“ မြေလွတ် ၊ မြေလပ် နှင့် မြေရိုင်း များ ” အသုံးပြုခွင့် လျှောက်ထားနည်း

16-Nov-21 အခြား
“ မြေလွတ် ၊ မြေလပ် နှင့် မြေရိုင်း များ ” အသုံးပြုခွင့် လျှောက်ထားနည်း

“မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ ” အသုံးပြုခွင့်လျှောက်ထားနည်း။ 

မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်း တွေရဲ့ လုပ်ပိုင်ခွင့် ၊ 

အသုံးပြုခွင့် စတာတွေနဲ့ မြေလွတ် မြေလပ် အဖြစ် 

သတ်မှတ်ထားတဲ့ မြေ အမျိုးအစားတွေကတော့

" မြေလွတ် ၊ မြေလပ် နဲ့ မြေရိုင်း တွေရဲ့ လုပ်ပိုင်ခွင့် ၊ 

အသုံးပြုခွင့် ဗဟိုကော်မတီ " က နိုင်ငံအတွင်းရှိ 

မြေလွတ် ၊ မြေလပ် နဲ့ မြေရိုင်း တွေကို 

စိုက်ပျိုးရေးလုပ်ငန်း ၊ မွေးမြူရေးလုပ်ငန်း ၊ ဓာတ်သတ္တု

ထုတ်လုပ်ခြင်းလုပ်ငန်း နဲ့ အစိုးရက ခွင့်ပြုပေးထားတဲ့ 

ဥပဒေ နဲ့ ညီညွတ်တဲ့ တခြား လုပ်ငန်းတွေမှာ

လုပ်ကိုင်နိုင်ပါတယ်။  

အဆိုပါ မြေ နဲ့ ပတ်သက်တဲ့ အသုံးပြုခွင့် ရရှိလိုရင် 

လျှောက်ထားခွင့် ရှိသူတွေကတော့ 

(၁) မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူ ၊ 

(၂) အစိုးရ ဌာန ၊ အစိုးရ အဖွဲ့အစည်း နဲ့ 

အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများ ၊

(၃) ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်း

ခြင်းကို ကန့်သတ်တဲ့ ဥပဒေပုဒ်မ ၁၄ နှင့် အညီ 

ကင်းလွတ်ခွင့် ပြုထားသူများ ၊ 

(၄) အစိုးရ ဌာန ၊ အစိုးရအဖွဲ့အစည်း အရပ်ရပ်နဲ့ အကျိုးတူ 

ကိစ္စတွေ အတွက် ဆောင်ရွက်မယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု 

ဥပဒေအရ ခွင့်ပြုထားတဲ့ ရင်းနှီးမြှုပ်နှံသူတွေ ၊ 

(၅) မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူ တွေနဲ့ အကျိုးတူ

ကိစ္စရပ်တွေအတွက် ဆောင်ရွက်မယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု 

ဥပဒေအရ ခွင့်ပြုထားတဲ့ ရင်းနှီးမြှုပ်နှံသူ စတာတွေပဲ 

ဖြစ်ပါတယ်။

* မြေလွတ် ၊ မြေလပ်အဖြစ် သတ်မှတ်တဲ့ မြေ တွေ ကတော့ 

အရင်က သီးစားခံ လုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုး

ကြောင့် စွန့်လွှတ်ထားတဲ့ သီးစားခံယူ လုပ်ကိုင်သူမရှိတဲ့ 

စိုက်ပျိုးရေး သို့မဟုတ် မွေးမြူရေး လုပ်ကိုင်နိုင်တဲ့မြေနဲ့

နိုင်ငံတော်က သီးသန့် သတ်မှတ်ပေးထားတဲ့ မြေတွေ

ဖြစ်ပါတယ်။ 

* မြေရိုင်းကတော့ တစ်ကြိမ်တစ်ခါမှ စိုက်ပျိုးလုပ်ကိုင်ခဲ့

တာမရှိတဲ့ မြေသစ် ၊ တောရိုင်းမြေ တို့ဖြစ်ပါတယ်။ 

စိုက်ပျိုးရေး လုပ်ငန်း ၊ မွေးမြူရေးလုပ်ငန်း ၊ ဓာတ်သတ္တု 

ထုတ်လုပ်တာတွေကို အစိုးရက ခွင့်ပြုထားတဲ့ ဥပဒေ နဲ့ 

ညီညွတ်တဲ့ တခြားလုပ်ငန်းလုပ်ဖို့ တရားဝင်

ပယ်ဖျက်ထားတဲ့ ကြိုးဝိုင်းသစ်တော စားကျက်မြေနဲ့ 

အင်းအိုင် မြေတွေ ပါဝင်ပါတယ်။ 
 

မြေလွတ် ၊ မြေလပ် နဲ့ မြေရိုင်းလုပ်ပိုင်ခွင့် နဲ့ ရရှိသူ လိုက်နာရမယ့် 

စည်းကမ်း တွေကတော့ 

* ခွင့်ပြုထားတဲ့ လုပ်ငန်းအမျိုးအစားနဲ့ ၄င်းနဲ့ 

ဆက်နွှယ်လျက်ရှိတဲ့ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ရမယ်။ 

* ခွင့်ပြု ထားတဲ့ မြေလွတ် ၊ မြေလပ်နဲ့ မြေရိုင်းတွေကို 

ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရဘဲ ပေါင်နှံတာ ၊ 

ပေးကမ်းတာ ၊ ရောင်းချတာ ၊ အငှားချထားတာနဲ့

တခြားနည်းနဲ့ လွှဲပြောင်းတာ ၊ ခွဲစိတ်တာတွေ

ပြုလုပ်လို့မရပါဘူး။
 

" မြေလွတ် မြေရိုင်း ကနေ လယ်ယာမြေ ဖြစ်ဖို့ 

လျှောက်လွှာ ပုံစံ ၁၀ နဲ့ လျှောက်ထားနိုင်"

လယ်ယာမြေ မဟုတ်တဲ့ မြေလွတ် မြေရိုင်း မှာပါတဲ့ 

မမြဲဦးပိုင် ကျူးလွန် စိုက်မြေ တွေကို  လယ်ယာမြေ အဖြစ် 

လျှောက်ထားဖို့ လျှောက်လွှာပုံစံ (၁၀) နဲ့  တိုင်းဒေသကြီး 

လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ကို လျှောက်ထားနိုင်တယ် ***

၄။ " မြေလွတ် ၊ မြေလပ် နှင့် မြေရိုင်း များ လုပ်ငန်းဆောင်ရွက်ရန်

ပျက်ကွက်လျှင် အသုံးပြုခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်း ခံရမည် "

အသုံးပြုခြင်းမရှိသေးသော မြေလွတ် ၊ မြေလပ် နှင့် မြေရိုင်း

များကို နိုင်ငံတော်က ပြန်လည်သိမ်းယူပြီး သတ်မှတ်ထားသည့် 

စည်းကမ်းချက် များ နှင့်အညီ ဆောင်ရွက်ရန် ပျက်ကွက်ပါက 

အာမခံကြေး ကို ဘဏ္ဍာငွေ အဖြစ် သိမ်းဆည်း ခံရမည့် အပြင် 

လုပ်ပိုင်ခွင့် ၊ အသုံးပြုခွင့် ကို ပြန်လည် ရုပ်သိမ်းခံရမည်။ 

* ပုံစံ (၇) မရရှိသေးသော မြေ များနှင့်ပတ်သက်၍

စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ပေးနိုင်ခြင်းမရှိပါ။

Crd: ဥပဒေရေးရာ
 

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate