၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းပြီးနောက် ပိုင်း မှာတော့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာ လယ်ယာမြေများကို အကွက် ရိုက်ပြီး ပြန်လည် ရောင်းချကြလို့ ဝယ်ယူနေထိုင်ကြတာကို ခရီးလမ်းတစ်​လျှောက်မှာ တွေ့မြင်ရပါတယ်။

၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းပြီးနောက် ပိုင်း မှာတော့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာ လယ်ယာမြေများကို အကွက် ရိုက်ပြီး ပြန်လည် ရောင်းချကြလို့ ဝယ်ယူနေထိုင်ကြတာကို ခရီးလမ်းတစ်​လျှောက်မှာ တွေ့မြင်ရပါတယ်။

           ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းပြီး နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာ လယ်ယာမြေများကို အကွက် ရိုက်ပြီး ပြန်လည် ရောင်းချကြလို့ ဝယ်ယူနေထိုင်ကြတာကို ခရီးလမ်းတစ်​လျှောက်မှာ တွေ့မြင်ရပါတယ်။
တကယ်တော့ လယ်ယာမြေကနေ လူနေထိုင်ခွင့်ရတဲ့ မြေဖြစ်ဖို့ ဆိုတာ အဆင့်ဆင့် ဆောင်ရွက်ရတာ ဖြစ်လို့ အပြော လွယ်သလောက် အလုပ် ခက်ပါတယ် ။ အငိုလွယ်လို့ အရှိုက် ခက်ပါတယ် ။ ယနေ့အချိန်အခါမှာ တောရော မြို့ ပါမကျန် လယ်ယာမြေတွေကို အကွက် ရိုက်ပြီး ရောင်းစား နေကြတာကို စာဖတ်သူများလည်း တွေ့မြင်ရမှာပါ။


    မသိမဖြစ် ပုံစံ ( ၇ ) နဲ့ မြေစာရင်း ပုံစံ ( ၁၀၅ )
 ဒီတော့ လယ်ယာမြေကနေ လူနေထိုင်ခွင့် ရဖို့အတွက် အဆင့်ဆင့် ကျော်ဖြတ်ရပုံ လေးတွေကို သိထားရင် ကောင်းတာပေါ့ ။ အိမ် ခြံ မြေ အရောင်းအဝယ်နဲ့ မကင်းနိုင်တဲ့ သူတို့အတွက်လည်း လေ့လာထား သင့်ပါတယ် ။ 
လယ်ယာမြေ အကြောင်း ပြောပြီဆိုတာနဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ ( ၇ ) ရယ် ၊ သက်သေခံ မြေပုံလို့ ခေါ်တဲ့ မြေစာရင်းပုံစံ ( ၁၀၅ ) ရယ် လယ်ယာမြေ မဆိုစိုက်ပျိုးမှုအပ အခြားနည်း အသုံးပြုရန် လျှောက်ထားချက် ပုံစံ - ၃၀ ( က ) နဲ့ ပုံစံ ( ၁၅ ) ခွင့်ပြုမိန့် ရရှိနိုင်ပုံ တို့ကို ပြောပြလိုပါတယ်။ 


  ပုံစံ ( ၇ ) နဲ့ တွဲလျက်သာ သက်သေခံ မြေပုံ လည်းပါ ၊ မြေ ( ၅ ) မျိုး ရှိနေတာ
  ပုံစံ ( ၇ ) ဆိုတာ " လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် " ကို ဆိုလိုတာပါ ။ အဲ့ဒီ ပုံစံ ( ၇ ) နဲ့ တွဲလျက် မြေစာရင်း ပုံစံ ( ၁၀၅ ) လို့ ခေါ်  တဲ့ မြေပုံ ၊ မြေရာဇဝင် လည်း ပါရမယ် ။ အဲ့ဒီစာရွက်က " အဖြူရောင် " ပါ ။ အခြားကိစ္စ အတွက် ထုတ်ယူ သုံးစွဲလို့ မရပါဘူး။ 

 

      ပုံစံ ( ၇ ) ထုတ်ပေးတဲ့ မြေကွက်တွေကတော့.....
( က ) လက်ရှိ အသုံးပြုခွင့် ရရှိထားတဲ့ လယ်ယာမြေ
( ခ )  လွှဲပြောင်းလက်ခံတဲ့ သူတွေ ၊ အမွေဆက်ခံတဲ့ သူတွေ အတွက် ထုတ်ပေးထားတဲ့ လယ်ယာမြေ 
( ဂ ) မြေလွတ် မြေလပ် မြေရိုင်းကနေ ပြောင်းလဲ သတ်မှတ်ပေးလိုက်တဲ့ လယ်ယာမြေ 
( ဃ ) ပြန်လည် သိမ်းယူထားတဲ့ လယ်ယာမြေ နှင့် 
( င ) အသစ် ဖော်ထုတ်လိုက်တဲ့ လယ်ယာမြေ ဆိုပြီး ( ၅ ) မျိုး ရှိပါတယ်။
       အဲ့ဒီ လယ်ယာမြေတွေကို တောင်သူ လယ်သမားတွေနဲ့ လူပုဂ္ဂိုလ် / အဖွဲ့အစည်း တို့ကို လယ်ယာမြေ ဥပဒေ ၊ နည်းဥပဒေတွေနဲ့အညီ ထုတ်ပေးပါတယ်။


      လယ်ယာမြေ ဥပဒေပုဒ်မ ၉ ( ခ ) အရ ခံစားခွင့်
          လယ်ယာမြေ အားလုံးကို ဖြစ်စေ ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားတဲ့ စည်းကမ်းချက် များနှင့်အညီ ရောင်းချခွင့် ၊ ပေါင်နှံခွင့် ၊ ငှားရမ်းခွင့် ၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ် ။ ထိုသို့ ပြဌာန်းထားခဲ့ပေမဲ့ အထက်အဆင့်ဆင့်က အမိန့်ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန်ပေးခြင်း မရှိသေးတဲ့အတွက် အစပိုင်းမှာ ဆောင်ရွက်ခွင့် ၊ အကျိုးခံစားခွင့်  မရှိခဲ့ဘူး ။ 

            ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့၏ ( ၁၆ . ၅ . ၂၀၁၉ ) ရက်စွဲပါ ညွှန်ကြားချက် အမှတ် ( ၂ / ၂၀၁၉ ) ၊ ( ၃ /၂၀၁၉ ) နှင့်

 ( ၄ / ၂၀၁၉ )တို့ ဖြင့် လယ်ယာမြေကို ရောင်းချခြင်း ၊ ပေါင်နှံခြင်း ၊ ငှားရမ်းခြင်း ၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်း ကိစ္စရပ်များအတွက် လယ်ယာမြေ တန်ဖိုးသတ်မှတ်ခြင်း ၊ တံဆိပ်ခေါင်းခွန် ပေးဆောင်စေခြင်း ၊ တရားဝင် မှတ်ပုံတင် စာချုပ်ချုပ်ဆိုခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူအမည် ပြောင်းလဲခြင်း လုပ်ငန်းစဉ်များ အတွက် ဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပါတယ် ။ ထို့ကြောင့် ယခုအခါ လယ်ယာမြေနဲ့ ပတ်သက်ပြီး တရားဝင် ပိုင်ဆိုင်မှုစာရွက်စာတမ်း ခိုင်ခိုင်မာမာဖြင့် အရောင်းအဝယ် ပြုလုပ်လို့ရပြီ ဖြစ်ပါတယ်။


ပုံစံ ( ၁၀၅ ) ဆိုတာ အဖြူရောင် စာရွက်ပေါ်က မြေပုံပါ
      ပုံစံ ( ၁၀၅ ) ဆိုတာ " သက်သေခံ မြေပုံ " ကို ပြောတာပါ ။ ပိုင်ဆိုင်မှုအတွက် အထောက်အထား မဟုတ်ဘူး ။ 
မြေစာရင်း ပုံစံ ( ၁၀၅ ) လို့ လည်း ခေါကြတယ် ။ ( အဖြူရောင် ကွာတိုဆိုဒ် စာရွက်ပေါ်မှာ မြေပုံ ရေးဆွဲ ပြထားတာပါ။ ) ပုံစံ( ၇ )နဲ့ ပူးတွဲထားတာ ဖြစ်တယ် နောက်တစ်ကြိမ် ထုတ်သုံးလို့ မရတဲ့ ( Death Certificate ) ဖြစ်ပါတယ်။
အပြာရောင် ပုံစံ ( ၁၀၅ ) မြေပုံကတော့ အထောက်အထား တစ်ခုအတွက်ပါ


            နောက်ထပ် မြေစာရင်းပုံစံ ( ၁၀၅ ) လို့ ဆိုတဲ့ သက်သေခံ မြေပုံစံမျိုးလည်း ရှိသေးတယ် ။ ( အပြာရောင် စာရွက် ကာရှည်ဆိုဒ် ) ပုံစံ ပေါ့။
" ဝမ်းနော့ဖိုက် " လို့ အင်္ဂလိပ်လိုလည်း ခေါ်ကြတယ် ။ ကိစ္စတစ်ခု ( ဥပမာ.. ဘဏ်ငွေ ချေးရန် ) အတွက် လျှောက်ထားတဲ့အခါမှာ ပူးတွဲတင်ပြရတဲ့ စာရွက် တစ်မျိုး ဖြစ်ပါတယ် ။ အချို့ကလည်း ဒါကိုပဲ ပိုင်ဆိုင်မှု အထောက်အထား ထင်ပြီး သိမ်းဆည်း ခံထားတတ်ကြတယ်။
 ပုံစံ ၃၀ ( က ) ဆိုတာကျ ပြန်တော့ လယ်မြေကို စိုက်ပျိုးမှုမှအပ ၊ အခြားနည်း အသုံးပြုရန် လျှောက်ထားချက်ပါ ။ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ရဲ့  စီစစ်ထောက်ခံချက် နဲ့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က ခွင့်ပြုမိန့် ထုတ်ပေးနိုင်ရန် အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရတဲ့ လုပ်ငန်း စာတွဲ ဖြစ်ပါတယ် ။ ခွင့်ပြုမိန့် မဟုတ်ပါ။


ခွင့်ပြုမိန့် ဆိုတာ ပုံစံ ( ၁၅ ) ကို ပြောတာပါ
   ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့မှ လယ်မြေကို အခြားနည်း အသုံးပြုဖို့  ခွင့်ပြုတဲ့ အသုံးပြုခွင့် လက်မှတ်က ပုံစံ ( ၁၅ ) ဖြစ်ပါတယ်။
အနှစ်ချုပ်ပြောရရင် လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်လွှာ မှာ ပုံစံ ( ၁၄ ) နဲ့ မြေစာရင်းပုံစံ ( ၁၀၅ ) အပါအဝင် အခြား အထောက်အကူပြု စာရွက်စာတမ်းတွေ ပြည့်စုံတဲ့ လုပ်ငန်းစာတွဲ ပုံစံ - ၃၀ ( က )နဲ့ လျှောက်ထားရမယ် ။ အဲ့ဒီ လျှောက်ထားချက်အတိုင်း အရေးယူ ဆောင်ရွက်ပေးမှသာ ပုံစံ ( ၁၅ ) ခွင့်ပြုမိန့် ရရှိမှာ ဖြစ်ပါတယ်။


         ဒါကြောင့် ပုံစံ ( ၁၄ ) လျှောက်ထားပြီးကြောင်း လျှောက်လွှာ ပြသပြီး ပုံစံ - ၃၀ ( က ) လုပ်ငန်းစာတွဲ ( အမှုတွဲ ) ဓါတ်ပုံ မိတ္တူ ပြသ ပေးလိုက်တာနဲ့ လယ်ယာမြေ ကို အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့် ရပြီလို့ မထင်လိုက်ကြပါနဲ့ ပုံစံ ( ၁၅ ) ပြမှသာ ခွင့်ပြုမိန့်ရတာ ဖြစ်ပါတယ် ဆိုတာ သတိပေးလိုက် ပါရစေ ။


       ပုံစံ ( ၁၅ ) ခွင့်ပြုမိန့် ဆိုတာ လယ်မြေကို အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့် ကို ပြောတာ။ လယ်မြေ မဟုတ်တဲ့ အခြား လယ်ယာမြေ ဆိုတာလည်း ရှိသေးတယ် ။ ဥပမာ...ယာမြေ / ဥယျာဉ်ခြံမြေ စနိမြေ ၊ ကိုင်း ၊ ကျွန်းမြေတို့ကို အခြားနည်း အသုံးပြုခွင့် ရအောင် လျှောက်ထား ဆောင်ရွက်လို့ ရပါတယ်။


       အဲ့ဒီလို လယ်မြေ မဟုတ်တဲ့ အခြား လယ်ယာမြေတွေကို အခြားနည်းဖြင့် အသုံးပြုရန် ထုတ်ပေးတဲ့ လက်မှတ်ကိုတော့ ပုံစံ - ၁၅

 ( ခ ) လို့ ခေါ်ပါတယ် ။ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် အစိုးရ အဖွဲ့က ထုတ်ပေးပါတယ် ။
အခုလို အိမ် ခြံ မြေ အရောင်းအဝယ် လုပ်ကိုင်နေကြတဲ့ ဝယ်ရောင်း အကျိုးဆောင် ပွဲစားများ အနေနဲ့ လယ်ယာမြေတွေကို လူနေထိုင်ခွင့် ရဖို့ လျှောက်ထားရယူတဲ့နည်း ပုံစံ ၁၅ ( က )  " လယ်ယာမြေများအား အခြားနည်း အသုံးပြု  ခွင့်ပြုမိန့်" နဲ့ တိုင်းဒေသကြီး ပြည်နယ် အစိုးရ အဖွဲ့မှ ထုတ်ပေးတဲ့ ပုံစံ - ၁၅ ( ခ ) တို့ အကြောင်း နားလည်သွားပြီဆိုတော့ လယ်ယာမြေတွေ ဝယ်ရင်း ခွဲခြမ်း စိတ်ဖြာဆုံးဖြတ်ချက် ချနိုင်ပါပြီ ။ 


မှီငြမ်း ။  ။ ၂၀၁၇ မြေယာ နှင့် သက်ဆိုင်သော ဥပဒေ ဆောင်းပါးများ စုစည်းမှုစာအုပ်
#Crd to owner
 Credit ( ဥပဒေ ရေးရာ )

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate