ဂရန်မြေ ကို အရပ်စာချုပ် ဖြင့် ၀ယ်ယူလျှင် ပိုင်ဆိုင်မှု ခိုင်မာသလား ?

ဂရန်မြေ ကို အရပ်စာချုပ် ဖြင့် ၀ယ်ယူလျှင် ပိုင်ဆိုင်မှု ခိုင်မာသလား ?

ဂရန်မြေ ကို အရပ်စာချုပ် ဖြင့် ၀ယ်ယူလျှင် ပိုင်ဆိုင်မှု ခိုင်မာသလား ?

ဂရန်မြေ ကို အရောင်းအဝယ် ပြုလုပ်ကြတဲ့အခါ 
တန်ဖိုးငွေကျပ် ၁၀၀ နှင့် အထက်ရှိ မရွှေ့မပြောင်းနိုင် သည့်ပစ္စည်းကို 
မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန် လိုအပ်သဖြင့် 
မှတ်ပုံတင်စာချုပ် ချုပ်ဆိုမှသာ တရားဝင်
အရောင်း အဝယ်စာချုပ် ဖြစ်ပါမည်။ 
အချို့ အရောင်းအဝယ် ပြုလုပ်ကျရာတွင် 
အရပ်ကတိ အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီး 
ဂရန်အမည် ပြောင်းသူထံမှ ကိုယ်စားလှယ်လွှဲစာ ပြုလုပ်ထားပြီး 
ဆက်လက်ဆောင်ရွက်ခြင်းမပြုဘဲ နေထိုင်နေကြပါသည်။

ကိုယ်စားလှယ်လွှဲစာ သည် ပေးအပ်သူ ၊ လက်ခံသူ 
သေဆုံးသွားသည့်အချိန် ၊ ပေးအပ်သူမှ 
ပြန်လည်ရုပ်သိမ်း သွားသည့်အချိန်အခါများတွင် 
ဆက်လက်ဆောင်ရွက်၍ မရတော့ပါဘူး။ 
ထိုအခါမှ မှတ်ပုံတင်စာချုပ် ချုပ်ဆိုလိုလျှင် 
သက်ဆိုင်ရာ ခရိုင်တရားရုံးသို့ မှတ်ပုံတင်စာချုပ် ချုပ်ပေး စေလိုမှု 
တရားစွဲဆိုပြီး တရားရုံးမှ သက်သေများကို 
စစ်ဆေး၍ ပိုင်ဆိုင်မှု မှန်ကန်ပါက အမိန့်ချပေးမှာဖြစ်ပါသည်။ 
အမိန့်ချပြီးမှ တရားလိုသည် အမိန့်အပေါ်အတည်ပြုဆောင်ရွက်ရန် 
တရားမဇာရီမှု ဆက်လက်ဖွင့်ပြီး တရားရုံးမှ 
တာဝန်ပေးအပ်ခြင်းခံရသူက ရောင်းသူကိုယ်စား
မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးမှာ ဖြစ်ပါတယ်။ 
ထိုသို့ဆောင်ရွက်ပါ က အချိန်ကြာမြင့်မှု ၊ ရှေ့နေခကုန်ကျစရိတ် ၊ 
တရားရုံး ကုန်ကျစရိတ်နှင့် အချိန်ကြာမြင့်မှုများစွာရှိနိုင်ပါတယ်။ 
ထို့အတွက်ကြောင့် ဂရန်မြေကို ဝယ်ယူသူများအနေဖြင့် 
အောက်ပါလုပ်ငန်းစဉ်အတိုင်း တဆက်တည်း 
လုပ်ဆောင်ထားမှသာ တရားဝင်ပိုင်ဆိုင်မှုခိုင်မာမှာဖြစ်ပါသည်။

 

- စရန်ပေးစာချုပ် ချုပ်ဆိုခြင်း။

- ရောင်းသူကို အရောင်းမြေပုံ / မြေရာဇဝင် ကူးခိုင်းခြင်း။

- မြေငှားဂရန် အမည်ပေါက် မှန်ကုန်မှု ရှိ/မရှိ စစ်ဆေးခြင်း။

- နိုင်ငံပိုင် သတင်းစာ တွင် အရောင်းအဝယ် နှင့် ပတ်သက်၍ 
ကန့်ကွက်သူ ရှိ / မရှိ ကြော်ငြာ ထည့်သွင်းခြင်း။

- မှတ်ပုံတင် အထူးကိုယ်စားလှယ်လွှဲစာ ပြုလုပ်ခြင်း။

- အပြီးသတ် ငွေပေးချေခြင်းစာချုပ် ချုပ်ဆိုခြင်း။

- ရန်ကုန်တိုင်း ကာလတန်ဖိုး စိစစ်ရေးအဖွဲ့သို့ တင်ပြ၍ 
မြေ နှင့် အိမ် တန်ဖိုးသတ်မှတ်ခြင်း။

- မြို့နယ် အခွန်ဦးစီးဌာန တွင် ကာလတန်ဖိုး စိစစ်ရေးအဖွဲ့မှ
သတ်မှတ်ပေးသည့် တန်ဖိုးအပေါ် ဝယ်ယူခွန် ထမ်းဆောင်ခြင်း။

- ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်စာချုပ် ချုပ်ဆိုခြင်း။ 
စသည့် အဆင့်ဆင့် ဆောင်ရွက်ပြီးမှသာ အရောင်း အဝယ် သည် 
တရားဝင်အရောင်းအဝယ်အဆင့်သို့ ရောက်မည် ဖြစ်ပါသည်။

ထိုသို့ ချုပ်ဆိုထားသော မှတ်ပုံတင်စာချုပ် ဖြင့် 
ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ မြို့ပြ စီမံကိန်းနှင့်
မြေစီမံခန့်ခွဲမှုဌာန တွင် မြေအမည်ပေါက် ပြောင်းလဲရန် လျှောက်ထားရမှာ ဖြစ်ပါသည်။

အထက်ပါအတိုင်း ဆောင်ရွက်ပြီး တရားဝင် မှတ်ပုံတင်စာချုပ် ချုပ်ဆိုခြင်း ၊ 
မြေငှားဂရန် တွင် မိမိအမည် ပေါက်ပြောင်းလဲခြင်းများ 
ဆောင်ရွက်ပြီးမှသာ မိမိ ပိုင်ဆိုင်သောမြေ အဖြစ် 
တာဝန်ဝင် ပိုင်ဆိုင်မှု အထောက်အထား ရရှိမှာဖြစ်ပါသည်။ 
ထိုမှသာ မိမိတို့ စီးပွားရေးလုပ်ငန်းများအတွက် 
မြေငှားဂရန် အပေါင်ထားပြီး 
ဘဏ်တွင် ချေးငွေလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ 
ထို့ကြောင့် မြေငှားဂရန်အမျိုးအစားမြေကွက်ကို 
ဝယ်ယူသူများ အနေဖြင့် တရားဝင်ပိုင်ဆိုင်မှုရရှိရန် 
မှတ်ပုံတင်စာချုပ်ချုပ်ဆိုမှသာ နောက်တစ်ချိန်
ပြန်လည်ရောင်းချရာတွင် လည်း အဆင်ပြေချောမွေ့မှာဖြစ်ပါသည်။

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate