အိမ်ခြံမြေ မဝယ်ခင်စဉ်းစားလိုက်နာ ရမည့် အချက်(၅)ချက်။

28-Sep-23 Knowledge
အိမ်ခြံမြေ မဝယ်ခင်စဉ်းစားလိုက်နာ ရမည့် အချက်(၅)ချက်။

အိမ်ခြံမြေ မဝယ်ခင်စဉ်းစားလိုက်နာ ရမည့် အချက်(၅)ချက်။
မိမိအနေနဲ့ အိမ်ခြံမြေဝယ်ယူရန်
အဆင်သင့်ဖြစ်နေပြီး လုံလောက်တဲ့
ငွေကြေးပမာဏလည်းရှိနေပြီဆိုရင် 
သင့်တော်မယ့် အိမ်ခြံမြေအမျိုးအစားကို
ဝယ်ယူနိုင်ပါတယ်။
မဝယ်ခင်သတိပြုရမယ့်အချက်တွေ 
စဉ်းစားရမယ့်အချက်တွေလည်းများစွာ
ရှိတဲ့အတွက်ကြောင့် ပေါ့လို့မရတဲ့အရာပါ။
၁။မိမိရဲ့ ဘဏ္ဍာရေးကို စနစ်တကျစီစဉ်ပါ။
     အိမ်ခြံမြေဝယ်ယူတယ်ဆိုတာ မိမိလုပ်ဖူး
သမျှထဲမှာ အကြီးမားဆုံးဘဏ္ဍာရေးဆိုင်ရာ
ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်ဝယ်ယူမယ့် မြေရဲ့အမည်ပြောင်း
ခြင်းဆိုင်ရာတွေရော သွားရေးလာရေးကိုပါ 
ကြိုတင်ပြီးတော့ တွက်ချက်စဉ်းစား
ထားသင့်ပါတယ်။
၂။ မိမိဝယ်ယူမယ့် အိမ်ခြံမြေရဲ့ပတ်ဝန်းကျင်
အနေအထားကို လေ့လာသုံးသပ်ပါ။
ဒါကလည်းအရေးကြီးတဲ့ point တစ် point
ပါ။ပတ်ဝန်းကျင်က အလွန်ခေါင်ပါးပြီး စျေးက
အဆမတန်ဖြစ်နေတာဆိုရင် ဝယ်ယူဖို့မဆုံးဖြတ်
လိုက်ပါနဲ့။
လူမှု့အဆင့်အတန်း တိုးတက်နိုင်တဲ့အခြေအနေ
ရှိတယ်ဆိုမှသာလျှင် မလွဲမသွေ ဝယ်ယူဖို့စဉ်းစားပါ။
ဒီလိုဆိုရင် ပြန်ရောင်းတဲ့အခါမှာလည်းလွယ်ကူ
ပါတယ်။
၃။ မိမိဝယ်ယူဖို့ဆုံးဖြတ်လိုက်တဲ့ အိမ်မှာ
ဒီအချက်တွေကိုလည်းစစ်ဆေးပါ။
(က) ကြီးမားတဲ့ အုတ်အက်ကွဲမှု့တွေရှိနေလား။
(ခ)နံရံတွေဖောင်းကားပြီး ကွာထွက်နေလား။
(ဂ)ပြတင်းပေါက်တွေတံခါးပေါက်တွေ
ပျက်စီးနေပြီးဖွင့်ရပိတ်ရခက်နေလား။
(ဃ)အိမ်ခေါင်မိုး ယိုစိမ့်မှု့တွေရှိနေလား။
(င)ရေတက်လာနိုင်တဲ့နေရာမှာဖြစ်နေလား။
(စ) ရောင်းသူကပြောတဲ့ ဘယ်ပစ္စည်းက ပါမယ်ကျန်ရှိမယ်
(ဥပမာ-ဆိုဖာ၊မီတာဘောက်) ဆိုတာတွေလည်း အမှန်တကယ်
ပါရှိလား။
အစရှိသဖြင့်အသေးစိတ်စစ်ဆေးပါ။တကယ်လို့
မစစ်ဆေးဘဲ လျစ်လျှူရှု့ပြီး ဝယ်ယူလိုက်မယ်
ဆိုရင် ပြန်ရောင်းတဲ့အခါ အလွန်ခက်ခဲသွားပါ
လိမ့်မယ်။
၄။ ပိုင်ဆိုင်မှု့စာရွက်စာတမ်းများနှင့်ပတ်သက်
ပြီး သေချာလေးမေးပါ။မေးပြီးတာနဲ့
သက်ဆိုင်ရာမှာလည်းစစ်ဆေးပါ။
ဝယ်ယူမယ့်အိမ်ခြံမြေက အရှုပ်အရှင်း၊အမွေ 
တစ်စုံတစ်ရာ ရှိမရှိဆိုတာကိုလည်း 
လေ့လာထားသင့်ပါတယ်။
    အိမ်ခြံမြေကို သွားရောက်ကြည့်ရှု့တဲ့အခါ
တခြားမေးခွန်းတွေထက် ပိုင်ဆိုင်မှု့ပြစာရွက်စာ
တမ်းကို ကြည့်ရှု့ဖို့ မေးဖို့ ဝန်မလေးပါနဲ့။
အမှန်တကယ်ဝယ်ယူတော့မယ်ဆိုရင်တော့
သက်ဆိုင်ရာဌာနမှာ သွားရောက်စစ်ဆေးပြီးမှ
ဝယ်ယူ ချုပ်ဆိုလိုက်ပါ။
၅။ စာချုပ်ကိုလည်း ခိုင်မာစွာချုပ်ဆိုပါ။
         ခိုင်မာမှု့မရှိတဲ့စာချုပ်ကြောင့်
ဆုံးရှုံးခဲ့ရတဲ့ အိမ်ခြံမြေတွေကလည်း
များစွာ ရှိပါတယ်။
    မပါမဖြစ်ပါသင့်တဲ့စာချုပ်မှာ 
ထည့်ရေးရမည့်အချက်တွေ မမေ့အောင်
တကယ်လို့ မိမိထည့်ရေးချင်တဲ့အချက်တွေ
ပါမလာခဲ့လျှင်လည်း ပြင်ပေးဖို့တောင်းဆိုရပါမယ်။
1. စာချုပ် စာတမ်း ရေးပုံရေးနည်း
https://www.yuzanarland.com/g/ZhjgZ
.
2. ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
https://www.yuzanarland.com/g/eEzu5
.
3. မြေငှားဂရန်မိတ္တူနဲ့ အရောင်းအဝယ်လုပ်ရင် သတိထားပါ
https://www.yuzanarland.com/g/am8Aq
.
4. အမွေဆိုင်အိမ်ခြံမြေကို တစ်ဦးတစ်ယောက်တည်းသဘောဆန္ဒအရရောင်းချလိုက်လျှင်
https://www.yuzanarland.com/g/ckY5y
.
5. "သက်သေ၏ မျက်ကွယ်တွင် ချုပ်ဆိုသော စာချုပ်များ ပျက်ပြယ်ခြင်း"
https://www.yuzanarland.com/g/zMQcG
.
6. ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
https://www.yuzanarland.com/g/El8Vg

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate