ဆရာ တိုက်ခန်းဝယ်ယူတဲ့နေရာမှာ မြေရှင် လက်မှတ်ထိုးဖို့လိုတယ်ဆိုတဲ့ ဥပဒေ မရှိဘူးလို့သိရပါတယ်။

     ဆရာ တိုက်ခန်း ဝယ်ယူတဲ့ နေရာမှာ မြေရှင် လက်မှတ်ထိုးဖို့ လိုတယ် ဆိုတဲ့ ဥပဒေ မရှိဘူးလို့ သိရပါတယ် ။

    တကယ်လို့ မြေရှင်လက်မှတ် မထိုးပဲ ဝယ်ယူရင် မိမိအတွက် ဘာတွေ ဆိုးကျိုး ရှိနိုင်ပါသလဲ သိပါရစေ ။

    ( စျေးကွက် သတင်းစာက ဆောင်းပါးတစ်ခုနဲ့ ဖြေပေးလိုက်ပါမယ် )

 

    တိုက်ခန်း ၊ ကွန်ဒို ဝယ်ယူမှုတွေမှာ မြေရှင်ရဲ့  အသိအမှတ်ပြုခြင်းကလည်း ခိုင်မာမှု အတွက် အရေးကြီးတယ်လို့ သိရပါတယ် ။

  “ မြေရှင် လက်မှတ်ထိုးခ ဆိုတာက မြေရှင်ကို အမည်ပြောင်းခ အနေနဲ့ ပေးရတာပါ ၊ ဒီပိုက်ဆံကို မပေးချင်လို့ ကျော်လိုက်မယ် ဆိုရင်      တိုက်နဲ့  ပတ်သက်ပြီး တစ်စုံတစ်ခု ဖြစ်လာရင် ပြဿနာရှိနိုင်တယ်”လို့  ပြောကြပါတယ် ။

 

     မြေရှင်လက်မှတ် ဆိုတာက တိုက်ခန်း ဝယ်ယူရာမှာ အမည်ပြောင်း အဖြစ် မြေရှင်က အသိအမှတ် ပြုပေးတာ ဖြစ်ပါတယ် ။

     မြေရှင် အသိအမှတ်ပြုခြင်းက တိုက်ခန်းနေသူတွေ အတွက် အရေးကြီးပြီး တိုက်ခန်းနေသူတွေ တိုက်ပြိုကျခြင်း ၊ တိုက်ခန်း ပျက်စီး      ခြင်း ဖြစ်ပေါ်ပါက မြေရှင် အသိအမှတ် မပြုရင် တိုက်ခန်း ပြန်ရဖို့ မလွယ်ကူဘူးလို့ သိရပါတယ် ။

 

     တိုက်ခန်း ၊ ကွန်ဒို ရောင်းဝယ်ရာမှာ မြေရှင် လက်မှတ်ထိုးခ ( တစ်နည်း ) အမည် ပြောင်းခ ပေးရပါတယ် ။

    နေရာဒေသ အလိုက် အရောင်းတန်ဖိုး တစ်ရာခိုင်နှုန်းက နေ သုံးရာခိုင်နှုန်း အထိ ပေးရပါတယ် ။

    မြေရှင် လက်မှတ် မပါဘဲ ဥပဒေနှင့်  ညီညွတ်ပါက ရောင်းချခွင့် ရှိတယ် ဆိုပေမဲ့ မြေရှင် အသိအမှတ် မပြုပါက ဆုံးရှုံးမှုတွေ ဖြစ်ပေါ်     လာနိုင်တယ်လို့  သိရပါတယ် ။

 

    အိမ်လခ ပေးရတာက

    အပျောက်တိုက်ခန်း ဝယ်ယူသူကို ဥပဒေအရ အိမ်ငှားခ သတ်မှတ်ထားလို့ ၁၉၆၀ ပြည့်နှစ် ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေကို           လိုက်နာရတာကြောင့် အပျောက်တိုက်ခန်း ဝယ်ယူသူတွေ အနေနဲ့ ငှားရမ်းခွင့်နဲ့ တစ်ဆင့်  ပြန်လည် ရောင်းချခွင့် ရှိပေမဲ့ ဥပဒေအရ       အိမ်ငှားဟု ဆိုတာကြောင့် အိမ်လခပေးဖို့ တာဝန် ရှိပါတယ် ။

 

     မြေရှင်က သတ်မှတ်ထားတဲ့ အိမ်လခကို တိုက်ခန်းနေသူတွေက ပေးရတာ ဖြစ်ပြီး အိမ်လခတွေကိုတော့ နားလည်မှုနဲ့ သတ်မှတ်ကြ      တယ်လို့ သိရပါတယ် ။

     “ မြေယာ နှင့် အခွန်က သတ်မှတ်ထားတဲ့ အိမ်လခက ၂၀ဝ / ၂၅၀ ( ကျပ် ) ၊ ဒါက ခု နဲ့ မကိုက်ညီတော့ဘူး ၊  ခုတော့ နားလည်မှု နဲ့            ပေးနေကြတာပါ ၊ ထောင်ဂဏန်း ဝန်းကျင် ပေးရပါတယ် ” လို့ အိမ် ခြံ မြေ အကြံပေး ရှေ့နေဦးကိုကိုက ဆိုပါတယ် ။

 

     လခပေးလည်း မခိုင်မာသေးပါ

     မြေရှင်ကို အိမ်လခ မှန်မှန် ပေးသွင်း နေပေမဲ့ ၊ အိမ်ရှင် အသိအမှတ် ပြုတယ် ဆိုပေမဲ့ အမည်ပေါက် နေရာမှာ မူလပိုင်ရှင်ရဲ့  အမည်      နဲ့သာ ဆက်လက် တည်ရှိနေတာကြောင့် တိုက်ခန်းနဲ့ ပတ်သက်တဲ့ တစ်စုံတစ်ခု ဖြစ်ပေါ်လာပါက ပိုင်ဆိုင်မှုမှာ မူလပိုင်ရှင် နာမည်နဲ့        သာ ရရှိမှာ ဖြစ်ပါတယ် ။

 

     အိမ်ရှင် အနေနဲ့လည်း မိမိနဲ့ သင့်မြတ်သူ ကိုသာ ထောက်ခံပေးခြင်းမျိုး ဖြစ်ပေါ်လာနိုင်တယ်လို့  သိရပါတယ် ။

      “ အခု အဖြစ်များနေတာက တိုက်ဟောင်းပြီး  ပြိုကျလာမှုတွေပေါ့ ၊ မြေရှင်ကို အိမ်လခတော့ သွင်းတယ် ၊ ဒါပေမဲ့ အရက် မူးပြီး             နေ့တိုင်း သောင်းကျန်းနေတော့ ကန်ထရိုက် နဲ့ တိုက်အသစ် ပြန်ဆောက်တော့ မြေရှင်က အခန်းမပေးတော့ဘူး ဆိုပြီး ပြဿနာ             တွေ တက်နေတယ် ” ဆိုပါတယ် ။

 

     ငှားရမ်းခ တိုးလို့

     ၁၉၆၀ ပြည့်နှစ် ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေမှာ အိမ်ရှင် အခွင့်အရေး အရ ငှားရမ်းခ တိုးတောင်းခွင့် ရှိတယ်လို့ ပါရှိပါတယ် ။      ဥပဒေ အရ ငှားရမ်းခ တိုးတောင်း နိုင်ပေမဲ့ အိမ်ရှင်တွေအနေနဲ့ ငှားရမ်းခ နှစ်စဉ် တိုးမြှင့် ကောက်ခံနေတာကြောင့် အပျောက်                တိုက်ခန်း ဝယ်ယူသူတွေ အခက် တွေ့ကြရပါတယ် ။

 

     ယခုဆိုရင် အိမ်လခ တစ်လ ကျပ် ၅၀ဝ၀ အထိ ပေးကြရသလို အိမ်လခကိုလည်း ပုံစံ အမျိုးမျိုးနဲ့ ကောက်ခံနေကြတယ်လို့ သိရပါ        တယ် ။

     “ ကျွန်မတို့ဘက်မှာတော့ အိမ်လခ ရယ်လို့ မဟုတ်ဘဲ ရေခွန် ၊ မီးခွန် ဆိုပြီး တစ်လကို ကျပ် ၃၀၀၀ ပေးရတယ် ၊ တချို့တိုက်တွေမှာ         တော့ ဒီထက်များတယ် ပြောတယ် ” လို့  လှိုင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ဆိုပါတယ် ။

 

      Credit (  ဥပဒေရေးရာ )

Related Posts

အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း

 အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ -  ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင် ကုမ္ပဏီအား...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate