ဝယ်ထား တဲ့ ပါမစ် မြေကွက်က ပါမစ် အမည်ပေါက် ထံက တစ်ဆင့် ဝယ်ထားတဲ့ ပါမစ် မြေကွက် မူရင်း စာရွက် ပျောက်သွားတာ ။ အသစ် ပြန်လျှောက် လို့ရ ပါသလား သိပါ ရစေ ။

ဝယ်ထား တဲ့ ပါမစ် မြေကွက်က ပါမစ် အမည်ပေါက် ထံက တစ်ဆင့် ဝယ်ထားတဲ့ ပါမစ် မြေကွက် မူရင်း စာရွက် ပျောက်သွားတာ ။ အသစ် ပြန်လျှောက် လို့ရ ပါသလား သိပါ ရစေ ။

            ဝယ်ထားတဲ့ ပါမစ် မြေကွက်က ပါမစ် အမည်ပေါက် ထံက တစ်ဆင့် ဝယ်ထားတဲ့ ပါမစ် မြေကွက် မူရင်း စာရွက် ပျောက်သွားတာ ။ အသစ် ပြန်လျှောက် လို့ရ ပါသလား သိပါရစေ ။ ဓာတ်ပုံ မြေချ ပါမစ် မြေကွက် တွေကို ထုတ်ပေး ထားက ရန်ကုန် မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပေး ထားပါတယ် ။ အိုးအိမ် မြေချ ပါမစ်ကို မူလ အမည်ပေါက် ရှိ ၊ မရှိ သိလိုတာပဲ ဖြစ်စေ ၊ အတု နဲ့ အစစ် ခွဲခြား သိချင်လို့ပဲ ဖြစ်ဖြစ် ၊ မြေချပါမစ် ပျောက်သွား လို့ ဘယ်လို ဆောင်ရွက် ရမယ်ဆိုတာ သိလိုရင်ပဲ ဖြစ်စေရန် ကုန်တိုင်း အိုးအိမ် ရုံးမှာပဲ သွားပြီး စုံစမ်းကြတယ် ။ အဲဒီ ရုံးက သက်ဆိုင်ရာ မြို့နယ် တာဝန်ခံက ရှင်းပြပေး ပါတယ် ။


            အခုတော့ မြို့သစ် မြေကွက် ပါမစ်တွေကို အိုးအိမ်ကနေ မြို့တော် စည်ပင် မြေယာဌာန ကို လွှဲပြောင်း လိုက်ပြီလို့ သိရတယ် ။
ဒီတော့ အကောင်းဆုံး အကြံပြု ချင်တာ ကတော့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊  မြို.ပြ စီမံကိန်း နှင့် မြေစီမံ ခန့်ခွဲမှု ဌာနက လက်ခံ ဆောင်ရွက်ပေး နေတဲ့ လိုအပ်မယ့် အချက်အလက် တွေကို ပြောပြ လိုက်မယ် ။ 


            ပထမဆုံး မြေချ ပါမစ်အမည် ပေါက်ကို ပြန်ရှာရမယ် ။ တွေ့ခဲ့ရင် အမည်ပေါက် ကိုယ်တိုင် မြေချ ပါမစ် ပျောက်ဆုံးသွားကြောင်း မိမိ မြေကွက်ရှိတဲ့ ရပ်ကွက်ရုံးက ရပ်ကွက် အုပ်ချုပ်ရေး မှူးထံမှာ ထောက်ခံချက် သွားယူရမယ် ။ အဲဒီ မြေချပါမစ် ပျောက်ဆုံးကြောင်း ထောက်ခံ ချက်ကို တင်ပြပြီး သက် ဆိုင်ရာ မြို့နယ် ရဲစခန်းက ထပ်ဆင့် ထောက်ခံချက် ယူရမယ် ။ အဲဒီ ထောက်ခံချက် ( ၂ )  ခုရရင် အိမ် အပြောင်း အရွှေ့  ပြုလုပ်စဉ်  မြေချ ပါမစ်များ ပျောက်ဆုံး သွားကြောင်း ပါမစ် အမည်ပေါက် က တရားရုံးမှာ ကျမ်းကျိန်ရမယ် ။

 

              အဲဒီ ( ၃ ) မျိုး စုံရင်တော့ အမည်ပေါက် ရဲ့  နိုင်ငံသား ကတ်ပြား မူရင်း နဲ့ မိတ္တူ ( ၁ ) စုံစီ ယူဆောင်ပြီး ရန်ကုန် မြို့တော်ခန်းမ မှာ ရှိတဲ့ မြေယာဌာန မှာ လျှောက်လွှာဝယ် ပြီး ပါမစ်ပျောက် လို့ ဂရန်အသစ် မြေဌား စာချုပ် ထုတ်ပေးပါရန် လျှောက်ထား ရမယ် ။ မြေယာဌာနက ညွှန်ပြတဲ့ အတိုုင်း သတင်းစာမှာ ကန့်ကွက်ရန် ရှိ /မရှိ  ကြော်ငြာရမယ် ။ လျှောက်ထားတဲ့ မြေကွက် ကွင်းဆင်း စစ်ဆေး လိမ့်မယ်။


              အဲ…တစ်ခုတော့ ကြိုပြီး ပြောထား ရဦးမယ် ။ ဂရန်သစ် မလျှောက်မီ ကတည်းက ကိုယ်ရထားတဲ့ မြေကွက်ထဲမှာ အိမ်ဆောက် ပြီး လျှောက်ထားသူ ကိုယ်တိုင် နေရမယ် ။ မြေကွက်မှာ လာပြီး ကွင်းဆင်း စစ်ဆေးတဲ့ မြေတိုင်း တာဝန်ခံ နဲ့ မြေကွက်လျှောက်သူ ကိုယ်တိုုင် ကိုယ့်မြေကွက် ကိုယ့်အိမ်ရှေ့ မှာ နှစ်ယောက် တွဲပြီး ရိုက်ထားတဲ့ ဓာတ်ပုံကို မြေယာ ဌာနမှာ တင်ပြရမယ် ။
 

              အဲဒီလို အချက် အလက်တွေ စုံပြီးရင် မြေကွက်ရှိ တဲ့ အုုပ်ချုပ်ရေး မှူးရုုံး နဲ့  မြို့နယ် အုုပ်ချုပ် ရေးမှူးရုံး တိုု့မှာ ဂရန်သစ် လျှောက်ထားမှု နဲ့ ပတ်သက်လို့ ကန့်ကွက် နိုင်ကြောင်း ကြော်ငြာ ရသေးတယ် ။ သတင်းစာ နဲ့ အုုပ်ချုပ်ရေးမှူး ရုံးတွေမှာလည်း ကန့်ကွက် သူမရှိတော့ဘူး ဆိုရင်တော့ ဌာနက ဂရန် ထုတ်ပေး နိုင်ဖို့အတွက် အဆင့်ဆင့် ဆောက်ရွက် ပေးရတယ် ။ ဂရန်အသစ် ထုတ်ဖို့ အကြောင်း ကြားလာရင် ( ပေ ၄၀  x  ပေ ၆၀ ) မြေကွက် ဖိုးငွေ ပေးသွင်း ရတယ် ။ ငွေသွင်းခွင့် ရရင်တော့ ဂရန် မြေငှါး စာချုပ်ကို မကြာခင် သွားရောက် ထုတ်ယူ လို့ရပါပြီ ။


Photo credit ကူးယူဖော် ပြပါသည် ။
#Crd to owner
 

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate