ဂရန်ရှိသည် ပိုင်ရှင်မရှိ

ဂရန်ရှိသည် ပိုင်ရှင်မရှိ

   အခုလို မေလ ရောက်တိုင်း မှတ်မိနေပါတယ် ။ ပြီးခဲ့တဲ့ တစ်လကျော် မေလက ကျွန်တော်ထံ သင်တန်းသား

တစ်ယောက် ရောက်လာပါတယ် ။ နာမည်က “ဂွမ်ဂျာလ” တဲ့ ၊ တိုင်ရင်းသားပါ ။ သူက မြန်မာစကားတောင် ပီပီသသ မပြောနိုင်သေးပါဘူး။ဒါပေမဲ့ အလုပ်လုပ်တာမှာတော့ တော်တော်လေး စေ့စပ်သေချာပါတယ်။

 

 “ကိုဂွမ်ဂျာလ” က သူ မ / ဒဂုံမှာ တစ်ကိုယ်တော် အကျိုးတော်ဆောင် လုပ်နေကြောင်းနဲ. အခုလို ဆရာ့ဆီမှာ သင်တန်းတက်ရတာကလဲ   ပြည့်ပြည့်စုံစုံ သိချင်တတ်ချင်တာရယ် ၊

   အခုလောလောဆယ်မှာ သူရဲ့မိဘတွေအတွက် သဘောကျလွန်းလို့  မ / ဒဂုံ ( ၄၂ ) ရပ်ကွက်က ( ပေ ၄၀ x ပေ ၆၀ ) မြေတစ်ကွက်ကို      စရန် ပေးပြီးပြီ ဆိုတာရယ် ၊

  ပြီးတော့ အဲဒီမြေကွက်ပိုင်ရှင်ကို ဘယ်လိုမှ စုံစမ်းလို့ မရဘူး ဖြစ်နေတယ် ဆိုတာရယ်ကစလို့  အလုပ်ကိစ္စတွေ တစ်ပြုံကြီးနဲ့                  သင်တန်းလာတတ်တဲ့သူ တစ်ယောက်ပါ။

 

         ကျွန်တော်ကလည်း ရိုးရိုးစဉ်းစဉ်း အလုပ်တွေ ကူညီပေးရတာတတ် ခက်ခက်ခဲခဲလေးရှိတဲ့ အရာကို ကူညီဖြေရှင်းရတာ ပိုပြီး ပျော်စရာကောင်းပါတယ်ဆိုတဲ့ လူစားမျိုးဆိုတော့ ပျော်သွားမိပါတယ် ။

ဆရာ့ကို ပြောပြီးတဲ့အတိုင်း ဂရန်မူရင်းပိုင်ရှင်ကို ရှာမရပါဘူး ၊ ဆက်စပ် စာချုပ်ကလည်း ( ၆ ) ဆင့် ရှိနေပါပြီ ၊

ဝယ်ရောင်းတွေ လက်ထဲက မြေကွက်ပါ ။ ကျွန်တော့်မိဘကလည်း သိပ်ကြိုက်နေတာမို့ ကျွန်တော် ဘာလုပ်ရမလဲ ဆရာတဲ့…

          ကျွန်တော်က ကိုဂွမ်ဂျာလရေ ခင်ဗျားတို့က အမည်ပေါက် ဝယ်ရမယ်ဆိုရင်ကော ဝယ်မှာလားလို့ မေးလိုက်တော့။

ကိုဂွမ်ဂျာလက ဝယ်ပါ့မယ် ဆရာ ၊ ကျွန်တော်မိဘတွေကလည်း ရိုးရိုးကြီးတွေဆိုတော့ အားလုံး ရှင်းရှင်းလင်းလင်း ဖြစ်သွားရမှာမျိုးကို ကြိုက်ကြပါတယ်။

 

          ကဲ “ဂွမ်” ရေ ဒါဆို ဆရာ အပြည့်အဝ ကူညီပါမယ် ။ ဆရာ့အတွက်တော့ မဆန်းပါဘူး ။ အခု အခြေအနေက ခင်ဗျားတို့ အလုပ်

 နဲနဲရှုပ်မယ် ၊

“ပြီးရင် အားလုံးပျော်စရာဖြစ်သွားမှာပါဗျာ ” လို့ပြောပြီး ပထမဦးဆုံး အဆင့်အနေနဲ့  မြို့တော်စည်ပင်မှာ ဂရန်ရယ် ၊ အမည်ပေါက်           နာမည်ရယ် မှန် မမှန် သွားစစ်ခိုင်းလိုက်ပါတယ် ။

“ဂွမ် ကိုယ်တိုင် သွားပါတယ် ၊ ရန်ကုန်မြို့တော်စည်ပင် “ မြို့ပြစီမံကိန်း နှင့် မြေခန့်ခွဲမှုဌာန ” မှာ  “ မြေအမည်ပေါက် စိစစ်ခြင်း ”             အတွက် ဂရန်မိတ္တူနဲ့  စစ်ဆေးခ ကျပ် ၅၀ဝဝ ပေးဆောင် ရပါတယ် ။

 

         သုံးရက်ပဲ ခွာပြီး ချိန်ပါတယ် ။ “ စိစစ်ပြန်ကြားချက် ” မှာ မ / ဒဂုံ မြေတိုင်းရပ်ကွက် ( ၄၂ ) ၊ မြေကွက်အမှတ် (xxxxx) ၏ လက်ရှိအမည်ပေါက်မှာ “ ဦးတင်ဝင်း ” ဖြစ်ကြောင်းနှင့် မှန်ကန်မှု ရှိကြောင်း ဌာနမှုး  ( မြေတိုင်း ) ရဲ့ လက်မှတ်နဲ့ ပြန်ကြားစာကို ရရှိခဲ့ပါတော့တယ်။

        ဒီတော့ ကျွန်တော်က “ ဂွမ် ” ရေ ဆက်သာ ဝယ်ပါတော့လို့ Green Light ပေးလိုက်တော့ ယုံယုံကြည်ကြည် ဆက်ဝယ်ကြပါတော့တယ်။ဝယ်ယူတာတော့ အရပ်စာချုပ်နဲ့ပဲ ဝယ်ပါတယ် ၊ (ပေ ၄၀ x ပေ ၆၀ ) မြေနဲ့ အိမ်လေးတစ်လုံးကို လက်ရောက်ယူပြီး ငွေပြေ ချေလိုက်ကြပါတယ်။

 

    “ ဂွမ်ရေ ဆရာလဲ ကူညီလမ်းပြရတာ သွေးပူလာပါပြီကွာ ” လို့ပြောပြီး ဒုတိယအဆင့်နေနဲ့ ဂရန်မူရင်းထဲမှာ ပါတဲ့ “ ဦးတင်ဝင်း” ရဲ့လိပ်စာနဲ့  စာတစ်စောင် ရေးပါတယ် ။

      အရောင်းအဝယ် စာချုပ်စာချုပ်ကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ လာရောက် ချုပ်ဆိုပေးဖို့နဲ့ ဆက်သွယ်ရမယ့် တယ်လီဖုန်း နံပါတ်တွေကိုပါ ထည့်ပြီးရေးပါတယ် ဂရန်ထဲက လိပ်စာအတိုင်း ရေစစ္စလီလုပ်ပြီး စာတိုက်မှ ပို့ပေးလိုက်ပါတယ် ။

( ဦးတင်ဝင်း တစ်ယောက် အခုရေးသားပေးလိုက်တဲ့ လိပ်စာမှာ မရှိမှန်း သိလျက်နဲ့ ရေးလိုက်ရတာတော့ စိတ်မကောင်းဖြစ်မိပါတယ်။)

         နောက်တစ်ဆင့် အနေနဲ့  ဦးတင်ဝင်းကို မှတ်ပုံတင်စာချုပ် လာရောက်ချုပ်ဆိုပေးပါရန် သတင်းစာမှာ ကြော်ငြာ ထည့်ပါတယ် ။

ဆင့်ဆို အကြောင်းကြားစာလဲ ရေးပြီးပြီ / မပြန်ပါ ။ သတင်းစာမှာလည်း ကြော်ငြာ ပြီးပြီ / မဆက်သွယ်ပါ ဆိုပြီး အရောင်းအဝယ်စာချုပ်ကြီး ချုပ်ပေးစေလိုမှုနဲ့ တရားစွဲဆို လိုကြောင်း မ / ဒဂုံမြို့နယ် တရားရုံးကို ဦးတိုက် လျှောက်ထားပါတော့တယ် ။

( ဒီအဆင့်လဲ ရောက်တော့ ဂွမ်ရဲ့ သူငယ်ချင်း ရှေ့နေ “ ဒေါ်သူဇာ ” က ကူညီပေးပါတော့တယ် ) မ / ဒဂုံမြို့နယ် တရားရုံးကလည်း လက်ခံ စစ်ဆေးပေးပါတယ် ။

 

      ကျွန်တော်တို့လိုပဲ အကြောင်းကြားစာ ရေးတာပါပဲ ၊ ဒါပေမဲ့ တရားရုံးက ရေးတော့ “ နို့တစ်စာ ” လို့ ခေါ်ပါတယ် ။ ပြီးတော့

သတင်းစာမှာလည်း ကြော်ငြာဖို့ တရားရုံးကပဲ စီစဉ်ပေးပါတယ် ။ ကျွန်တော်တို့က သတင်းစာတိုက်ကို သွားပြီး ထည့်ခဲ့ပါတယ် ။

ကျွန်တော်တို့ ဘယ်လိုမှ ရှာလို့မတွေ့တဲ့  “ ဦးတင်ဝင်း ” တရားရုံးတော်သို့  မလာရောက်သောကြောင့်  မ / ဒဂုံမြို့နယ် တရားရုံးက တရားမကြီးအမှု အမှတ် —-/ ၂၀၁၃ အမှုတွင် ပဋိညာဉ်အတိုင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးစေရန် စရိတ်နှင့်တကွ အနိုင်ဒီကရီချမှတ်ပေးလိုက်ပါတော့တယ်။

          ကျွန်တော်က ပြောပြ ၊ ဂွမ်က လှုပ်ရှားနဲ့  နှစ်လကျော်လောက်ပဲ ကြာတယ် ။ “ အနိုင်ဒီကရီ ” တော့ ရလိုက်ပါပြီ ။

“ တရားရုံး အနိုင်ဒီဂရီ ” ဆိုတာက စာရွက်ကြီးဗျ ။ တရားသူကြီး လက်မှတ် ၊ တံဆိပ်တုံးနဲ့ တရားရုံးတံဆိပ်တုံးပဲ ပါတယ် ။ ဒီစာရွက်ကြီး  က ကျွန်တော်တို့ကို ဘာမှ မကူညီနိုင်တာမို့ အကူအညီရဖို့ အတွက် တရားသူကြီးမင်းက “ ဇာရီမှု ” ဖွင့်ပေးလိုက်ပါတယ် ။

 

      “ ဇာရီမှု ” ဆိုတာကို အလွယ်ဖြစ်အောင် ပြောရင် “ အလုပ်လုပ်နိုင်တဲ့ အမှုတွဲတစ်ခု ” လို့ နားလည်ထားရင် ရပါတယ် ။

ဇာရီမှု ဖိုင်တွဲဆိုတာ အစမှာတော့ ဖိုင်တွဲ အလွတ်ပါ ။

•  ပထမဆုံးစာရွက်က တရားသူကြီးရဲ့  အမိန့်စာနဲ့  ဇာရီမှု အမှတ် ။

•  ဒုတိယစာရွက်က   တရားရုံးကိုယ်စား နှင့် တရားရှုံး ကိုယ်စား ဘီလစ်စာရေးကို  ခန့်တဲ့စာ ။

•  နောက်တစ်ရွက်က ဒီအမှုအတွက် တရားရုံးကိုယ်စား ဘိလစ်က မြေပုံမြေရာဇဝင် တောင်းခံလာရင်

    ထုတ်ပေးဖို့  မြို့တော်စည်ပင်သာယာရေး ကော်မတီသို့  အကြောင်းကြားစာရဲ့ မိတ္တူ ။

•  နောက်တစ်ရွက်က ယခုအမှုအတွက် တရားရုံးကိုယ်စား ဘိလစ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခွင့်ပြုဖို့

    စာရွက်စာတမ်း မှတ်ပုံတင်အရာရှိထံ ရေးတဲ့ စာရဲ့ မိတ္တူ ။ ဒီလိုနဲ့  “ ဇာရီအမှုတွဲ ” က တဖြည်းဖြည်း ထူလာပါတယ် ၊ အသက်ဝင်လာ     တယ်ပေါ့။

 

      ဒီအခြေအနေလည်း ရောက်ရော တရားရုံး ဘိလစ်စာရေးကြီးက တရားရှုံး ဦးတင်ဝင်းကိုယ်စား မြေပုံမြေရာဇဝင် ထုတ်ယူလို့ ရခဲ့ပါပြီး။ ကျွန်တော့် သင်တန်းသားလည်း အဲဒီ မြေပုံမြေရာဇဝင်ကို ယူပြီးတိုင်း ကာလတန်ဖိုး စိစစ်ရေးအဖွဲ့ကို တင်ပြပြီး မြေကွက်ရဲ့  

 “ ရာဖြတ်တန်ဖိုး ” သိခဲ့ရပါပြီ ။

       နောက်တစ်ဆင့်မှာ ရထားပြီးဖြစ်တဲ့ မြေကွက်ရဲ့  ရာဖြတ်တန်ဖိုးနဲ့ လိုအပ်တဲ့ တံဆိပ်ခေါင်းခွန်ကို ပေးဆောင်ပြီး စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို သွားလို့ရပါပြီ ။

လက်မှတ်ထိုးမည့် သူကတော့ တရားရှုံး ဦးတင်ဝင်းကိုယ်စား တရားရုံး ဘိလစ်စာရေးကြီးက နာမည် ၊ မှတ်ပုံတင် နံပါတ် အပြည့်အစုံနဲ. လက်မှတ်ရေးထိုး ၊ သက်သေ စုံလင်စွာလည်း လက်မှတ်ရေးထိုးပြီး ဂွမ်လိုချင်တဲ့ စာချုပ်စာတမ်း မှတ်ပုံတင်ချုပ်ဆိုခြင်းလည်း ပြီးဆုံးသွားပါပြီ။

 

         နောက်ထပ် လိုအပ်တာလေးတွေကိုတော့ ဂွမ်ကိုယ်တိုင်ပဲ အေးအေးဆေးဆေး ဆက်ပြီး လုပ်ဆောင်လို့ ရသွားပါပြီ ။

ဆရာ ဒါဆိုရင် မူလမြေကွက် ဂရန်ပိုင်ရှင် ဦးတင်ဝင်း မရှိဘဲ စာချုပ်ချုပ်ကြတယ်ပေါ့နော် ဆရာ ။

ကဲပါဗျာ ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးနဲ့လား မေးနေပြန်ပါပြီ ။ အဲဒီကိစ္စကိုပဲ သင်နေတာလေဗျာ ကိုယ်ဝယ်ယူထားတဲ့မြေကွက်မှာ ဂရန်မူရင်း မှန်မှန်ကန်ကန် ရှိပါတယ် ၊

           ဒါပေမဲ့ မူရင်းဂရန်ပိုင်ရှင်ကို ရှာမတွေ့တော့တဲ့ ဘယ်အခြေအနေမျိုးမှာ ဘယ်လို ဆောင်ရွက်နိုင်သေးတယ် ဆိုတာ သင်တာလေဗျာ။ ဆရာ ဒါဆိုရင် ရှေ့နေ ခေါ်ဖို့ မလိုတော့ဘူးပေါ့နော် ဆရာ လို့ တစ်ဦးက မေးလာပြန်ပါတယ် ။

ရှေ့နေ မလိုပါဘူးလို့ ကျွန်တော် မပြောဘူးလေ ။ ခင်ဗျား ရှေ့နေတစ်ယောက်လောက် ကျွမ်းကျင်မယ် ဆိုရင်တော့ ရှေ့နေ မလိုပါဘူး။ 

ဒီလောက်တော့လည်း ကျွန်တော်တို့ မတတ်နိုင်ပါဘူး ။ ဒါပေမဲ့ ကျွန်တော်တို့က အဆင့်ဆင့်တွေကို သေသေချာချာ သင်ထားရင် အကောင်းဆုံးပါပဲ။

 

        ဂွမ်ရဲ့ ကိစ္စမှာလည်း  ဂွမ်ရဲ့ သူငယ်ချင်း ရှေ့နေ ဒေါ်သူဇာက အစအဆုံးလိုလို ကူညီပေးပါတယ်။

“ ကဲပါဗျာ ၊ ကျွန်တော်သင်ချင်တာကတော့ တကယ်လို့  မြေကွက်တစ်ကွက်ကို ဝယ်ဖို့ စီစဉ်တာမှာ ( ဒါမှမဟုတ် ) စရန်ပေးထားမိပြီးမှ      မူရင်းဂရန်ပိုင်ရှင်တွေနဲ့  အဆက်အသွယ် လုံးဝ မရတော့တဲ့ ကိစ္စတွေမှာ ဒီနေ့ ကျွန်တော်သင်လိုက်တဲ့ အဆင့်ဆင့်တွေ အတိုင်းသာ        ရွှေ့သွားပါ ။ အောင်မြင်ပါတယ် ၊ အခက်အခဲ မရှိပါဘူး ၊

   လုံးဝ ပိတ်ဆို့နေတဲ့ အခြေအနေမျိုး မဟုတ်ပါဘူးလို့  သင်တာပါ ” လို့ ပြောပြီး သင်တန်းသား “ ဂွမ်ဂျာလ ” ရဲ့ ကိစ္စကို နမူနာပေးလို့        သင်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

 

Note :

          မြေကွက်တစ်ကွက်ကို အတုအပွား မရှိသော မြေငှားဂရံ နှင့်တကွ ဝယ်ယူ ပိုင်ဆိုင်ထားပြီး ဂရံအမည်ပြောင်းရန် ပိုင်ရှင်ကို လုံးဝရှာမရတော့လျှင်

 ”  မှတ်ပုံတင် စာချုပ်ချုပ် ပေးစေလိုမှု “ နှင့် မြို့နယ်တရားရုံးတွင် တရားစွဲဆိုခြင်းဖြင့် အမည်ပြောင်း စာချုပ်ချုပ်ဆိုခြင်းသည်သာ 

    နည်းလမ်း အမှန် ဖြစ်ပါသည် ။

   ( ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ - ၅၅ ( ဃ ) ကို ညွှန်းသည် )

 

   မှတ်ပုံတင်စာချုပ် ချုပ်ပေးစေလိုမှု ” နှင့် တရားစွဲ အနိုင်ဒီဂရီ ရပြီးလျှင် အရေးကြီးဆုံး အချက်မှာ ထိုအနိုင်ဒီဂရီကို ( ၄ ) လအတွင်း         စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင် ရမည့်ကိစ္စပင် ဖြစ်ပါသည် ။ ထိုသို့  မှတ်ပုံမတင်မိပါက အနိုင်ရပြီးသား အမှုကိစ္စပြန်၍ ပျက်ပျယ်       နိုင်ပါသည်။

 

( စာချုပ်စာတမ်း မှတ်ပုံတင်ရေး ဥပဒေပုဒ်မ - ၂၃ ဒုတိယအပိုဒ်  )

 ဆရာကြီး ဦးကြည်စိုး IC ( အိမ်ဘုရင် )

?Credit  Sayar Gyi U KYI SOE IC

 

Credit ( ဥပဒေရေးရာ )

Related Posts

ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး နှင့် မြို့နယ်ရုံး များ၏ ရုံးတည် နေရာလိပ်စာ နှင့် ဖုန်းနံပါတ် များစာရင်;

ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံးနှင့် မြို့နယ်ရုံးများ၏ ရုံးတည်နေရာ လိပ်စာနှင့်  ဖုန်းနံပါတ် များစာရင်း================================၁ ။ ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး ( ၁၆၃ / ၁၆၇ ) ၊ ပန်းဆိုး တန်းလမ်း ၊ ကျောက်တံတား မ...

မြေ အမျိုး အစားကို အလွယ်တကူ သိစေရန်

          မြေ အမျိုးအစားကို အလွယ်တကူ သိစေရန် မြေနဲ့ ပတ်သတ်လာရင် မြေစာရင်းဌာနက ထုတ်ပေးတဲ့ ပုံစံ ( ၁၀၅ ) မှာပါတဲ့ သင်္ကေတနဲ့ အရောင်ကို ကြည့်ရင် မြေပုံမှာ ပါတဲ့မြေက ဘာအမျိုးအစားလဲဆိုတာ အလွယ်တကူ သိနိုင်တယ်။ ၁ ။ ဂရန်မြေ ဆိုရင...

မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုးနှင့် အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိနိုင်ရန် ၊ သတိပြုနိုင်ရန် မြေစာ ရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်း ညွှန်ကြားချက် များအား တင်ပြ လိုက်ပါတယ် ။  ( ၁၀၅ ) တွင်ပိုင်ဆိုင်ခွင့် ရေးသား ရာ၌...

မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုးနှင့် အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိနိုင်ရန် ၊ သတိပြုနိုင်ရန် မြေစာ ရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်း ညွှန်ကြားချက် များအား တင်ပြ လိုက်ပါတယ် ။ ( ၁၀၅ ) တွင်ပိုင်ဆိုင်ခွင့် ရေးသား ရာ၌...

          မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုး နှင့်အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိ နိုင်ရန် ၊ သတိပြု နိုင်ရန် မြေ စာရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate