ဒီနေ့ ပါမစ်ကို မြေဌားဂရန်အသစ် လျှောက်တာအောင်မြင်ပြီး မြေဌားဂရန် အသစ်ရလာသဖြင့်

ဒီနေ့ ပါမစ်ကို မြေဌားဂရန်အသစ် လျှောက်တာအောင်မြင်ပြီး မြေဌားဂရန် အသစ်ရလာသဖြင့်

ဒီနေ့ ပါမစ်ကို မြေဌားဂရန်အသစ်
လျှောက်တာ အောင်မြင်ပြီး မြေဌားဂရန်အသစ် ရလာသဖြင့် 
မြေဌားဂရန်အသစ် လျှောက်မည့်သူများ အဆင်ပြေစေရန် 
မြေချပါမစ်ကို ဂရန်လျှောက်နည်းကို  ဖော်ပြပေးလိုက်ပါတယ်။ 
ပါမစ်မြေဆိုတာ နိုင်ငံတော်အစိုးရက ချလန် ပေးထားပြီးတော့မှဒီနေ့ ပါမစ်ကိုမြေဌားဂရန်အသစ် လျှောက်တာအောင်မြင်ပြီး မြေဌားဂရန်အသစ်ရလာသဖြင့် ထုတ်ပေးတာ ဖြစ်ပါတယ်။
မြေချပါမစ်က သုံးစုံ ရှိပါတယ်။
တစ်စုံကို ပိုင်ရှင်အားပေးပြီး ကျန်နှစ်စုံကို သက်ဆိုင်ရာဌာနက သိမ်းထားပါတယ်။
ပိုင်ရှင်ထံရှိ တစ်စုံမှာ ပိုင်ရှင်၏ ဓာတ်ပုံ တစ်ပုံ ၊ ဝန်ခံကတိပြုတဲ့ စာရွက်သုံးရွက် ပါရှိပါတယ်။
ဒီအချက်အလက်လေးတွေ စုံလင်စွာ ပါရှိရင်တော့ ပါမစ်မြေ ကို အရောင်းအဝယ် ပြုလုပ်လို့ရပါတယ်။
ပါမစ်မြေအား ဂရန် လျှောက်တော့မယ် ဆိုရင်တော့ ပိုင်ရှင်ဆီမှာရှိတဲ့ ပါမစ်စာရွက်စာတမ်း အပြည့်အစုံကို ဌာနကို ပြန်အပ်ပြီးမှသာ 

ဂရန် လျှောက်ထားလို့ရမှာ ဖြစ်ပါတယ်။


အမည်ပေါက် ပိုင်ဆိုင်သူ ထံမှတစ်ဆင့် ဝယ်ယူသူဖြစ်ပါက-
အမည်ပေါက် ပိုင်ဆိုင်သူ ထံမှတစ်ဆင့် ဝယ်ယူထားသည့် အရောင်းအဝယ် ကတိစာချုပ် ၊ ဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်
သက်ဆိုင်ရာ မြေယာကော်မတီသို့ မြေယာဖော်ထုတ်စရိတ် နှင့် မြေယာစီမံခန့်ခွဲခွင့် စရိတ် ပေးသွင်းထားသည့် ငွေသွင်းချလန်မူရင်း နှင့်မိတ္တူ
အမည်ပေါက် ပိုင်ဆိုင်သူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့်မိတ္တူ ၊ အိမ်ထောင်စုစာရင်း မူရင်းနှင့်မိတ္တူ
ဝယ်ယူသည့်မြေ ( သို့မဟုတ် ) မြေ နှင့် အဆောက်အဦးအတွက် ရှေ့ ၊ နောက် ၊ ဘေး၂ဖက် စုစုပေါင်း ဓာတ်ပုံ ( ၄ ) ပုံ အစရှိသည့် အချက်အလက် များ ဂရန် လျှောက်ထားရာတွင် လိုအပ်ပါသည်။
-  ဂရန် လျှောက်ထားရန် အတွက် သက်ဆိုင်ရာစည်ပင် သာယာရေးကော်မတီက သတ်မှတ်ထားသော  
    လျှောက်လွှာပုံစံဖြင့် လျှောက်ထားရပါမည်။ ( ဌာနမှာ လျှောက်လွှာ ဝယ်ယူပါ )
-  လျှောက်လွှာနှင့်အတူ ပါမစ်လက်မှတ် မူရင်း မိတ္တူတို့ကို ပူးတွဲတင်ပြရပါမည်။
-  လျှောက်ထားသူ၏ နိုင်ငံသားစီစစ်ရေးကဒ်ပြား မိတ္တူ 
   ( လျှောက်လွှာကို စစ်ဆေးသည့်အခါတွင် မူရင်းကို 
      တင်ပြရပါမည်။ )


-  မူလ အမည်ပေါက်သူက လျှောက်ထားခြင်း မဟုတ်ပါ
   က ဥပဒေနှင့်အညီ အမွေဆက်ခံ ပိုင်ဆိုင်ခွင့် ရှိကြောင်း 
   ကျမ်းကျိန်လွှာ မူရင်း ၊ ထောက်ခံ ကျမ်းကျိန်လွှာ ( ၂ ) 
   စောင် ၊ မူလ အမည်ပေါက် သေဆုံးသွားပါက သေ
    စာရင်း တို့ကိုပါ တင်ပြရပါမည်။


-  ပိုင်ဆိုင်မှု လွှဲပြောင်းထားသော ကတိစာချုပ် မိတ္တူများ 
   ( လျှောက်လွှာကို စီစစ်သည့်အခါ မူရင်း တင်ပြရပါမည်။ )
-  ပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ ချမှတ်သော တရားရုံးအမိန့် ဒီဂရီ မိတ္တူ ( လိုအပ်သည့်အခါ မူရင်း တင်ပြရမည်။ )
-  မြေငှားခ ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် 
   သို့မဟုတ် မြေငှားခ နောက်ဆုံး ပေးဆောင်ပြီး ဖြစ် 
    ကြောင်း ပြေစာမိတ္တူ ( စီစစ်သည့်အခါ ပြေစာမူရင်း တင်ပြရမည်။ )


- အထက်ပါ အချက်များ ပြည့်စုံပါက ပါမစ်မြေမှ 
  မြေငှားစာချုပ် ( ဂရန် ) လျှောက်ထားခြင်းကို ကန့်ကွက်ရန် ရှိ မရှိ ကြော်ငြာစာကို လျှောက်ထား
  သည့် ပါမစ်မြေပေါ်တွင် ( ၁ ) စောင် ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှုးရုံးတို့တွင် 
  ( ၁ ) စောင်စီကို လျှောက်ထားသူမှ ဆောင်ရွက်ပေးရပါမည်။
-  ၎င်းနောက် ပါမစ်မြေကို ကွင်းဆင်း တိုင်းတာစစ်ဆေးခြင်း ကို ဆောင်ရွက်ပေးပါမည်။
-  ၎င်းနောက် မြန်မာ့အလင်း သို့မဟုတ် ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်း
   သတင်းစာတို့တွင် ကန့်ကွက်ရန် ရှိ မရှိ ကြော်ငြာရပါမည်။


-  သတင်းစာတွင် ကြော်ငြာပြီး ကန့်ကွက်သူ မရှိပါက 
   လျှောက်လွှာကို အဆင့်ဆင့် စီစစ်ပြီး ဌာနမှုး၏ ခွင့်ပြု 
   ချက် ရယူကာ ကော်မတီ အစည်းအဝေးသို့ တင်ပြသွားမည် ဖြစ်သည်။
- ကော်မတီ၏ ခွင့်ပြုချက် ရရှိလာပါက သတ်မှတ်ထား
  သော မြို့နယ်အလိုက် ဝန်ဆောင်ခ နှုန်းထားများကို ပေးသွင်းရပါမည်။
- ဝန်ဆောင်ခ ပေးသွင်းပြီးပါက ဆိုင်ရာဌာနမှ မြေငှား
   စာချုပ် ဂရန်ပုံစံကို သက်ဆိုင်ရာ ဌာနမှ ထုတ်ယူပြီး 
  နောက် မြေပုံရေးဆွဲခြင်းကို ဆောင်ရွက်ပေးပါမည်။


- မြေပုံ ရေးဆွဲပြီးပါက မြေငှားချထားသူ ၊ မြေငှားစာချုပ် ချခြင်းခံရသူ ( လျှောက်ထားသူ ) နှင့် 
 သက်သေများ က မြေငှားစာချုပ်ပေါ်တွင် လက်မှတ် ရေးထိုးကြရပါမည်။
- လက်မှတ်ထိုးပြီးပါက အဆင့်ဆင့် ပြန်လည် တင်ပြပြီး 
   ဌာနမှ အတည်ပြု လက်မှတ် ရေးထိုးပေးပါမည်။ 
   လက်မှတ်ထိုးပြီးလျင် ကာယကံရှင်ကို မူရင်း ထုတ်ပေးပါမည်။

Credit-ဥပဒေရေးရာ

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate