အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံကူးလျှောက်ထားခြင်း

    အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် 

    မြေပုံကူးလျှောက်ထားခြင်း

 

    မြေပိုင် မြေ ၊ ဘိုးဘ ပိုင်မြေ ၊ ဂရန်ရှိ မြေပိုင်မြေ ၊ မြေငှားစာချုပ်

    ( ဂရန် ) မြေ ၊ စကွာတာမြေ ၊ ဂရန်သက်ကုန်မြေနှင့် လယ်ယာမြေ

    နှင့် အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ် ၃ ( ခ ) သို့မဟုတ် 

    ၃ ( က ) ရရှိပြီးမြေများနှင့် ပတ်သက်၍ အမွေဆက်ခံ 

    ပိုင်ဆိုင်ကြောင်း စာချုပ် ချုပ်ဆိုရန် အတွက် မြေအမည်ပေါက်

    ကွယ်လွန်၍ ဥပဒေအရ ဆက်ခံခွင့်ရှိသူ သို့မဟုတ် မှတ်ပုံတင်

    စာချုပ်စာတမ်းဖြင့် ရရှိပိုင်ဆိုင်လာသူ ကွယ်လွန်၍ ဥပဒေအရ 

    အမွေဆက်ခံခွင့်ရှိသူ သို့မဟုတ် ပြည်ထဲရေးဝန်ကြီးဌာန ၊

    ၁၉၈၇ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို

    ကန့်သတ်သည့် ဥပဒေအရ ပိုင်ဆိုင်သူနှင့် ကိတ္တိမ မွေးစားစာချုပ်ဖြင့်

    ပိုင်ဆိုင်သူတို့မှ လျှောက်ထားနိုင်ပြီး သက်သေခံ မြေပုံနှင့်မြေရာဇဝင် 

    လျှောက်ထားရယူလိုသူသည် ဤဌာန၏ သတ်မှတ်ပုံစံနှင့်အတူ 

    အောက်ပါအတိုင်း အထောက်အထားများကို တင်ပြလျှောက်ထားရမည် -

 

( က ) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် 

         အမျိုးသား မှတ်ပုံတင် ကတ်ပြားမိတ္တူ ၊

( ခ )  မြေငှားစာချုပ် ( ဂရန် ) ၊ စကွာတာမြေ နှင့် သက်ကုန်မြေ ဖြစ်ပါက 

         မြေငှားခ ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ်

         မြေငှားခ နောက်ဆုံး ပေးဆောင်ပြီးကြောင်း ပြေစာ ၊

( ဂ )  မြေငှားစာချုပ် ( ဂရန် ) မြေ နှင့် ဂရန်သက်ကုန်မြေ ဖြစ်ပါက

         မြေငှားစာချုပ် ( ဂရန် ) မိတ္တူ ၊

( ဃ ) ကွယ်လွန်သူ၏ သေစာရင်း ၊ သချိုင်းလက်မှတ် နှင့် သေစာရင်း

          တင်ပြနိုင်ခြင်း မရှိပါက မြို့နယ် ကျန်းမာရေးဦးစီးဌာန နှင့် 

          ရပ်ကွက် နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့မှ

          သေဆုံးကြောင်း ထောက်ခံချက် မိတ္တူ ၊ အမွေဆက်ခံခွင့်ရှိသူက

          တရားရုံးတွင် ပြုလုပ်ခဲ့သည့် ကျမ်းကျိန်လွှာ သို့မဟုတ် 

          ကတိသစ္စာပြုလွှာ မူရင်း ၊

 

( င )  အထက် အပိုဒ် ( ဃ ) ပါ အမွေဆက်ခံခွင့်ရှိသူကို သိရှိသူ

         လူပုဂ္ဂိုလ် ( ၂ ) ဦး သိရှိကြောင်း နှင့် မှန်ကန်ကြောင်းကို 

         တရားရုံးတွင် ပြုလုပ်ခဲ့သည့် ထောက်ခံကျမ်းကျိန်လွှာ 

          ( ၂ ) စောင် မူရင်း ၊

( စ )   မြေပိုင်မြေ ၊ ဘိုးဘပိုင်မြေ နှင့် ဂရန်ရှိ မြေပိုင်မြေများ ဖြစ်ပါက

         အမည်ပေါက်စာချုပ် သို့မဟုတ် မှတ်ပုံတင်ထားသော 

         စာချုပ်စာတမ်း နှင့် ပိုင်ဆိုင်မှု နှင့် ပတ်သက်သည့် တရားရုံး မှ

         ချမှတ်ထားသည့် အမိန့် ဒီကရီ တစ်ရပ်ရပ် မိတ္တူ ၊၊

( ဆ ) ၁၉၈၇ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို 

         ကန့်သတ်သည့် ဥပဒေဆိုင်ရာ စိစစ်ရေးအဖွဲ့၏ ဆောင်ရွက်မှု

          အပေါ်  ပြည်ထဲရေးဝန်ကြီးဌာန အမိန့်မိတ္တူ ။

 

        အထက် အပိုဒ် ၃၅ လျှောက်ထားမှုများတွင် သက်သေခံ 

        မြေပုံ နှင့် မြေရာဇဝင် ထုတ်ပေးရန် အတွက် ဌာနမှ 

        အောက်ပါအတိုင်း စိစစ်ရမည် -

 

( က ) ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင်

          ပြည့်စုံစွာ ရေးဖြည့်ထားခြင်း ရှိ ၊ မရှိ ၊

( ခ )  နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင် 

        ကတ်ပြား မိတ္တူကို မူရင်း နှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ ၊ မရှိ ၊

( ဂ )  မြေငှားစာချုပ် ( ဂရန် ) မြေ ဖြစ်ပါက မြေငှားခ ကြွေးကျန် 

         ကင်းရှင်း‌ကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခ

         နောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူကို မူရင်းနှင့်

         တိုက်ဆိုင် စစ်ဆေးခြင်း ရှိ ၊ မရှိ ၊

( ဃ ) မြေငှားစာချုပ် ( ဂရန် ) မြေ ဖြစ်ပါက မြေငှားစာချုပ် ( ဂရန် ) 

          မိတ္တူကို မူရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်း နှင့် မှတ်ပုံတင်စာချုပ်

          အဆက်အစပ် ရှိပါက ၎င်းစာချုပ်များကို မူရင်း နှင့် 

          တိုက်ဆိုင်စစ်ဆေးခြင်း ရှိ ၊ မရှိ ၊

 

( င )  ကွယ်လွန်သူ၏ သေစာရင်းမိတ္တူကို မူရင်းနှင့် 

        တိုက်ဆိုင်စစ်ဆေးခြင်း ရှိ ၊ မရှိ ၊

( စ )  မြေပိုင်မြေ ၊ ဘိုးဘပိုင်မြေ နှင့် ဂရန်ရှိ မြေပိုင်မြေ ၊

        လယ်ယာမြေနှင့် အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ်

         ၃ ( ခ ) သို့မဟုတ် ၃ ( က ) ရရှိပြီးမြေများ ဖြစ်ပါက 

        မှတ်ပုံတင်ထားသော စာချုပ်စာတမ်း မိတ္တူများအား 

        မူရင်း နှင့် တိုက်ဆိုင်စစ်ဆေးခြင်း နှင့် ပိုင်ဆိုင်မှုနှင့် 

        ပတ်သက်သည့် တရားရုံးမှ ချမှတ်ထားသည့် 

        အမိန့်ဒီကရီ မိတ္တူတို့ကို မူရင်းနှင့် တိုက်ဆိုင် 

        စစ်ဆေးခြင်း ရှိ ၊ မရှိ ၊

( ဆ ) ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို

         ကန့်သတ်သည့် ဥပဒေဆိုင်ရာ စိစစ်ရေးအဖွဲ့၏ ဆောင်ရွက်မှု

         အပေါ်  ပြည်ထဲရေးဝန်ကြီးဌာန အမိန့် မိတ္တူအား မူရင်းနှင့်

         တိုက်ဆိုင် စစ်ဆေးခြင်း ရှိ ၊ မရှိ ၊

 

( ဇ )  ဝန်ဆောင်ခ ပေးသွင်းခြင်း ရှိ ၊ မရှိ ၊

( ဈ ) တင်ပြထားသည့် မြေဆိုင်ရာ အထောက်အထားများ နှင့်

        မြေစာရင်း ကိုက်ညီမှု ရှိ ၊ မရှိ စိစစ်ခြင်း နှင့် 

        မြေပုံမြေရာဇဝင် ရေးဆွဲခြင်း ၊

( ည ) မြေရာဇဝင်ပါ မှတ်ချက်များကို အောက်ပါအတိုင်း စိစစ်ခြင်း -

 

( ၁ ) လျှောက်ထားသောမြေသည် မြေစာရင်းတွင် 

        သက်တမ်းကုန်ဆုံးခြင်း ရှိ ၊ မရှိ ၊

( ၂ ) မြေစာရင်းတွင် မြေသိမ်း ရှိ ၊ မရှိ ၊

( ၃ ) မြေစာရင်းတွင် မြေတန်ဖိုး ဖြတ်မှတ်ချက် ရှိ ၊ မရှိ ၊

( ၄ ) မြေစာရင်းတွင် အစိုးရဌာနဆိုင်ရာများ၏ တားမြစ်ချက် ရှိ ၊ မရှိ ၊

 

( ၅ ) မြေစာရင်းတွင် တရားရုံး တားဝရမ်း သို့မဟုတ်

        ဘဏ်တစ်ခုခုမှ ကန့်ကွက်ချက်ရှိ ၊ မရှိ ၊

( ၆ ) မြေစာရင်းတွင် ကန့်ကွက်ချက် ရှိ ၊ မရှိ ၊

( ၇ ) မြေစာရင်းတွင် ဂရန် စည်းကမ်းပျက် မှတ်ချက် ရှိ ၊ မရှိ ၊

( ၈ ) ပြည်တွင်းအခွန်များဦးစီးဌာနမှ ကန့်ကွက်တားမြစ်ချက် 

       သို့မဟုတ် ကြွေးကျန်ရှိ ၊ မရှိ ၊

( ၉ ) မြေစာရင်းရှိ မှတ်ချက်များသည် တင်ပြထားသည့် 

        အထောက်အထားများ နှင့် ဆက်စပ်မှု ရှိ ၊ မရှိ ၊

 

( ဋ ) ၁၉၈၇ခုနှစ် မရွေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို

        ကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ ၊ မရှိ ၊

( ဌ )  မြေပြင် ကွင်းဆင်း စစ်ဆေးခြင်း ၊ မြန်မာ့အလင်း ၊ ကြေးမုံနှင့်

         မြို့တော် သတင်းစာတို့တွင် သီးခြား သတင်းစာ ကြော်ငြာခြင်း ၊

( ဍ ) သီးခြားသတင်းစာ ကြော်ငြာပြီး ကန့်ကွက်ချက်များ မရှိပါက 

        လျှောက်ထား ပါ မြေပုံနှင့် ပတ်သက်၍ အဆင့်ဆင့် စိစစ်ပြီး 

        ခွင့်ပြုမိန့် ရယူခြင်းနှင့် မြေပုံ၌ လက်မှတ်ရေးထိုးခြင်း ၊

        ထုတ်ပေးခြင်း နှင့် ထုတ်ပေးပြီးကြောင်း မြို့မြေ စာရင်းတွင် 

        မှတ်သားခြင်း ။

 

 * * မှတ်ချက် ။ * * 

( ၁ ) မှတ်ပုံတင်စာချုပ်ဖြင့် ပိုင်ဆိုင်သူ ၊ တရားရုံး ဒီကရီရရှိသူနှင့် 

        ၁၉၈၇ခုနှစ် မရွေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို 

        ကန့်သတ်သည့် ဥပဒေဖြင့် ပိုင်ဆိုင်သူများမှ လျှောက်ထားလာပါက

        မြေပြင် ကွင်းဆင်း စစ်ဆေးရာတွင် မြေပြင် လက်ရောက်ရရှိမှု 

        မရှိကြောင်း စစ်ဆေး တွေ့ရှိရပါက လျှောက်ထားမှု တစ်ခုချင်းစီ

        အလိုက် သီးခြား စိစစ်ဆောင်ရွက်ရန် ။

 

( ၂ )  မူလ ( ၂ ) ဦး နှင့် အထက် ပူးတွဲ အမည်ပေါက်များနှင့် စပ်လျဉ်း၍

         အမည်ပေါက်တစ်ဦးမှ တရားရုံး စီရင်ချက် အထောက်အထားနှင့် 

         မြေကွက်ခွဲစိတ်ခွင့် လျှောက်ထားခြင်း ကိုသာ အပြန်အလှန်

         စွန့်လွှတ်စာချုပ် ချုပ်ဆိုရန်မလိုဘဲ တစ်ဖက်သတ် ခွဲစိတ်ခွင့် 

         ပြုနိုင်သည် ။ မြေစာရင်းတွင် တရားရုံး စီရင်ချက်ပါ 

         တောင်းဆိုသည့် သက်သာခွင့်နှင့် ပစ္စည်းစာရင်း ကို

         အပြည့်အစုံ မှတ်သား ထားရှိရမည် ။  

         ( ကျန်ပူးတွဲ အမည်ပေါက် တစ်ဦးဦးမှ မြေစီမံခန့်ခွဲမှု 

         လျှောက်ထားလာလျှင် ကျန်အစိတ်အပိုင်း အသီးသီးကို 

         လျှောက်ထားသူက ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်

         ချုပ်ဆိုပြီးမှ ဆက်လက် ဆောင်ရွက်ပေးရမည်။ )

 

   ကိုးကား

       ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ 

       ( ၂၃ . ၁ . ၂၀၁၇ ) ရက်စွဲပါ ကော်မတီဝင်များ 

        အစည်းအဝေး မှတ်တမ်း ( ၃ / ၂၀၁၇ )  

       ဆုံးဖြတ်ချက် အပိုဒ် ( ၆ ) ( က / ၄၂ )  အရ

       ယာယီ အတည်ပြုထားသည့်  မြို့ပြစီမံကိန်းနှင့်

       မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

 

     ဆရာကြီးမိုးထက် ( ၂၄ . ၇ . ၂၀၂၀ ) ရက်နေ့

 

      Credit (  ဥပဒေရေးရာ )

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate