား အားကျ ရတဲ့
ဆရာကြီး ဆီ ဖုန်းဆက် ပြီး မေးလိုက် ပါတယ် ။
“ တီ..…”
“ဟလို ဆရာကြီး ရှင့် ”
“ အေး ပြော ”
“ ကျွန်မ အခု ကလော မှာ အိမ်လေး ဝယ်တာလေ ကျွန်မ ဝယ်မယ့် အိမ်က လမ်းဦး တိုက်ဖြစ် နေလို့ လမ်းဦး တိုက် ဝယ်ရင် ဘာဖြစ်တတ် တာလဲ ဆရာကြီး ”
“ လမ်းဦး တိုက် ၊ လှေဦး တိုက် ဆိုတာက အင်း သားတွေ ၊ အင်း လူမျိုးတွေ ကနေပြီး စတင် သုံးစွဲလာ ကြတာ ။ တကယ် တော့ အင်း ထဲရှိ လှေ တစ်စီးက မျက်နှာ ချင်းဆိုင်ကို လှော်ခတ် လာပြီး ဘေးဘက် ကို ကွေ့လိုက် တဲ့အခါ သွားချင် ရာသို့ အလွယ် တကူ မရောက် ရှိဘဲနဲ့ အရှိန် လွန်ပြီး မျက်နှာချင်း ဆိုင်ရှိ အိမ်ကို တိုက်မိ သွားတာမျိုး ၊ ချိတ်မိ သွားတာ မျိုး ဖြစ်သွား တာကြောင့် လှေဦး တိုက်မှာ မနေကောင်း ဘူးဆိုပြီး ဖြစ်လာ ခြင်းပင် ဖြစ်ပါတယ် ။
နေရာ ဒေသကို လိုက်ပြီးတော့ လှေဦးတိုက် ၊ လှည်း ဦးတိုက် ဆိုပြီး ခေါ်ဆို ကြတာ ဖြစ်ပါတယ် ။
ယုတ္တိ ရှိရှိ စဉ်းစား ကြည့်ရင် တော့ စျေးဆိုင် ဖွင့်ချင် တာမျိုး ဆိုရင် လမ်းဦး တိုက်က လမ်းသုံး လမ်းဂွ ဆုံနေရာမို့
စျေးကွက် မြင်ကွင်း အတွက် အကောင်းဆုံး နေရာပဲ ဖြစ်တယ် ။
လမ်းဦး တိုက်မှာ နေပြီး စီးပွား ဖြစ်ထွန်း နေကြတဲ့ သူတွေလည်း တစ်ပုံကြီး တွေ့ဖူး ပါတယ် ။
တစ်ချို့ တွေ ကတော့ လမ်းဦးတိုက် အိမ်က ခိုက်တယ် ၊ အဲဒီ အိမ်မှာ နေရင် စီးပွား တိုးတက် မှု့မရှိဘူး ၊ အိမ်ထောင်ရေး ၊ မိသားစု အဆင် မပြေ မှု့တွေ ဖြစ် တတ်တယ် ဆိုပြီး ပြောကြ တာတော့ ရှိပေမယ့် မြန့်မာ့ ရိုးရာ ထုံးတမ်း အစဉ်အလာ နည်းတွေ မှာတော့ လမ်းဦးတိုက် လိုမျိုး တွေမှာ စီးပွားရေး လုပ်ရင် ကောင်းတယ် ၊ အောင် မြင်မယ် လို့လည်း ပြောထား ပါတယ် ။
အဲဒီတော့ " စျေးသုံး ကိုလည်း မကြွယ်နဲ့ ရှေးထုံး ကိုလည်း မပယ်နဲ့ "တဲ့
လမ်း ဦးတိုက် လိုမျိုးမှာ ရှိတဲ့ အိမ် ခြံ မြေ တွေကို ဝယ်ချင် တယ်ဆို ရင်ကိုယ့် ဘာသာ ကိုယ် ယုတ္တိရှိရှိ စဉ်းစားပြီး ဝယ်ယူ လို့ရ ပါတယ်။
“ဟုတ်ကဲ့ ကျေးဇူးပါ ဆရာကြီး ရှင့် ”
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...