ဂရန် ပျောက်ဆုံး သွားလျှင် အသစ် လျှောက်လို့ ရပါသလား သိချင် ပါတယ် ။

ဂရန် ပျောက်ဆုံး သွားလျှင်  အသစ် လျှောက်လို့ ရပါသလား  သိချင် ပါတယ် ။

 ၁ ။ ဂရန် ပျောက်ဆုံး သွားလျှင် အသစ် လျှောက်လို့ ရပါသလား 

သိချင် ပါတယ် ။ ( မူလ ဂရန် ရှိပြီး မြေကို အကြောင်း အမျိုး 

မျိုးဖြင့်ဂရန် ပြန်လည် လျှောက် ထားခြင်း ) မူလ ဂရန် ရှိပြီး

မြေကို ဂရန် သက်တမ်း ကုန်ဆုံး၍ လည်းကောင်း ၊ လွှဲပြောင်း

၍ လည်းကောင်း ၊ ဦးပိုင် ခွဲ၍ လည်းကောင်း ၊ ဂရန်ပျောက်

မိတ္တူ လျှောက်၍ လည်းကောင်း ၊ ဂရန် အမျိုးအစား ပြောင်း

၍ လည်းကောင်း လျှောက်ထား လာပါက အောက်ဖော် ပြပါ

အတိုင်း အမျိုး အစား ခွဲခြား ဆောင်ရွက် ပါသည် -

 

( ၁ ) ဂရန် အမည် ပြောင်း ၊

( ၂ ) ဂရန် ဦးပိုင်ခွဲ ( ဂရန်မြေ တစ်ခုကို အမည် မပြောင်းဘဲ 

ဂရန်နှစ်ခု ၊ သုံးခု ထပ်မံ ခွဲစိတ် လျှောင်ထား ခြင်း )

( ၃ ) ဂရန် သက်တမ်း တိုး ( ဂရန် သက်တမ်း ကုန်၍ ထပ်မံ

 သက်တမ်းတိုး လျှောက်ထား ခြင်း )

( ၄ ) သက်တမ်းတိုး ၊ အမည်ပြောင်း ( အမည်လည်း ပြောင်း 

သက်တမ်း လည်း တိုးမည် )

( ၅ ) ဦးပိုင်ခွဲ ၊ အမည်ပြောင်း ( ဂရန်မြေ တစ်ခုကို နှစ်ခု ၊ 

သုံးခုခွဲပြီး အမည် ပြောင်းခြင်း )

( ၆ ) ဂရန်ပျောက် ၊ သက်တမ်းတိုး ၊ အမည်ပြောင်း ( သက်

တမ်းကုန် ဂရန် ပျောက်ဆုံးပြီး သက်တမ်းတိုး ၊ အမည်ပြောင်း 

လျှောက်ထားခြင်း)

( ၇ ) ဂရန် မိတ္တူ လျှောက်ထားခြင်း ( ဂရန် မူရင်း ပျောက်ဆုံး 

သွား၍ 

အမည် ပြောင်းခြင်း မပြုဘဲ ဂရန် မိတ္တူ လျှောက်ထားခြင်း )

( ၈ ) တောမှ မြို့ပြောင်း လျှောက်ထားခြင်း ( ယခင် ပုသိမ်ကြီး

အမရပူရ မြို့ပြင်ပရှိ မြေများကို ထုတ်ပေး ထားသည့် တော

ဂရန် များကို မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မ

တီ နယ်နိမိတ် အတွင်း ကျရောက်၍ အမည် မပြောင်းဘဲ မြို့

ဂရန် အဖြစ် ပြောင်းလဲ လျှောက်ထားခြင်း)

( ၉ ) တောမှ မြို့ပြောင်း ၊ အမည်ပြောင်း ( တောဂရန်မှ မြို့ဂရန်

 အပြင် 

အမည်ပါ ပြောင်းပေးရန် လျှောက် ထားခြင်း ဖြစ်ပါသည် ။)

 

၂ ။ အထက် ဖော်ပြပါ ဂရန် လျှောက်ထား မည်ဆိုပါက အောက် 

ဖော်ပြပါ အထောက် အထား စာချုပ် စာတမ်း များကို ပူးတွဲ

တင်ပြ ရပါမည် -

( ၁ ) ကာယကံ ရှင်၏ မှတ်ပုံတင် မိတ္တူမှန် ၊

( ၂ ) ဂရန်စာချုပ် မိတ္တူမှန် ၊

(၃) အမွေ ဆက်ခံ ဖြစ်ပါက အမွေ ဆက်ခံ ပိုင်ဆိုင်ကြောင်း 

ကြေညာ စာချုပ် မိတ္တူ မှန်နှင့် ကျမ်းကျိန်ချက် ၊

( ၄ ) အရောင်း အဝယ် ၊ ပေးကမ်း ၊ စွန့်လွှတ် စာချုပ် မိတ္တူမှန် ၊

( ၅ ) တရားမမှု ဖြစ်သည့် မြေဖြစ်ပါက တရားရုံး ဒီကရီ ၊ တရား

မ ပုံစံ ( ၁၀၆ )

( ၆ ) မြေခွန် ပြေစာ မိတ္တူမှန် ၊

( ၇ ) အိမ်ထောင်စု ဇယား မိတ္တူမှန် ၊

( ၈ ) အဆောက် အဦးဓါတ်ပုံ ၊

( ၉ ) ရပ်ကွက် အုပ်ချုပ် ရေးမှူး ရုံး၏ ထောက်ခံချက် ၊

( ၁၀ ) အမည်ပေါက် ၊အမွေ ဆက်ခံသူများ သေဆုံးပါက သေစာ

ရင်း မိတ္တူ မှန်များ ။

 

၃ ။ အထက် ဖော်ပြပါ မြို့ဟောင်း မြေမှ ဂရန် လျှောက်ထားမှု များကို 

သတင်းစာ ကြော်ငြာပြီး ကန့်ကွက် မရှိ ၊ အရှုပ် အရှင်း မရှိပါက ( ၁ )

လအတွင်း အပြီး ဆောင်ရွက် ပေးနိုင် ပါသည်ဟု ဌာန ဆိုင်ရာက

ဖော်ပြ ထား ပါသည် ။

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate