ဂရန်မြေ

ဂရန်မြေ

အမေး - ကျွန်တော့် မိဘတွေဟာ ကျွန်တော့် အမေရဲ့ အဘွား လက်ထက် ကတည်းက 

ဂရန် အမည်ပေါက် မြေနဲ့အိမ် (၂၀'X၄၀') မှာ အခုလက်ရှိ အထိရှိနေပါတယ် ။ 

အခုလက်ရှိ ကအမေ့ရဲ့ အဖေ ၊ ကျွန်တော် အဘိုးရဲ့ အမည် ပေါက်နဲ့ပါ ။ အဘိုးလည်း 

ဆုံးတာ ကြာပါပြီ ။ ကျွန်တော့် အဘိုးရဲ့ လက်ထက်မှာ အငြိမ်းစား ကျောင်းအုပ် 

ဆရာမကြီး တစ်ဦးက ကျွန်တော်တို့ မြေကွက်ရဲ့ ခြေရင်းက ၁၀ ပေလောက်မြေပို 

( ကျွန်တော်တို့ မြေကွက်နဲ့ လုံးဝမသက်ဆိုင် ) ကို တစ်နည်းနည်းနဲ့ ဝယ်လိုက်ပါတယ် ။ 

ပေမပြည့်လို့ ဂရန်မရဘူးလို့ သိရပါတယ် ။ အဲ့ဒီဆရာမကြီး အိမ်ဆောက်ချင် တဲ့အခါ 

ဂရန်မြေ မဟုတ်လို့ ဆောက်မရလို့ ဆိုပြီး အဘိုးဆီ အကူအညီလာ တောင်းပါတယ်။ 

အဘိုးကလည်း အငြိမ်းစား အချင်းချင်းဆိုပြီး ကူညီတဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ ဂရန်မှာ 

အပေါင်းတစ် ဆိုပီး လုပ်ခွင့်ပေး လိုက်မိပါတယ် ။ ( ဘာအကျိုး အမြတ်မှ မယူခဲ့ပါ ) ။ 

မူရင်းဂရန် " ဦးသန်းတင် " အမည်ပေါက်ကနေ " ဦးသန်းတင်+၁ " ဆိုပြီး ဖြစ်သွားတာပါ ။ 

အဘိုးတို့ ဆရာမကြီးတို့လည်း ဆုံးပြီး အခုအခါမှာ ဆရာမကြီးရဲ့  ဆွေမျိုးတွေက 

ဆရာမကြီးရဲ့ အိမ်ကို ငွေရှင် ကြေးရှင် တစ်ယောက်ကို ရောင်းလိုက်ပါတယ် ။ အဲ့ဒီသူက 

ကျွန်တော့်မိဘတွေ အိမ်ကိုပါ ဝယ်ချင်နေပြီး ဂရန်အရ +၁ ဖြစ်တဲ့ အခုလက်ရှိ 

ကျွန်တော့်မိဘတွေ နေတဲ့ မြေနဲ့အိမ်ကိုပါ သူတစ်ဝက်ဆိုင်သလို ပြောနေပြီး စျေးနှိမ်ပါတယ် ။ 

သူတစ်ဝက် ဆိုင်တဲ့အတွက် တစ်ခြားသူကို ရောင်းမရဘူးလို့ လည်းဆိုပါတယ် ။ 

တစ်ကယ်ပဲ ကျွန်တော့်မိဘတွေရဲ့ ဘိုးစဉ် ဘောင်ဆက် နေလာတဲ့မြေက ကျွန်တော်တို့လည်း 

ဘာအကျိုးအမြတ်မှ မရပဲသူက တစ်ဝက်ပိုင်ဆိုင်သွားပါသလား ။ သူ့မှာ အရေးဆိုပိုင်ခွင့်

 ရှိနေပါသလား ။ ကျွန်တော့်မိဘတွေ ဟာတစ်သက်လုံး ဘိုးစဉ် ဘောင်ဆက် နေလာတဲ့ 

မြေပေါ်မှာနေပြီး မကြာမကြာ ဟိုလူကသူနဲ့ ဆိုင်သလို လာပြောပြီး သူ့ကိုပဲရောင်းဖို့ တင်တင်စီးစီး 

စျေးနှိမ်ပြီး လာပြောနေတာကို ခံနေရလို့ အတော်လေး စိတ်ဆင်းရဲ နေရပါတယ် ။ ကျေးဇူးပြုပြီး 

ဖြေကြား ပေးစေ လိုပါတယ် ခင်ဗျာ ။ ဂရန်+၁ ဖြစ်နေတဲ့ မြေကိုသူတစ်ဝက် ပိုင်ဆိုင် နေပါသလား ။ 

အရေးဆိုခွင့် ရှိနေပါသလား ?

 

အဖြေ - အဘိုး အမည်ပေါက် မြေဂရန်မှာ အငြိမ်းစား ဆရာမကြီးကို +၁ ပေါင်းပေး လိုက်သည့် 

အတွက် မြေဂရန် စာအုပ်မှာ ဆရာမကြီးပိုင်တဲ့ မြေဧရိယာ ၁၀ပေ သည် ကိုစိုးထွန်းနောင်

 အဘိုးပိုင်ဆိုင်တဲ့ ပေ၂၀×ပေ၆၀ မြေကွက်နှင့် ပေါင်းပြီး ပေ၃၀× ပေ၆၀ မြေကွက်အဖြစ် 

ပေါ်ပေါက်နေပြီ ဖြစ်ပါသည် ။  သူတစ်ဝက် ဆိုင်တယ် ဆိုပြီး ပြောတဲ့ အပေါ်မှာ ဂရန်မှာ 

ပူးတွဲနေတဲ့ အတွက်ကြောင့်  ဆရာမကြီး ဆွေမျိုးများက အမွေဆက်ခံပြီး တစ်ဝက်ပိုင်တယ်လို့ 

ပြောဆိုလျှင်တော့ ဥပဒေအရ တစ်ဝက်ဆိုင်သလို ဖြစ်နိုင်ပေမဲ့ ဝယ်ယူသူသည် သူစိမ်းတစ်ဦး

ဖြစ်၍ သူတစ်ဝက် ပိုင်တယ်လို့ ပြောခွင့်မရှိပါဘူး ။ ဆိုင်လည်း မဆိုင်ပါဘူး ။ ပိုင်လည်း မပိုင်ပါဘူး။

ဆရာမကြီးဆီကနေ မြေကွက် ဝယ်ယူသူသည် ၁၀ပေ မြေကွက်ဖြစ်၍ မှတ်ပုံတင် အရောင်းအဝယ် 

စာချုပ် ချုပ်ဆို လို့မရပါဘူး ။ ရပ်ကတိ အရောင်း အဝယ်စာချုပ်နဲ့ ဝယ်ယူထားတာ ဖြစ်သည့်အတွက် 

ဂရန်တွင် ဆရာမကြီး နာမည်မှ သူ့နာမည်ပြောင်းရန် လျှောက်ထားလို့ မရပါဘူး ။ 

+၁ ကိစ္စကို ဖြေရှင်းရမည့် နည်းလမ်းကတော့ ကိုစိုးထွန်းနောင်၏  မိဘဖြစ်သော အဘိုး၏ သားသမီးက 

အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ် ချုပ်ချုပ်ဆိုပြီး ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ၊ 

မြို့ပြ စီမံခန့်ခွဲရေး နှင့် မြေစီမံ ခန့်ခွဲမှုဌာနတွင် အမည်ပြောင်း လျှောက်ထားရပါမည် ။ အမည်ပြောင်း ပြီးသွားရင် 

တစ်ဖက်သတ် မြေတိုင်း လျှောက်ထား ရပါမည် ။ တစ်ဖက်သတ် မြေတိုင်း လျှောက်ထား 

လိုက်ခြင်းဖြင့် မိမိမြေကွက် သီးသန့်ဖြင့် မြေတိုင်း မြေပုံထုတ်ပေး ပါလိမ့်မည် ။ မြေတိုင်း လျှောက်ထားပြီး 

မြေပုံထွက် လာလျှင် တစ်ဖက်သတ် မြေကွက် ခွဲစိတ်တိုင်းတာခြင်း လျှောက်ထားပြီး မိမိပိုင်မြေကို 

ဂရန် ခွဲထုတ်ရပါမည် ။ ထိုအခါ ကိုစိုးထွန်းနောင် တို့ပိုင်ဆိုင်တဲ့ မြေကွက် ပေ၂၀× ပေ၆၀ သည် 

အမွေဆက်ခံသည့် သားသမီးအမည်ဖြင့် ဂရန်ထွက်လာပြီ ဖြစ်ပါသည် ။ တစ်ခုရှိတာက ကိုစိုးထွန်းနောင် 

တို့ မြေကွက်သည် ပေ၂၀× ပေ၆၀ အပြည့်ရှိ ဖို့တော့ လိုအပ်ပါသည် ။ ပေမပြည့်လျှင်တော့ 

ဂရန်ခွဲထုတ်လို့ မရပါဘူး ။ တစ်ဖက်မြေကွက် ၁၀ပေ ဝယ်ယူထားသူက လာရောက်ကန့်ကွက်

လျှင်လည်း ၄င်းဝယ်ယူထားတာ ၁၀ပေ ကို အရပ်စာချုပ်နဲ့ ဝယ်ယူ ထားတာဖြစ်လို့ ကန့်ကွက်စာ တင်လို့မရပါဘူး။ 

အခြားသူကို ရောင်းတဲ့ အခါမှာတော့ အပေါ်က လုပ်ငန်းစဉ်များ အတိုင်း ဂရန်ခွဲထုတ်ပြီးမှသာ ရောင်းချလို့ 

အဆင်ပြေမှာပါ ။ ဂရန်မခွဲ ထုတ်ထားလျှင် ဝယ်သူသည် +၁ ပါဝင်နေလို့ ဝယ်ယူရဲမည်မဟုတ်ပါ ။

 ဒါကြောင့်လည်း တစ်ဖက်မြေကွက်က သူ့ကိုဘဲ ရောင်းမှ ရမှာဆိုပြီး စျေးနှိမ်ခြင်း ဖြစ်ပါသည် ။ 

သူ့ကို စျေးနှိမ်ပြီး မရောင်းရဖို့အတွက် အထက်တွင် ပြောပြထားသည့် လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း 

ဆောင်ရွက် ရမှာဖြစ်ကြောင်း ရှင်းလင်း အကြုံပြုအပ် ပါသည် ။

#ဥပဒေရေးရာ

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate