“ကယ်ပါဦး ကျွန်မတို့နေထိုင်တဲ့ နေရာက ပါမစ်မြေ စာရွက်ပျောက်ရှုံးသွားလို့“

“ကယ်ပါဦး ကျွန်မတို့နေထိုင်တဲ့ နေရာက
ပါမစ်မြေ စာရွက်ပျောက်ရှုံးသွားလို့“
“ဘယ်လိုဖြစ်ရတာလဲ အလန့်တကြား
မင်းယောကျာ်း ပေါင်လိုက်လို့လား”
“မဟုတ်ရပါဘူး ဆရာကြီးရှင့် ကျွန်မလည်း
ဘယ်နေရာမှာ ထားမိမှန်းမသိဘူး ၊ ကျွန်မရဲ့
ပေါ့ရော့မှု့ကြောင့်ပါ ၊ အဲတာလေ အသစ်ပြန်
လျှောက်လို့ရမလား မသိဘူး ၊ တစ်ချို့
ကတော့ ရတယ် ပြောနေ ကြတယ်”
“ပါမစ်မြေ ဆိုတာက ကော်မတီက သတ်မှတ်တဲ့
စည်းကမ်းချက်များနှင့်အညီ လူနေအိမ် ဒါမှ
မဟုတ် အဆောက်အအုံ ဆောက်လုပ်နေထိုင်
ခွင့်ပြုထားတဲ့ မြေကို ဆိုလိုပါတယ် ။ တရားဝင်
မြေသုံးစွဲပိုင်ဆိုင်ခွင့် မဟုတ်ပါဘူး ။ အစိုးရမြေ
အဖြစ်သာ သတ်မှတ် တည်ရှိ ပါတယ် ။
ထိုပါမစ်ကို ဂရန်ဆက် လျှောက်မှသာ
တရားဝင် မြေအမည်ပေါက် သုံးစွဲခွင့်ရမှာ
ဖြစ်ပါတယ်။ ပါမစ်ဆိုတာက မြေပိုင်ဆိုင်ခွင့်
မဟုတ်သည့် အတွက် အမွေဆက်ခံခွင့် မရှိသလို
စာချုပ်စာတမ်း မှတ်ပုံတင်ခွင့် လည်းမရှိပါဘူး။“
“အေး ဒါကြောင့် ပါမစ်စာရွက် မီးလောင်တာဖြစ်ဖြစ် ၊
ပျောက်တာဖြစ်ဖြစ် ၊ ဘာပဲဖြစ်ဖြစ် ပါမစ်ပြန်လည်
လျှောက်ထားဖို့က မဖြစ်နိုင်ဘူး။ နေထိုင်ရာ မြေကွက်ကို
ပိုင်ဆိုင်နိုင်ရန်အတွက် မြေစီမံခန့်ခွဲရေးဌာနသို့ ဂရန်
လျှောက်ထား ဆောင်ရွက်ခြင်းသာ ပြုလုပ်နိုင်တယ်”
“ကျေးဇူးပါ ဆရာကြီးရှင့် ကျမက ဘာပါမစ်မြေ
စာရွက်မှ မပျောက်ပါဘူး ဒီတိုင်း ဆရာကြီးဆီ
အလည်လာရင်း ဘာမေးရမယ်မှန်းမသိလို့ မေးလိုက်
တာပါ”
“တိန်.…”???
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...