မြေခွန် ဘယ်အချိန် စည်းကြပ် ကောက်ခံသလဲ။

16-Nov-21 အခြား
မြေခွန် ဘယ်အချိန် စည်းကြပ် ကောက်ခံသလဲ။

မြေခွန် ဘယ်အချိန် စည်းကြပ် ကောက်ခံသလဲ။ 

တောမြေခွန် ၊ မြို့မြေခွန် နဲ့ ရေခွန် တာတမံခွန် များကို 
နှစ်တစ်နှစ်ရဲ့ ဘယ်အချိန်မှာ ပြုစုပြီး ကောက်ခံတယ်၊ 
မြေခွန် စည်းကြပ်တယ် ၊ မြေခွန်ပြေစာ ပေးပြီး 
ငွေ ကောက်တယ် ဆိုတာကို သိရှိနိုင်ဖို့ ဖြစ်ပါတယ်။ 
တောမြေခွန်လို့ ခေါ်ကြတဲ့ လယ်ယာမြေ အတွက် 
မြေခွန် ၊ မြို့မြေခွန် လို့ ခေါ်​ဆိုကြတဲ့ ဂရန် ချ​ထားပေးပြီး 
ကောက်ခံတဲ့ မြေခွန် ၊ ဆည်ရေသောက် ဧရိယာများမှာ 
ရေ သုံးစွဲမှုအတွက် ကောက်ခံတဲ့ ရေခွန် 
တာတမံခွန်များကို ဆိုလိုခြင်းဖြစ်ပါတယ်။ 

ဥပဒေအရ အခွန်စည်းကြပ်တဲ့ဌာန၊ 
အခွန် ကောက်ခံတဲ့ဌာန မတူကြပါဘူး။ 
စည်းကြပ်တဲ့ဌာနက စာရင်းရေးသွင်း မှတ်တမ်းပြုစုရပြီး 
ကောက်ခံတဲ့ဌာနက အခွန်ငွေကောက်ခံခြင်း ဖြစ်ပါတယ်။ 
လယ်ယာမြေ ၊ မြို့မြေ များကို မြေစာရင်းဌာနက 
စည်းကြပ်စာရင်းမှတ်တမ်းပြုစုပြီး 
ထွေအုပ်ဌာနက ကောင်ခံခြင်း ဖြစ်ပါတယ်။ 
ရေခွန် တာတမံခွန်မှာလည်း အဆင့်ဆင့်သော 
ကောက်ခံရေးအဖွဲ့များက စည်းကြပ်ကောက်ခံကြပေမဲ့ 
အဓိကအားဖြင့် မြေစာရင်းဌာနက 
စည်းကြပ်စာရင်းပြုစု မှတ်တမ်းတင်ပြီး 
ဆည်မြောင်းဌာနက အခွန်ကောက်ခံခြင်းပဲ ဖြစ်ပါတယ်။ 

တောမြေခွန်နဲ့ မြို့မြေခွန်ကို အောက်မြန်မာပြည် 
မြေခွန်နည်းဥပဒေ အပိုဒ်-၈၁(က) အရ လည်းကောင်း၊ 
အထက်မြန်မာပြည် မြေနှင့် အခွန်စည်းမျဉ်း 
နည်းဥပဒေ အပိုဒ်-၁၄၈(ခ) အရလည်းကောင်း 
မြေခွန်ပြေစာများကို မြေစာရင်းဌာနက 
ပြုစုရေးသွင်းပြီး ပြေစာကို 
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပေးပို့အပ်နှံကြပါတယ်။ 

ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စိစစ်ပြီး 
စာရင်းသွင်း မှတ်တမ်းတင်ပါတယ်၊ 
ပြေစာမှာ ခရိုင်အုပ်ချုပ်ရေးမှူး 
(ကော်လိတ်တော်အရာရှိ) လက်မှတ် 
တံဆိပ်ရိုက်နှိပ်ပြီး မြို့နယ် ထွေအုပ်ကိုပေးပို့ပါတယ်။ 
မြို့နယ် ထွေအုပ်က စာရင်းသွင်းမှတ်တမ်းတင်ပြီး 
ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံးကို ပေးပို့ပါတယ်။ 
ရပ်ကျေးရုံးမှာ စာရင်းသွင်း မှတ်တမ်းတင်ပြီး 
ရပ်ကျေးအုပ်ချုပ်ရေးမှူး လက်မှတ်ထိုးပြီး 
သက်ဆိုင်ရာ ပြည်သူများကို ငွေကောက်ခံရန် 
ပြေစာပေးပို့ခြင်း၊ ရုံးသို့ လာရောက်ယူစေခြင်းများ 
ဆောင်ရွက်ပြီး ငွေကောက်ခံပါတယ်။ 

ရေခွန်များကိုတော့ ၂၀၁၇ ခုနှစ်၊ ရေခွန်နှင့် တာတမံခွန်ဥပဒေအရ 
ရပ်ကွက်ကျေးရွာ ကောက်ခံရေးအဖွဲ့က 
မြေစာရင်းဌာနနဲ့ ဆည်မြောင်းဌာနတို့ရဲ့ 
အကူအညီနဲ့ ပြုစုပြီး မြေစာရင်းဌာနကို ပေးပို့ရပါတယ်၊ 
မြေစာရင်းဌာနက ပြေစာများ ပြုစုပြီး 
ခရိုင် ကောက်ခံရေးအဖွဲ့ ကိုပေးပို့ပါတယ်။ 
ခရိုင်ကမှတဆင့် မြို့နယ်နဲ့ ရပ်ကျေးကို 
ပြေစာပေးပို့ပြီး ရပ်ကျေးကပဲ ငွေကောက်ခံပေးရပါတယ်။ 

မိုးရာသီအတွက် ကောက်ခံစည်းကြပ်တဲ့ 
မြေခွန် ပြေစာများကို မြေစာရင်းဌာနက...

(က) နိုဝင်ဘာလ (၃၀) ရက်နေ့မှာ ပထမအရစ် ၊ 
ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ ဒုတိယအရစ်၊ 
ဇန်နဝါရီလ (၃၁) ရက်နေ့မှာ တတိယအရစ် အပြီး ရေးသွင်းအပ်နှံရပါတယ်။

(ခ) ရေခွန်၊ တာတမံခွန် ပြေစာများကို 
ဒီဇင်ဘာလ (၃၁) ရက်မှ ဇန်နဝါရီလ (၃၁) ရက်အတွင်း ရေးသားပြီး အပ်နှံရပါမယ်။ 

နွေရာသီအတွက် စည်းကြပ်ရတဲ့ မြေခွန် ပြေစာများကို မြေစာရင်းဌာနက...

(က) အောက်မြန်မာပြည်မှာ ဧပြီလ (၁) ရက်နေ့မှာ အပြီး ၊ 
အထက်မြန်မာပြည်မှာ ဧပြီလ (၁၅) ရက်နေ့မှာအပြီး ရေးသွင်း အပ်နှံရပါတယ်။

(ခ) ရေခွန် ၊ တာတမံခွန် ပြေစာများကို 
မေလ (၃၁) ရက်မှ ဇွန်လ (၃၀) ရက်အတွင်း အပြီးရေးသားပြီး အပ်နှံရပါတယ်။ 

မြို့မြေ များအတွက် မြေခွန်ကို
 အောက် / အထက် မြေ နှင့် အခွန်ဥပဒေ များအရ ကောက်ခံပါတယ်။ 
လူ နေထိုင်ရန် / စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် 
မြေငှားဂရန် ထုတ်ပေးထားမှုအပေါ်  မူတည်ပြီး ကောက်ခံကြပါတယ်။ 
ဂရန် ထုတ်ပေးဖို့ အသင့်ဖြစ်တဲ့အချိန်မှာ မြေပိုင်ရှင်က 
ဘဏ်မှာ သတ်မှတ်နှုန်းနဲ့ အခွန်ဆောင်ထားတဲ့ 
ဘဏ်ချလန် အထောက်အထား ပူးတွဲတင်ပြရပါတယ်။ 
ငွေသွင်းပြီးမှ ဂရန် ထုတ်ပေးမှာဖြစ်ပါတယ်။ 
မြေပိုင်ရှင်ကို ဂရန် ထုတ်ပေးပြီးရင် 
ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက 
မြေစာရင်း ဌာနကို ဦးပိုင်မှတ်ပုံစာရင်း (၁-က) မှာ 
ရေးသွင်းဖို့ အကြောင်းကြားပါတယ်။ 

မြေစာရင်းဌာနက နှစ်စဉ် ဒီဇင်ဘာလ (၁) ရက်နေ့အတွင်း 
အကြောင်းကြားစာ ရရှိတဲ့ မြေကိုပဲ မြေငှားဂရန်ခွန် စည်းကြပ်ဖို့ 
ပြေစာ ရေးသားရပါတယ်။ ဒီကာလ နောက်မှ 
အကြောင်းကြားလာတဲ့ မြေ များကိုတော့ နောက်နှစ်ကျမှပဲ 
မြေငှားဂရန်ခွန် စည်းကြပ်ဖို့ ပြေစာ ရေးသားရပါတယ်။ 

ဒါကြောင့် သက်ဆိုင်ရာ ဌာနများနဲ့ အများပြည်သူက 
မြေခွန်ကောက်ခံမှုကို ဘယ်ကာလမှာအပြီး 
ရေးသား စည်းကြပ်ပြုစုကြတယ်၊ 
ဘယ်လို ဆောင်ရွက်ကြတယ်ဆိုတာ 
သိရှိနိုင်ဖို့နဲ့ သတ်မှတ်တဲ့ အချိန်ကာလအတွင်းမှာ 
ပြီးစီးအောင် ဆောင်ရွက်နိုင်ကြဖို့ ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

 

MYOMINTUN

ကူးယူဖော်ပြပါသည်။

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate