ဂရန်မြေကို အရပ်စာချုပ်ဖြင့် ၀ယ်ယူလျှင် ပိုင်ဆိုင်မှုခိုင်မာသလား ?

ဂရန်မြေကို အရပ်စာချုပ်ဖြင့် ၀ယ်ယူလျှင် ပိုင်ဆိုင်မှုခိုင်မာသလား ?

ဂရန်မြေကို အရောင်းအဝယ် ပြုလုပ်ကြတဲ့အခါ 

တန်ဖိုးငွေကျပ် ၁၀၀ နှင့်အထက်ရှိ မရွှေ့မပြောင်းနိုင်သည့်

ပစ္စည်းကို မှတ်ပုံတင် စာချုပ်ချုပ်ဆိုရန် လိုအပ်သဖြင့် 

မှတ်ပုံတင်စာချုပ် ချုပ်ဆိုမှသာ တရားဝင် 

အရောင်း အဝယ်စာချုပ်ဖြစ်ပါမည်။

 အချို့ အရောင်း အဝယ်ပြုလုပ် ကြရာတွင်

 အရပ်ကတိ အရောင်း အဝယ်စာချုပ် ချုပ်ဆိုပြီး 

ဂရန်အမည် ပြောင်းသူထံမှ ကိုယ်စားလှယ် 

လွှဲစာပြုလုပ်ထားပြီး ဆက်လက်ဆောင်ရွက်ခြင်း

မပြုဘဲ နေထိုင်နေကြပါသည်။

ကိုယ်စားလှယ်လွှဲစာသည် ပေးအပ်သူ ၊

 လက်ခံသူ သေဆုံးသွားသည့်အချိန် ၊ ပေးအပ်သူမှ 

ပြန်လည်ရုပ်သိမ်း သွားသည့်အချိန်အခါများတွင်

 ဆက်လက်ဆောင်ရွက်၍ မရတော့ပါဘူး။

 ထိုအခါမှ မှတ်ပုံတင်စာချုပ် ချုပ်ဆိုလိုလျှင် 

သက်ဆိုင်ရာ ခရိုင်တရားရုံးသို့ 

မှတ်ပုံတင်စာချုပ် ချုပ်ပေး စေလိုမှု 

တရားစွဲဆိုပြီး တရားရုံးမှ သက်သေများကို

 စစ်ဆေး၍ ပိုင်ဆိုင်မှုမှန်ကုန်ပါက 

အမိန့်ချပေးမှဖြစ်ပါသည်။ 

အမိန့်ချပြီးမှ တရားလိုသည် အမိန့်အပေါ်

အတည်ပြုဆောင်ရွက်ရန် တရားမဇာရီမှု

 ဆက်လက်ဖွင့်ပြီး တရားရုံးမှ 

တာဝန်ပေးအပ်ခြင်းခံရသူက 

ရောင်းသူကိုယ်စား မှတ်ပုံတင်စာချုပ်

ချုပ်ဆိုပေးမှာဖြစ်ပါတယ်။ 

ထိုသို့ဆောင်ရွက်ပါက အချိန်ကြာမြင့်မှု ၊ 

ရှေ့နေခကုန်ကျစရိတ် ၊ တရားရုံးကုန်ကျစရိတ်နှင့်

 အချိန်ကြာမြင့်မှုများစွာရှိနိုင်ပါတယ်။ 

ထို့အတွက်ကြောင့် ဂရန်မြေကို 

ဝယ်ယူသူများအနေဖြင့် 

အောက်ပါလုပ်ငန်းစဉ်အတိုင်း 

တဆက်တည်း လုပ်ဆောင်ထားမှသာ

 တရားဝင် ပိုင်ဆိုင်မှုခိုင်မာမှာ ဖြစ်ပါသည်။

- စရန်ပေးစာချုပ် ချုပ်ဆိုခြင်း။

- ရောင်းသူကို အရောင်းမြေပုံ/မြေရာဇဝင် ကူးခိုင်းခြင်း။

- မြေငှားဂရန် အမည်ပေါက်မှန်ကုန်မှု ရှိ/မရှိ စစ်ဆေးခြင်း။

- နိုင်ငံပိုင် သတင်းစာတွင် အရောင်း အဝယ်နှင့် ပတ်သက်၍ 

ကန့်ကွက်သူ ရှိ /မရှိ ကြော်ငြာထည့်သွင်း ခြင်း။

- မှတ်ပုံတင်အထူးကိုယ်စားလှယ်လွှဲစာ ပြုလုပ်ခြင်း။

- အပြီးသတ်ငွေပေးချေခြင်းစာချုပ် ချုပ်ဆိုခြင်း။

- ရန်ကုန်တိုင်း ကာလတန်ဖိုး စိစစ်ရေးအဖွဲ့သို့တင်ပြ၍

 မြေနှင့်အိမ်တန်ဖိုးသတ်မှတ်ခြင်း။

- မြို့နယ်အခွန်ဦးစီးဌာနတွင် ကာလတန်ဖိုး 

စီစစ်ရေးအဖွဲ့မှသတ်မှတ်ပေးသည့်တန်ဖိုးအပေါ် 

ဝယ်ယူခွန် ထမ်းဆောင်ခြင်း။

- တံဆိပ်ခေါင်းခွန်ထမ်းဆောင်ခြင်း။

- ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် 

မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း။

 စသည့် အဆင့်ဆင့်ဆောင်ရွက်ပြီးမှသာ 

အရောင်းအဝယ်သည် တရားဝင်အရောင်း အဝယ်အဆင့်သို့ 

ရောက်မည်ဖြစ်ပါသည်။

ထိုသို့ချုပ်ဆိုထားသော မှတ်ပုံတင်စာချုပ်ဖြင့်

 ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ 

မြို့ပြ စီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတွင် 

မြေအမည်ပေါက်ပြောင်းလဲရန်လျှောက်ထားရမှာဖြစ်ပါသည်။

အထက်ပါအတိုင်း ဆောင်ရွက်ပြီး 

တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း ၊

 မြေငှားဂရန်တွင် မိမိအမည်ပေါက် ပြောင်းလဲခြင်းများ 

ဆောင်ရွက်ပြီးမှသာ မိမိပိုင်ဆိုင်သောမြေအဖြစ် 

တာဝန်ဝင်ပိုင်ဆိုင်မှုအထောက် အထားရရှိမှာဖြစ်ပါသည်။

 ထိုမှသာ မိမိတို့စီးပွားရေးလုပ်ငန်းများအတွက်

 မြေငှားဂရန်အပေါင်ထားပြီး ဘဏ်တွင်

 ချေးငွေလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ 

ထို့ကြောင့် မြေငှားဂရန်အမျိုးအစားမြေကွက်ကို

 ဝယ်ယူသူများ အနေဖြင့် တရားဝင်ပိုင်ဆိုင်မှုရရှိရန်

 မှတ်ပုံတင်စာချုပ်ချုပ်ဆိုမှသာ

 နောက်တစ်ချိန်ပြန်လည်ရောင်းချရာတွင်လည်း 

အဆင်ပြေချောမွေ့မှာဖြစ်ပါသည်။

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate