မေးခွန်း - ကျွန်တော် ငွေချေး ထားတာ ရှိပါတယ် အတိုးနဲ့ပါ အတိုးတွေလည်း ပေးခဲ့ရပါတယ် အခုအတိုးရော အရင်းပါ မပေး နိုင်သေးပါ ငွေရှင်က တရားစွဲမယ် ပြောပါတယ် ဘာပုဒ်မနဲ့ စွဲနိုင်ပါလဲ ။ စွဲရင် ဘယ်လိုဖြစ်နိုင် ပါသလဲ ။ ဘာတွေ ကြိုတင် ပြင်ဆင် ထားသင့်သလဲ ။

မေးခွန်း - ကျွန်တော် ငွေချေး ထားတာ ရှိပါတယ် အတိုးနဲ့ပါ အတိုးတွေလည်း ပေးခဲ့ရပါတယ် အခုအတိုးရော အရင်းပါ မပေး နိုင်သေးပါ ငွေရှင်က တရားစွဲမယ် ပြောပါတယ် ဘာပုဒ်မနဲ့ စွဲနိုင်ပါလဲ ။  စွဲရင် ဘယ်လိုဖြစ်နိုင် ပါသလဲ ။ ဘာတွေ ကြိုတင် ပြင်ဆင် ထားသင့်သလဲ ။

မေးခွန်း -  ကျွန်တော် ငွေချေး ထားတာ ရှိပါတယ် အတိုးနဲ့ပါ အတိုးတွေလည်း ပေးခဲ့ရပါတယ် အခုအတိုးရော အရင်းပါ မပေးနိုင် သေးပါ ငွေရှင်က တရားစွဲမယ် ပြောပါတယ် ဘာပုဒ်မနဲ့ စွဲနိုင်ပါလဲ ။ စွဲရင် ဘယ်လိုဖြစ်နိုင် ပါသလဲ ။ ဘာတွေကြိုတင် ပြင်ဆင် ထားသင့်သလဲ ။


အဖြေ -  ကိုယ်က ငွေပေးရန် ရှိတဲ့သူ ဆိုရင် ငွေပေးဆပ် နိုင်အောင် ကြိုးစားဖို့က ပထမပါဘဲ ။ အတိုးကို မဆပ်နိုင်လို့ အရင်းကို ဘယ်လို ဆပ်ပါရစေ ၊ ကိုယ်ဘယ်လို ပြန်ဆပ်နိုင်တယ် ဆိုတာကို ငွေရှင်အား ရှင်းပြ ပြောဆိုပါ ။ ကိုယ်တတ် နိုင်တာကို ကိုယ်ပေးနိုင်တာကို ရိုးသားပွင့် လင်းစွာ ညှိနှိုင်းပါ ။ ထိုသို့ ပြောဆိုသည့်အခါ တစ်ဖက် ငွေရှင်ဖြစ်သူက လက်မခံနိုင်ကြောင်း ပိုက်ဆံကို ချက်ခြင်းအကုန်ပြန်ရ ချင်ကြောင်း ပြောဆိုပြီး မိမိ၏ ညှိနှိုင်းချက်ကို လက်မခံလျှင် မိမိတတ်နိုင်သည့် ကိစ္စမရှိတော့ဟု ဆိုရမည် ဖြစ်ပါသည် ။ 
မိမိသည် သူတစ်ပါး၏ ငွေကို ရယူထားပြီးဖြစ်၍ တတ်နိုင်သည် မတတ်နိုင်သည် ဆိုသည်မှာ အကြောင်းပြချက် တစ်ရပ်သာ ဖြစ်နေမည်မှာ မငြင်းနိုင်သည့် ကိစ္စ တစ်ရပ်ဖြစ်ပါသည် ။ ထိုအခါ ငွေရှင်၏ အခန်းကဏ္ဍ ပေါ်ပေါက် လာပါသည် ငွေရှင်က အဆိုပါ ပျက်ကွက်မှု အတွက် မည်သို့ ဆောင်ရွက်မည် ၊ မည်သည့် ပုဒ်မဖြင့် စွဲဆိုမည်မှာ ၎င်း၏ သဘောဆန္ဒ သာလျှင် ဖြစ်ပါသည် ။ 
၎င်း၏ စိတ်ဆန္ဒကို ကြိုတင် ခန့်မှန်း၍ မရနိုင်ပါ ။
နည်းလမ်း ( ၃ ) သွယ် ဖြစ်နိုင်ပါသည် ။ 


( ၁ )  ရာဇတ်မှုဖြင့် စွဲဆိုခြင်း
( ၂ ) တရားမမှုဖြင့် စွဲဆို၍ ငွေတောင်းခြင်း
( ၃ ) ရာဇဝတ်မှု ကြောင်း နှင့် တရားမကြောင်း အရ စွဲဆိုခြင်း တို့ဖြစ် ပါသည် ။ 


             မည်သည့် နည်းလမ်းဖြင့် စွဲဆိုမည် ဆိုသည်မှာ ငွေရှင်၏ ကိစ္စသာ ဖြစ်ပါသည် ၊ မိမိတတ်နိုင်သည့် ကိစ္စမဟုတ်ပါ ။ ဘာပြင်ဆင် ထားရမလဲဟု မေးသူများ ရှိပါသည် ။ ငွေသာကြို ပြင်ဆင်ထားပါ တတ်နိုင်သရွှေ့ ဆပ်နိုင်ဖို့ စုဆောင်း ထားပါ ။ တစ်ဖက်လူက ငွေမရ၍ စွဲခြင်း ဖြစ်ပါသည် ။ အချို့ ငွေချေးထား သူများ လွယ်လွယ် ပြောကြပါသည် ။ မပြေလည် သေးသဖြင့် ပြေလည်လျှင် ပေးပါမည်ဟူ၍ ဖြစ်ပါသည် ။ ထိုစကားသည် လူတိုင်း အလွယ်တစ်ကူ ပြောတတ်သော စကားမျိုးပင် ဖြစ်ပါသည် ။ အမှန်တစ်ကယ် ဖြစ်သင့် သည်မှာ အခု မိမိတတ်နိုင် သမျှငွေပမာဏ တစ်ခုကို ပေးအပ်၍ ကျန်ငွေကို ဘယ်လို ဆပ်မည်ဖြစ်ကြောင်း လက်တွေ့ပြ၍ ယုံကြည်မှုရယူ သင့်ပါသည်။  တောင်းပန် ညှိနှိုင်း မရသည့် အဆုံးတွင် ငွေရှင်က မည်သည့် နည်းလမ်းဖြင့် စွဲဆို သည်ဖြစ်စေ ၊ မိမိက လိုက်၍ ဖြေရှင်းရမည်ဖြစ်ပါသည် ။ ငွေရှင်က ရာဇဝတ်ကြောင်း ဖြင့် စွဲသည်ဆို စေကာမှု မိမိက သက်သေ အထောက်အထား အပြည့်အစုံဖြင့် ထုချေ ဖြေရှင်းနိုင်လျှင် ရာဇဝတ်မှုမှ လွတ်နိုင်ပါသည် ။ ထိုသို့ မဟုတ်ဘဲ လိမ်လည် သည့်သဘော ၊ ယုံကြည်အပ်နှံမှု ဖောက်ဖျက်သည့် သဘော ပေါ်လွင်နေလျှင် ထိုက်သင့် သော ပြစ်ဒဏ် တစ်ခုခံ ရမည် ဖြစ်ပါသည် ။ တရားမကြောင်း အရစွဲခံရလျှင် နောက်ဆုံးတွင် မိမိ ရယူထားသည့်ငွေကို ပြန်ပေး ရမည်သာ ဖြစ်ပါသည် ။ သူတစ်ပါး၏ ငွေကို အလကားလိုချင်၍ ယူကောင်းသည် မဟုတ်ပါ နောင် သံသရာတွင် ပင်ဆပ် ရတတ် ပါသည် ။ ရိုးသားစွာ ပြောဆိုပြီး ကြိုးစားကာ ပေးဆပ်လျှင် ငွေရှင်များ အနေဖြင့် လက်ခံကြမည် သာဖြစ်၍ သူများ၏ ငွေကို ရယူထားလျှင် ရိုးသား ကြိုးစားစွာ ပြန်လည် ပေးဆပ်နိုင်ရန် ကြိုးစားပါ ။ 

 

( မှတ်ချက် -မတရား အမြတ်ကြီးစား တောင်းခံနေသည့် အတိုးငွေ များကိုတော့ ရဲဝင့်စွာငြင်း ပယ်လိုက်ပါ အရင်းငွေ ကိုတော့ ရိုးသားစွာပြန်ဆပ်ပါ  ။)
ဥပဒေ အကျိုးဆောင် LL.B group မှကူးယူ ဖော်ပြပါသည် ။
#Crd to owner
 

Related Posts

  ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား

ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား

ဒီလို စာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူသူများ သတိထား "စာချုပ်တွင်  ကွက်လပ်များ ထား၍ လက်မှတ်ထိုးလက်ဗွေနှိပ်ခြင်း မပြုပါနှင့် ။ငွေယုံကြည် အပ်နှံခြင်း ကတိ စာချုပ်များ ချုပ်ဆို၍ ရာဇသတ်ကြီးပုဒ်မ - ၄၂၀ အရ လိမ်လည်မှုဖြင့်တရားစွဲဆို နေကြခြင်း ။ဥ...

ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။

ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။

မိတ်ဆွေကြီး ကိုချစ်တီး ပါလား ၊ မတွေ့တာ အတော်ကြာ ပြီနော် ၊ ဝလို့ဖြိုးလို့ ဝမ်းဗိုက် ကြီးတောင် ရွှဲလို့ပါလား ၊ ကျန်မားရေးလည်း ဂရုစိုက် ဦးနော် ကိုချစ်တီး ။ ။ အခု လိုမျိုး သတိပေးတာ ကျေးဇူးတင် ပါတယ်ဗျာ ၊ အရောက် အပေါက် နည်းသွားတာကအလုပ် တွေမျ...

လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။

လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။

မေး - ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။ သိပါရစေ။  ဖြေ - ဖွင့်ပြောလို့မရတဲ့ ကိစ္စဆိုတော့ ဥပဒေနဲ့ မကင်းတဲ့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate