နယ်မှာ ဂရန်လျှောက်ရင် ဘယ်လောက်ကြာသလဲ
နယ်မှာ ဂရန်လျှောက်ရင် ဘယ်လောက်ကြာသလဲ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မျိုးမင်းထွန်း
ယခင်က မြေငှားဂရန် ထုတ်ပေးမှုများ၌ မြေဧရိယာ (၁)ဧက
အထိကို ရက်ပေါင်း(၄၀) အတွင်း ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ
ထုတ်ပေးပါသည် ။
မြေဧရိယာ (၁)ဧကအထက်မှ (၅)ဧကအထိကို ရက်(၆၀)အတွင်း
ပြည်နယ်တိုင်း အုပ်ချုပ်ရေးမှူး၏ စိစစ်ခွင့်ပြုချက်ဖြင့်
ခရိုင်ထွေအုပ်မှ ထုတ်ပေးပါသည်။
မြေဧရိယာ ( ၅ )ဧက အထက်ကို (၈၁)ရက်အတွင်း ရုံးချုပ်၏
ခွင့်ပြုချက်ဖြင့် ခရိုင်ထွေအုပ်မှ ထုတ်ပေးပါသည် ။
ယခုထပ်မံ၍ ပြင်ဆင်ဖြေလျှော့ ပေးထားသည့်
လုပ်ထုံးလုပ်နည်းများအရ -
( ၁ ) ဧကအထိကို ၃၂ ရက် ၊
( ၁ ) ဧကမှ ( ၅ ) ဧကထိ ၄၈ ရက် ၊
( ၅ ) ဧကအထက်ကို ၇၃ ရက်လို့ ညွှန်ကြားထားပါကြောင်း..။
ထို့သို့ သတ်မှတ်ရက်များအတွင်း ထုတ်ပေးသွားနိုင်ရေး
ဆင့်ကဲ ကြပ်မတ်ဆောင်ရွက်ရန် ၊ သတ်မှတ်ထားသည့်
အချိန်အတွင်း မြေငှားဂရန်များ ထုတ်ပေးနိုင်ရေး
အလေးထား ဆောင်ရွက်သွားရန်လို့ ရုံးချုပ်က ညွှန်ကြား
ထားရှိပါသည်။ ( ယခုသတ်မှတ်ချက်မှာ အမှုတွဲ စတင်
ဖွင့်လှစ်သည့် နေ့မှ ဂရန်ထုတ်ပေးသည့် နေ့အထိ
ရေတွက်ခြင်း ဖြစ်ပါသည်။
ဂရန်လျှောက်သောမြေက အရှုပ်အရှင်း ကင်းပြီး အချက်အလက်
ပြည့်စုံသော မြေ ဖြစ်ရပါမည် ။ လျှောက်ထားသူ မြေပိုင်ရှင်ဘက်က
အချက်အလက် ပြည့်စုံရန် ၊ အရှုပ်အရှင်း ကင်းရန် လိုအပ်ပါသည်။
ကန့်ကွက်ခြင်း ၊ အရှုပ်အရှင်းများ ရှိခြင်း ၊ အချက်အလက် မပြည့်စုံခြင်းများ
ရှိပါက အချိန်ကြန့်ကြာခြင်း ၊ မြေဂရန် မရနိုင်ခြင်းများ ရှိနိုင်ပါသည် ။ )
ထို့အပြင် မြေဂရန်နှင့် ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရန် အချက်များ
အနေနဲ့ မြေငှားဂရန် ၊ လိုင်စင်များ ချထားပေးခြင်းသည် ပြည်သူလူထု၏
စိတ်ချယုံကြည်မှု ရှိစေခြင်း အပြင် နိုင်ငံတော် အတွက် ထိုက်သင့်သည့်
အခွန်ငွေ ရရှိစေခြင်း ဖြစ်သဖြင့် မြေငှားဂရန် လျှောက်ထားခြင်း
မရှိသေးသူများအား လျှောက်ထားလာစေရေး စည်းရုံးဆောင်ရွက်သွားရန် ၊
သက်တမ်းလွန် ဂရန်များအား ဂရန်သက်တမ်းတိုး လျှောက်ထားစေရေး
အဆင့်ဆင့် စိစစ် ကြပ်မတ် ဆောင်ရွက်သွားရန် ၊ စကွာတာ
ကျူးကျော်မြေများ နှင့် စနစ်တကျ ကျူးလွန်မြေများကို ကွင်းဆင်း
တိုင်းတာ၍ ဒဏ်ကြေး အဖြစ် အထက်မြန်မာနိုင်ငံတွင်
အထက်မြန်မာနိုင်ငံ မြေနှင့် အခွန်နည်းဥပဒေ ( ၅၁ ) ( ဈဈ ) အရ
မြေငှားခ နှုန်းထား၏ ( ၃ ) ဆ စည်းကြပ် ကောက်ခံသွားရန်နှင့်
အောက်မြန်မာနိုင်ငံတွင် အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ
အက်ဥပဒေ ပုဒ်မ ၁၉ အရ မြေငှားခနှုန်းထား၏ (၅)ဆ
စည်းကြပ် ကောက်ခံသွားရန် ၊
မြို့မြေငှားဂရန်များ ထုတ်ပေးနိုင်ရေး အတွက် မြို့နယ်နိမိတ်အတွင်း
ပါဝင်သော်လည်း မူလ စိုက်ပျိုးမြေ အမည်ပေါက်လျက် ရှိသော
မြို့မြေ အဖြစ် သတ်မှတ်ထားခြင်း မရှိသေးသော မြေများအား
မြို့မြေ အဖြစ် မြေအမျိုးအစား ပြောင်းလဲ သတ်မှတ်နိုင်ရေး
တည်ဆဲဥပဒေ ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ အမြန် ဆောင်ရွက်သွားရန် ၊
မြို့မြေများအား ကွက်စိပ် တိုင်းတာနိုင်ရန် အတွက် Boundary Officer နှင့်
Demarcation Officer ခန့်အပ် တာဝန်ပေးနိုင်ရေး အမြန် တင်ပြဆောင်ရွက်ရန် ၊
မြေငှားဂရန် အသစ် ထုတ်ပေးခြင်းများ နှင့် ပတ်သက်၍ မြေယာဥပဒေ ၊
လုပ်ထုံးလုပ်နည်းများ နှင့် အညီ ခွင့်ပြု ထုတ်ပေးသွားရန် ၊
ပြည်သူလူထု နှင့် ဌာနဆိုင်ရာများ အကြား အုပ်ချုပ်မှု အားနည်းချက်များ ၊
အခြား အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေး အတွက် ပြည်သူလူထု၏
အကျိုးစီးပွားကို တည်ဆဲဥပဒေများ ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ
မှန်မှန်ကန်ကန် နှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးသွားရန် ၊
သို့ဖြစ်၍ မြေစီမံခန့်ခွဲရေး ဥပဒေများနှင့် အညီ မြေယာစီမံခန့်ခွဲရေး
ကိစ္စများကို အထက်ပါ ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်
သွားရန် ရုံးချုပ်မှ ညွှန်ကြားထားပါကြောင်း သိရှိနိုင်ရန် တင်ပြလိုက်ရပါသည် ။
( ဂရန်လျောက်ထားရာမှ ကာယကံရှင်က ပါဝင်ပြည့်စုံရမည့်
အချက်များကို ပူးတွဲ တင်ပေးလိုက်ပါတယ် ။ ရုံးအလိုက် အနည်းငယ်
ကွဲပြားနိုင်ပါတယ် ။ မြေနဲ့ ပတ်သက်တဲ့ မြေခွန်ပြေစာတို့ ၊
ရောင်းဝယ်စာချုပ်တို့ ၊ SP , GP တို့လဲ ယူသွားရပါတယ် ။
ခရိုင်ထွေအုပ် ရုံးမှာ လျောက်လွှာယူပြီး လျောက်ထား ရပါမယ် ။ )
( ဒီညွှန်ကြားချက်က ရန်ကုန်မြို့မပါ ကျန်မြို့များအတွက်သာ ဖြစ်ပါသည် ။
ရန်ကုန်တွင် မြို့တော်စည်ပင်မှ ဂရန်ထုတ်ပေးပါသည်) ။
Credit Myo Min Tun ကူးယူ ဖော်ပြပါသည် ။
Credit ( ဥပဒေရေးရာ )
Related Posts
ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...
စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...