အကွက်ရိုက် ထားတဲ့ လယ်ယာမြေ ကိုဝယ်ယူ မိရင် ဘာဖြစ်မှာလဲ အခြားနည်း မကျဘဲ သုံးစွဲမိရင် ဘာဖြစ်မှာလဲ

အကွက်ရိုက် ထားတဲ့ လယ်ယာမြေ ကိုဝယ်ယူ မိရင် ဘာဖြစ်မှာလဲ  အခြားနည်း မကျဘဲ သုံးစွဲမိရင် ဘာဖြစ်မှာလဲ

         မန္တလေးမြို့နှင့် ကပ်လျက်ရှိသော ပုသိမ်ကြီး မြို့နယ် အတွင်းရှိ လယ်ယာမြေ များကို လူအများစုက စိတ်ဝင်စားမှု့  မြင့်တက် လာခဲ့ပြီး မြေကွက်များ အရောင်း  အဝယ်  ဖြစ်လျက်  ရှိနေပါတယ် ။


ပုံစံ ( 7 ) စိုက်ပျိုးမြေ တွေဖြစ် တဲ့ အဲဒီ မြေကွက် တွေကို လယ်ယာမြေ ဥပဒေ နှင့် အညီ 


( 1 ) စိုက်ပျိုး လုပ်ကိုင် ဆောင်ရွက်မှု့ မရှိခြင်း ၊
( 2 ) အခြားနည်းအသုံးပြုခွင့်  မလျှောက်ဘဲ ခွင့်ပြု  မိန့်မရရှိဘဲ အခြားနည်း  သုံးစွဲမှု့ရှိခြင်း
( 3 ) အခြားနည်း ကျထား သော်လည်း လျှောက်ထား သည်အတိုင်း မဆောင်ရွက်ဘဲ ကျော်လွန် ဆောင်ရွက်မှု့  ရှိနေခြင်း ၊
( 4 ) လယ်ယာမြေ များပေါ်တွင် မြေဖို့ခြင်း ၊ ကွက်စိတ် ရိုက်ခြင်း ၊ လှပ်ထားခြင်း ၊ ကွန်ကရစ် လမ်းခင်းခြင်း ၊ အုတ်တံတိုင်း ကာရံထားခြင်း  ၊ ကွန်ကရစ်  တိုင်စိုက်ထူပြီး  ခြံစည်းရိုး ကာထားခြင်း ၊  နေအိမ်  စျေးဆိုင် ခန်းများ ဆောက်လုပ်ခြင်  နှင့် တရားမဝင်မြေအရောင်း အဝယ်များ ပြုလုပ် နေခြင်း တို့အား စီစစ်တွေ့ရှိ ခဲ့ရတယ်လို့ အောင်မြေသာ  စံခရိုင် ၊  မန္ဆလေးမြို့  (  ခရိုင်စီမံ အုပ်ချုပ်ရေး  မှု့အဖွဲ့  ) က သတိပေးစာ  ထုတ်ပြန်ခဲ့  ပါတယ် ။


     ဥပဒေ  နှင့်  ညီညွှတ်မှု့  မရှိဘဲ  လုပ်ကိုင်  ဆောင်ရွက်  နေသူများအား စီမံခန့်ခွဲရေး  နည်းအရ
- အရေးယူ  ဆောင်ရွက်ခြင်း ၊ 
- လယ်ယာမြေ ဥပဒေပုဒ်မ ( ၁၉ ) အရ အမိန့်တစ်ရပ် ကိုဖြစ်စေ ၊ အမိန့်တစ်ရပ်  ထက်ပို၍  ဖြစ်စေ  ချမှတ်ခြင်း  များပြုလုပ်ဖြစ်ကြောင်း နှင့်  မလိုက်နာပါက  လယ်ယာ  မြေဥပဒေ  ပုဒ်မ ခွဲ ( က ) အရ သက်ဆိုင်ရာ  တရားရုံးတွင်  တရားစွဲဆိုခြင်း  ၊  လယ်ယာမြေ  ဥပဒေ  ပုဒ်မ  ၁၇  ( ယ  )  အရ လယ်ယာမြေ  လုပ်ပိုင်ခွင့်  ကို  ရုပ်သိမ်းခြင်း  နှင့်  အခြားနည်း  အသုံးပြုရန်  ခွင့်ပြုချက်ကို ပယ်ဖျက်ခြင်း   များပြုလုပ်မည်   ဖြစ်ကြောင်း  အသိပေးခဲ့  ပါတယ်  ။

အိမ်ခြံ မြေ ဝယ်ယူတယ်  ဆိုတာ ထိုမြေကို  ဝယ်ယူလိုက်တယ်  ဆိုတာထက်  ထိုမြေရဲ့   စာရွက်စာတမ်း   ခိုင်မာမှု့ကို  ရွေးချယ်  ဝယ်ယူမှ  သာလျှင် လက်ဝယ် မရှုံးဆုံး  ရမှာပါ။


     မိမိ  ဝယ်ယူမည့်  မြေက အပေါ်က သတိပေး  ထုတ်ပြန်ခဲ့သည့် အချက်တွေ  နှင့်  မလွတ်ဘဲ ဖြစ်နေပါလျှင် မရွေး ချယ်မိစေဖို့ ထပ်မံ၍  သတိပေးလို  ပါတယ်  ခင်ဗျာ ။

 

yuzanarland.com

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate