မြို့နယ် စည်ပင် သာယာ အုပ်ချုပ် ရေးမှူး ရုံးကို တိုက်ခန်း အမည်ပြောင်း လျှောက်ထားတဲ့ အခါပါဝင် ထည့်သွင်း လျှောက် ထားရမယ့် အချက်တွေကို ဖော်ပြ လိုက်ပါ တယ်။

မြို့နယ် စည်ပင် သာယာ အုပ်ချုပ် ရေးမှူး ရုံးကို တိုက်ခန်း အမည်ပြောင်း လျှောက်ထားတဲ့ အခါပါဝင် ထည့်သွင်း လျှောက် ထားရမယ့် အချက်တွေကို ဖော်ပြ လိုက်ပါ တယ်။

           မြို့နယ် စည်ပင် သာယာ အုပ်ချုပ် ရေးမှူး ရုံးကို တိုက်ခန်း အမည်ပြောင်း လျှောက်ထားတဲ့ အခါပါဝင် ထည့်သွင်း လျှောက်ထားရမယ့် အချက်တွေကို ဖော်ပြလိုက် ပါတယ် ။ �ကိုယ်တိုင် ရေး လျှောက်လွှာ တစ်စောင်နဲ့ အတူ� 

 

၁ ။ အင်ဂျင် နီယာဌာန ( အဆောက် အအုံ ) က ထုတ်ပေးတဲ့ အဆောက် အအုံ နေထိုင်ခွင့် စာချုပ် သို့မဟုတ် သက်ဆိုင်ရာ မြို့နယ်စည်ပင်သာ ယာ အုပ်ချုပ် ရေးမှူး ရုံးရဲ့ တိုက်ခန်း နေရာချ ထားခြင်း လက်မှတ် တစ်စောင် ။ �

၂ ။ တိုက်ခန်း လွှဲပြောင်း လက်ခံ ခြင်း သဘောတူ စာချုပ် မိတ္တူ တစ်စောင် ။�

၃ ။ သက်ဆိုင်ရာ ရပ်ကွက် အာဏာ ပိုင်ရဲ့ တိုက်ခန်း ပိုင်ဆိုင် သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက် တစ်စောင် ။�

၄ ။ တိုက်ခန်း လွှဲပြောင်းသူ ၊ တိုက်ခန်း လက်ခံ သူတွေရဲ့  မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေး ထားတဲ့ နိုင်ငံသား စိစစ် ရေးကတ်ပြား မိတ္တူတစ်စောင် ။�

၅ ။ တိုက်ခန်း လွှဲပြောင်း သူရဲ့ လိုင်စင် ဓာတ်ပုံ နှစ်ပုံ ။�

၆ ။ တိုက်ခန်း လွှဲပြောင်း သူရဲ့ မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေး ထားတဲ့ အိမ်ထောင်စု စာရင်း မိတ္တူ တစ်စောင် ။�

၇ ။ တိုက်ခန်း လွှဲပြောင်း သူရဲ့  အမည် ပြောင်းလဲ ခြင်းကို ကန့်ကွက် ရန်မရှိ ကြောင်း ဝန်ခံ ကတိ ပြုချက် တစ်စောင် ။�

၈ ။ ရေခွန် ပေးဆောင်ပြီး ပြေစာ မိတ္တူ သို့မဟုတ် လွှဲပြောင်း လက်ခံသူက တိုက်ခန်းနဲ့ ပတ်သက်တဲ့ ကြွေးကျန် ကိစ္စတွေ ဖြေရှင်းမယ့် ဝန်ခံ ကတိပြုချက် တစ်စောင် စာရွက် စာတမ်းတွေကို စုံလင်စွာ တင်ပြရမှာ ဖြစ်ပါတယ် ။ အဲသည် လို တင်ပြပြီး ရင်ဌာနက စိစစ်မှုတွေ ပြုလုပ်ကာ အောက်ပါ စည်းမျဉ်း အတိုင်း ဆက်ပြီး ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ် ။�

 

( က ) တိုက်ခန်း အမည်ပြောင်း လျှောက်ထား ချက်ကို စိစစ်ပြီး လွှဲ ပြောင်းသူနဲ့ လက်ခံသူတို့ကို ကိုယ်တိုင် လက်ထောက် ဌာနမှူး ( မြေရာ ) ရဲ့ ရှေ့မှာ လက်မှတ် ရေးထိုး လွှဲပြောင်း ပေးရမည် ။�

( ခ ) လျှောက်ထား သူက သတ်မှတ် ဝန်ဆောင်ခ ပေးသွင်း ပြီးမှ အမည်ပြောင်း ခွင့်ပြုမည် ။�

( ဂ ) တိုက်ခန်း လွှဲပြောင်း သူကိုယ် တိုင် လာရောက်ခြင်း မပြုပါက နေ့စဉ် သတင်းစာမှာ ကန့်ကွက်ရန် ရှိမရှိ ကြော်ငြာ စေမည် ။ ( အမည် ပြောင်းသူက ကြော်ငြာခကို ကျခံရမည် ) �

( ဃ ) သတ်မှတ် ထားတဲ့ ကာလအတွင်း ကန့်ကွက်ခြင်း မရှိရင် အမည်ပြောင်း လျှောက်ထား သူက မူ လ အဆောက်အအုံ နေထိုင်ခွင့်စာချုပ်ကို ပယ်ဖျက်၍ အမည်ပြောင်း လျှောက်ထား သူအမည်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဆက်လက် ချုပ် ဆိုပေးပါမည် ။�

( င ) ကော်မတီ က စီမံခန့်ခွဲလျက်ရှိ တဲ့ တိုက်ခန်း တွေရဲ့ သတ်မှတ် ထားတဲ့ မြေငှားခကို နေထိုင် သူတွေ ဆီက တိုက်ခန်း အမျိုးအစား အလိုက် သတ်မှတ်ထားတဲ့ ဘဏ္ဍာရေး နှစ် အလိုက် ကော်မတီက ထောက်ခံ သွားမှာ ဖြစ်ပါတယ် ။

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate