မိဘ တွေ ပိုင်ဆိုင် တဲ့ အိမ်ခြံ မြေ တစ်ခုခုကို ရောင်းရင် ကျန်တဲ့ သားသမီး တွေက သဘောတူ ကြောင်း လက်မှတ် ထိုးဖို.လို သလား

မိဘ တွေ ပိုင်ဆိုင် တဲ့ အိမ် ခြံ မြေ တစ်ခုခုကို ရောင်းရင် ကျန်တဲ့ သားသမီး တွေက သဘောတူ ကြောင်း လက်မှတ် ထိုး ဖို.လိုသလား အရွယ် ရောက် ပြီး သားသမီး ရှိတဲ့ မိဘတွေ ပိုင်ဆိုင်တဲ့ အိမ် ခြံ မြေ တစ်ခုခုကို ရောင်းရင် ကျန်တဲ့ သားသမီး တွေက သဘောတူ ကြောင်း အသိသက်သေအဖြစ် လက်မှတ် ထိုးနေ ကြတာ ထုံးစံလို ဖြစ်နေ ပါတယ် ။
ဝယ်သူ တွေကလည်း ဒီလို မျိုးဖြစ် မှ ဝယ်ရဲ သလို ဖြစ်နေတယ် ။ သား သမီးတွေ လက်မှတ် မထိုးရင် တရားမဝင် ဖြစ်မှာ မို့လို့လား ။ ရှင်းပြ စေချင် ပါတယ် ။ မိမိ သဘော ဆန္ဒအရ ရောင်းပိုင် ခွင့်ရှိ တယ် ၊ ကန့်ကွက် လို့မရဘူး ။ ၁၉၈၅ ခုနှစ်က ဆုံးဖြတ် ထားတဲ့ စီရင်ထုံး ဒေါ်နီနဲ့ ဦးတင် လှပါ ၅ ဦး ၊ ၁၉၈၅ ၊ မတစ ၆၈ မှာ ဆုံးဖြတ် ပါတယ် ။ စီရင်ထုံး မှာ “ မိခင် တစ်ဦး သည် သူပိုင် ပစ္စည်း တစ်ရပ်ရပ်ကို အတူနေ သားသမီး တစ်ဦးဦး သို့ ရောင်း ချခွင့် ရှိပေသည် ။ ရောင်းချ သည့်အခါ ကျန်အခြား သား သမီးများ ကို အသိပေး ရမည် ဟူ၍ ဥပဒေ မရှိချေ ။
မိဘ များ က သူတို့ပိုင် ပစ္စည်းကို ရောင်း ဝယ် စာချုပ် ပြုလုပ် ရောင်းချ ခြင်းသည် ကတ္တိ မမွေးစား ခြင်း ကိစ္စမျိုး ကဲ့သို့ ကျော်ဇောမှု ရှိရန် မလိုပေ ၊ တိတ် တဆိတ် ရောင်းဝယ်ပြု ထားရုံ မျှဖြင့် မလျော် သြဇာသုံး ရောင်းခြင်း ဝယ်ခြင်း ဖြစ်သည်ဟု တစ်ထစ် ချမဆို နိုင်ပေ ” ဆိုပြီး တော့ တိတိ ကျကျ လမ်းညွှန် ထားပါ တယ်။
နောက် တစ်ချက်က အရောင်း အဝယ် လုပ်သူက ဥပမာ သားသမီး ဆိုရင် သူက အရွယ် ရောက် ရမယ် ၊ ပုဒ်မ ၁၁ အရ ပဋိညာဉ် ပြုရမယ် ၊ စိတ်မှန် ရမယ် ၊ မရူး ရဘူး ။ ဒီ အချက် တွေနဲ့ ညီမှ ဝယ်ပိုင် ခွင့်ရှိ ပါ တယ် ။ ဒါကြောင့် တည့်ဖြေ ရရင်တော့ ရောင်း ၊ ဝယ် လုပ်လို့ ရပါတယ် ။
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...