ငွေကြေး အခက်အခဲရှိလို့ သိန်း၁၀၀ ချေးတာကို အတိုး ၄ကျပ်နှုန်းနဲ့ ၁၈ လအတွက် ၇၂ သိန်းပေါင်းပြီး စုစုပေါင်း သိန်း ၁၇၂ သိန်းကို ပေါင်ရောင်းစာချုပ် ( ဟန်ဆောင်စာချုပ် ) နဲ့ ချုပ်ဆိုခဲ့ပါတယ် ။
ငွေကြေး အခက်အခဲရှိလို့ သိန်း ၁၀၀ ချေးတာကို အတိုး ၄ကျပ်နှုန်းနဲ့ ၁၈ လ အတွက် ၇၂ သိန်းပေါင်းပြီး စုစုပေါင်း သိန်း ၁၇၂ သိန်းကို ပေါင်ရောင်းစာချုပ် ( ဟန်ဆောင်စာချုပ် ) နဲ့ ချုပ်ဆိုခဲ့ပါတယ် ။ ကျွန်တော် ရန်ကုန်မှာ အလုပ်သွားလုပ်နေတုန်း ငွေချေးစာချူပ်သက်တမ်းမပြည့်ခင် ၈ လအကြာမှာ ငွေရှင်က ကျွန်တော့်ခြံဝန်း သော့ နဲ့ အိမ်သော့ကို ဖျက်ဆီးပြီး ဝင်ရောက် နေထိုင်နေပါတယ် ။ ဥပဒေအရ ဘယ်လို ဆက်လုပ်ရမလဲ ၊ ချေးထားတဲ့ ငွေ နဲ့ ပတ်သက်ပြီး ဘယ်လို ဆက်ဖြစ်နိုင်သလဲ ဆိုတာကို သိပါရစေ ။
====================================
အဓိကအားဖြင့်တော့ အရောင်းအဝယ် လုပ်တယ်ဆိုတာ မှတ်ပုံတင်မှ တရားဝင်တာပါ ။ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေက မှတ်ပုံတင် ရပါတယ် ။ တချို့တွေက အရောင်းသာ ပြထားတာ လက်ရောက် ပြမထားပါဘူး ။ အကျိုး သက်ရောက်အောင် မလုပ်ထားရင် ဟန်ဆောင်စာချုပ် ပဲ ။ ဒါက တစ်ကဏ္ဍ ပေါ့ ။
ခုကသူ မရှိတဲ့ အချိန်မှာ ဝင်ပြီးနေတော့ ရာဇဝတ်မှု မြောက်သွားပါပြီ ။ အိမ်တံခါးတွေ ဖျက်တယ် ၊ သော့ဖျက်တယ် ဆိုတော့ အကျိုးဖျက်စီးမှု ပုဒ်မ ၄၂၇ ၊ ၄၂၈ အကြုံးဝင်သွားတာပေါ့ ။ ( ၄၂၇ ) က တန်ဖိုး ၅၀ နဲ့အောက် ဖျက်ဆီးမှု ဖြစ်ပြီး ၊ ( ၄၂၈ )က တန်ဖိုး ၅၀နှင့် အထက် အကျိုး ဖျက်ဆီးမှုပါ ။ ရာဇဝတ် မကင်းတဲ့ ကျော်နင်းမှု လည်းဖြစ်ပါတယ် ။ အိမ်ထဲ ဝင်ပြီ ၊ ခြံထဲ ဝင်ပြီ ဆိုတာနဲ့ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ( ၄၄၇ ) ဆိုတဲ့ ကျော်နင်းမှု ဖြစ်ပါတယ် ။ အိမ်ထဲအထိ ကျူးလွန်ပြီဆိုရင် ( ၄၄၈ ) ကျော်နင်းမှု ဖြစ်ပါပြီ ။
ဘာပဲဖြစ်ဖြစ် ပိုက်ဆံကိစ္စ ၊ အရောင်းဝယ် ကိစ္စက တစ်ကဏ္ဍ ရှင်းရမှာပါ ။ ဒါက “ တရားမ ” ကြောင်းနဲ့ ရှင်းရမယ့် ကိစ္စပါ ။ ဒါကို လက်ရှိ ရှိနေတဲ့သူရဲ့ ခွင့်ပြုချက် မရဘဲနဲ့ အတင်း ဖျက်ဆီးပြီး ဝင်တယ်ဆိုတာ ရာဇဝတ်မှု ဖြစ်သွားပါပြီ ။ ရာဇဝတ် မကင်းတဲ့ ကျော်နင်းမှု ဖြစ်သွားတဲ့ အတွက်ကြောင့် ဥပဒေကြောင်းအရ အရေးယူမယ်ဆိုရင် အရေးယူလို့ ရပါတယ် ။ ကျန်တဲ့ ကိစ္စကတော့ ငွေရေး ကြေးရေး ကိစ္စ ၊ “ တရားမ ”ကြောင်း အရ ရှင်းရမယ့်ကိစ္စ ဖြစ်တယ်လို့ပဲ ဖြေရပါ့မယ် ။
#DVBlawlab #DVBtvnews #တရားမ #Crd to owner
Credit ( ဥပဒေရေးရာ )
Related Posts
ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား
ဒီလို စာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူသူများ သတိထား "စာချုပ်တွင် ကွက်လပ်များ ထား၍ လက်မှတ်ထိုးလက်ဗွေနှိပ်ခြင်း မပြုပါနှင့် ။ငွေယုံကြည် အပ်နှံခြင်း ကတိ စာချုပ်များ ချုပ်ဆို၍ ရာဇသတ်ကြီးပုဒ်မ - ၄၂၀ အရ လိမ်လည်မှုဖြင့်တရားစွဲဆို နေကြခြင်း ။ဥ...
ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။
မိတ်ဆွေကြီး ကိုချစ်တီး ပါလား ၊ မတွေ့တာ အတော်ကြာ ပြီနော် ၊ ဝလို့ဖြိုးလို့ ဝမ်းဗိုက် ကြီးတောင် ရွှဲလို့ပါလား ၊ ကျန်မားရေးလည်း ဂရုစိုက် ဦးနော် ကိုချစ်တီး ။ ။ အခု လိုမျိုး သတိပေးတာ ကျေးဇူးတင် ပါတယ်ဗျာ ၊ အရောက် အပေါက် နည်းသွားတာကအလုပ် တွေမျ...
လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။
မေး - ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။ သိပါရစေ။ ဖြေ - ဖွင့်ပြောလို့မရတဲ့ ကိစ္စဆိုတော့ ဥပဒေနဲ့ မကင်းတဲ့...