လယ်ယာမြေကို တရားဝင် အိမ်ဆောက် ဆိုင်ဆောက် သုံးလို့ရအောင် ဘယ်လို လုပ်ရမလဲ။

လယ်ယာမြေကို တရားဝင် အိမ်ဆောက် ဆိုင်ဆောက် သုံးလို့ရအောင် ဘယ်လို လုပ်ရမလဲ။

လယ်ယာမြေကို တရားဝင် အိမ်ဆောက် ဆိုင်ဆောက် သုံးလို့ရအောင် ဘယ်လို လုပ်ရမလဲ။

 

       လယ်ယာမြေကို အခြားနည်းသုံးစွဲရန် ခွင့်ပြုချက် လျှောက်ထားရမှာပါ ။ လယ ၃၀ ခွင့်ပြုချက် ( အရင်က လ / န ၃၉ ) လျောက်တယ် ခေါ်ပါတယ် ။ ခွင့်ပြုချက် ရရင် သတ်မှတ်တဲ့ နည်းအတိုင်း သုံးလို့ရပါပြီ ။ လယ်မြေ အမျိုးအစားကို ဗဟိုထိ တင်ပြ ခွင့်ပြုချက်ရမှ အသုံးပြုနိုင်မှာ ဖြစ်ပြီး လယ်မြေ မဟုတ်တဲ့ ကျန်လယ်ယာမြေတွေကိုတော့ ပြည်နယ်တိုင်းအဆင့်က ခွင့်ပြုချက်ရရင် အသုံးပြုနိုင်ပါတယ် ။ ခွင့်ပြုချက် ရတာနဲ့ မြေငှါးဂရန်ပါ ဆက်လျောက်လိုက်ပါ ။ ဒါဆိုရင် တရားဝင်လဲ သုံးလို့ ရသလို့ အမည်ပေါက် မြေပိုင်ဆိုင်မှုလည်း ခိုင်မာသွားပါပြီ ။

 

      လယ်ယာမြေမှာ မစိုက်ပျိုးပဲ အခြားနည်းသုံး ( အိမ်ဆောက် ၊ ဆိုင်ဆောက် ၊ စီပွားရေး လုပ်ငန်းအတွက် စိုက်ပျိုးခြင်းမှအပ အသုံးပြု ) ချင်ရင် မြို့နယ် မြေစာရင်းဦးစီးဌာနက တဆင့် လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ အရ လျှောက်ရပါတယ် ။ မြို့နယ်မြေစာရင်း ဦးစီးဌာနနဲ့ လယ်စီအဖွဲ့  အဆင်ဆင့်တို့ကပဲ အမှုတွဲဖွင့်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ် ။

 

       ပုံစံ ( ၇ ) မရသေးတဲ့ လယ်ယာမြေကို လယ်ယာမြေ ဥပဒေပါ ပြဌာန်းချက်အရဆိုရင် လျောက်လို့ မရနိုင်ပါဘူး ။ ဥပဒေ ပုဒ်မ ၃ 

( ဃ ) လယ်ယာမြေ လုပ်ပိုင်ခွင့်မှာ တည်ဆဲ ဥပဒေ ၊ နည်းဥပဒေများနှင့် အညီ လယ်ယာမြေကို လက်ရှိထားပြီး စိုက်ပျိုးလုပ်ကိုင် အသုံးချခြင်းလို့  ဆိုပါတယ် ။ ပုံစံ ( ၇ ) ရှိသူမှာ အခွင့်အရေး ( ၃ ) ရပ် ရပါတယ် ။ လက်ရှိထားခွင့် ၊ စိုက်ပျိုးခွင့် ၊ မြေအသုံးချခွင့် ဖြစ်ပါတယ် ။ လယ်ယာမြေ လုပ်ပိုင်ခွင့်ရှိသူ ဆိုတာ ပုံစံ ( ၇ ) ရသူ ၊ သူ့မှာသာ ဒီအခွင့်အရေး ( ၃ ) ခု ရတဲ့အတွက် ပုံစံ ( ၇ ) ရမှသာ အခြားနည်းသုံးနိုင်ခွင့် လျှောက်လို့ ရမဲ့သဘော ဖြစ်ပါတယ် ။

 

      ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က ထုတ်ပြန်တဲ့ ညွှန်ကြားချက်မှာ လယ်ယာမြေကို အခြားနည်း အသုံးပြုရန် လျောက်ထားလာရင် စိစစ်ရမယ့် စီစစ်ချက်မှာတော့ ပထမ ပုံစံ ( ၇ ) ရ / မရ စိစစ်ပါ ။ မရရင် ဘာကြောင့် မရတာလဲ ၊ ဘာကြောင့် ထုတ်မပေးတာလဲ ဆိုတာကို စီစစ်ပါ ၊ သက်ဆိုင်ရာ ဌာနများက ထောက်ခံချက်တွေ ရယူပါလို့ ဆိုတဲ့အတွက် ပုံစံ ( ၇ ) မရသေးလည်း လျှောက်နိုင်တဲ့ သဘောတွေ ပါနေတာ တွေ့ရပါတယ် ။ လက်ရှိ မြေပြင်မှာလည်း ပုံစံ ( ၇ ) ရှိရှိ မရှိရှိ အခြားနည်းသုံးဖို့ လျှောက်ထား ကြပါတယ် ၊ မြေစာရင်း ဌာနနဲ့ လယ်စီအဖွဲ့က စိစစ်တဲ့အခါ မရှိဘူး ဆိုရင်လည်း ဘာကြောင့် ပုံစံ ( ၇ ) မရှိတာလဲ ဆိုတာကို ဖော်ပြ ၊ သက်ဆိုင်ရာ ဌာနများက ထောက်ခံချက်ယူပြီး တင်ပြ လျှောက်ထားကြပါတယ် ။ ခွင့်ပြုနေတာလဲ ရှိပါတယ် ။

 

     အချုပ်အားဖြင့် တင်ပြချင်တာက မိမိအသုံးပြုနေတဲ့ လယ်ယာမြေကို တရားဝင် အခြားနည်းသုံးလို့ ရအောင် ပုံစံ ၇ ရှိရှိ မရှိရှိ လယ ၃၀ လျောက်လိုက်ပါ ။ ခွင့်ပြုချက် ရရင် သုံးလို့ရပါပြီ ။ ခွင့်ပြုချက်ရတာနဲ့ မြေငှါးဂရန် ဆက်လျောက်ပြီး ဂရန်အမည်ပေါက် ယူလိုက်ပါ။ စိတ်ချလက်ချ ခိုင်ခိုင်မာမာ သုံးနိုင် ငှားနိုင် ရောင်းနိုင်ပါပြီ ။

 

    ပူးတွဲ ....

၁ ။ လျှောက်လွှာပုံစံ

၂ ။ လျောက်ထားနည်း / ဆောင်ရွက်ပုံ

၃ ။  ဗဟိုလယ်စီ၏ ညွှန်ကြားချက်

၄ ။ ခွင့်ပြုချက် ပုံစံ

 

Credit (  ဥပဒေရေးရာ )

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate