စလစ်မြေ အကြောင်း မေးမြန်းတာ များလာ တာကြောင့် ဖော်ပြ ပေးလိုက် ပါတယ် ။

16-Nov-21 အခြား
စလစ်မြေ အကြောင်း မေးမြန်းတာ များလာ တာကြောင့် ဖော်ပြ ပေးလိုက် ပါတယ် ။

စလစ်မြေ အကြောင်း မေးမြန်းတာ များလာတာကြောင့်  ဖော်ပြ ပေးလိုက် ပါတယ် ။ 

ယနေ့ခေတ်မှာ ဂရန်မြေက စျေးများတာ ရယ် အမည်ပြောင်း ဝယ်ခွန်ဆောင် ရတာ ရယ်ကြောင့်

အချို့က စလစ် မြေကို ရွေးချယ် ဝယ်ယူကြတာတွေ လည်း ရှိကြပါတယ် ။ စလစ်မြေ ဆိုတာ 

တိုးချဲ့  မြို့မြေ, လယ်ယာမြေ အစား အစားထိုးချ ပေးတဲ့မြေ နဲ့  မြို့နယ် ​မြေစာရင်း က စလစ် 

ထုတ်ပေးပြီး အမည်ပေါက် နေထိုင်ခိုင်းတဲ့ ​မြေပဲ ဖြစ်ပါတယ်..  မြေပြေစာ ထွက်ပါတယ် ။ 

အရွယ်အစား ကတော့ လက်ဖဝါးအရွယ် ဝါကျင့်ကျင့် အရောင်ပါ ။ 

 

 အဲ့ဒီ စလစ်စာရွက် နောက်ကျောမှာ မြေကွက်ချ ထားပေးတဲ့ဌာန၊ ဥပမာ- မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး 

တိုးတက်ရေး ဦးစီးဌာန ရုံးအမည် တံဆိပ်အဝိုင်းနှင့် တာဝန်ခံအရာရှိရဲ့ လက်မှတ် ပါရှိပါတယ် ။

( အောက်တွင် ဖော်ပြပေးထား ပါတယ်။ )စလစ်မြေ မဝယ်ခင် စလစ်မှာပါတဲ့ အမည်ပေါက်

 မည်သူ မည်ဝါ နဲ့ ရောင်းသူနဲ့ မည်သို့တော်စပ်သလဲ...သို့မဟုတ် စပ်ဆက်စာချုပ်

 အဆက်ဆက် နဲ့ မြေရာဇဝင်ကို သိဖို့လိုပါတယ် ။ စလစ်ဟောင်းများ ၊ မိတ္တူကူးထား

 သော စလစ်များနှင့် စလစ် အမည်ပေါက်သူ မဟုတ်ဘဲတစ်ဆင့်ခံ ရောင်းချခြင်းများ 

 ရှိနေသောကြောင့် နစ်နာမှု မရှိစေရန်  ပိုင်ဆိုင်မှု အထောက်အထား ၊ စာရွက်စာတန်း 

များကို သေချာစိစစ် ဝယ်ယူ သင့်ပါတယ် ။ စလစ်သည် အတု ဟုတ် မဟုတ် သက်ဆိုင်ရာ

 မြေစာရင်းမှာ စစ်ဖို့လိုသလို ရောင်းသူ လက်ရောက် ပိုင်ဆိုင်ခြင်း ရှိ မရှိ သွား စစ်ဆေးဖို့လည်း လိုပါတယ်..

စလစ်မြေကို လွှဲပြောင်း ရောင်းချသည့် အခါမှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး မှာ မှတ်ပုံတင် 

အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုခွင့် မရပါ ၊ အရပ်စာချုပ် ( အရောင်းအ၀ယ် ကတိစာချုပ် ) 

ဖြင့်သာ ချုပ်ဆိုပြီး အရောင်းအ၀ယ် ပြုလုပ်နိုင်ပါတယ် ။

 

စလစ်မြေကို အမည်တိုက်ရိုက် ပြောင်းလို့မရပါ ပါမစ်မြေ ဂရမ်မြေ စသည့်မြေ အမျိုးမျိုးကို

 အရင်လျှောက် ထားရပါတယ် ၊  အရောင်းအ၀ယ် စာချုပ်မှုရင်းနဲ့ စလစ်မှုရင်း ကိုယူပြီး

 မြေပေးအမိန့် သက်ဆိုင်ရာ မြေစီမံခန့်ခွဲ ရေးဌာနမှာ အရင်သွား ရောက်လျှောက် ရပါတယ်

 ထို့မှတဆင့် ပါမစ်မြေ ၊ ဂရမ်မြေအဖြစ် အဆင့်ဆင့် ထပ်လျှောက်ထား နိုင်ပါတယ် ။

စာချုပ် ချုပ်တဲ့အခါ မြေတိုင်းပြီး သေချာ ချုပ်ပါ လိူ့ ထုတ်နုတ် ဖော်ပြအပ်ပါတယ်

Credit ( မူရင်းရေးသားသူ အာဘော် အားအနည်းငယ် ဖြည့်စွက် ရေးသား ထားပါသည် ။)

 

#ဥပဒေရေးရာ # စလစ်မြေ

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!