ပါမစ် မြေသည် စာရွက်စာတမ်း အတုပြုလုပ် ရောင်းချမှု အလွန်များသော မြေအမျိုးအစား တစ်မျိုး

ပါမစ် မြေသည် စာရွက်စာတမ်း အတုပြုလုပ် ရောင်းချမှု အလွန်များသော မြေအမျိုးအစား တစ်မျိုး

ပါမစ် မြေသည် စာရွက် စာတမ်း အတုပြုလုပ် ရောင်းချမှု 

အလွန်များသော မြေအမျိုးအစား တစ်မျိုး ဖြစ်သည် ။ 

စာရွက် စာတမ်း များတွင် အတုအစစ် ရှိနိုင်သဖြင့် မြေချ ပါမစ်

မှန်ကန်မှု ရှိ / မရှိ စစ်ဆေးလို ကြပေသည် ။ 

ထို့ကြောင့် ပါမစ် မြေကွက်ကို ဝယ်ယူရန် စရန်ပေး လိုက်သည်နှင့် 

ရောင်းသူ၏ လက်ဝယ်ရှိ မြေချပါမစ်မှာ အစစ်အမှန် ဖြစ်ကြောင်း 

သက်ဆိုင်ရာ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန ၊ မြေယာဌာနနှင့် 

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ မြို့ပြစီမံကိန်း

နှင့် မြေစီမံခန့်ခွဲမှု ဌာနတို့တွင် ပြသ စစ်ဆေးခြင်း များပြု ကြသည် ။

မြေချ ပါမစ် ဝယ်သူများ အနေဖြင့် ယခင်က မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး 

ဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူး လက်မှတ်နှင့် စည်းတံဆိပ်ရိုက် 

နှိပ်ထုတ်ပေးသော ပါမစ်မြေနှင့် ယခု မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန ၊ 

ညွှန်ကြားရေးမှူး လက်မှတ်နှင့် စည်းတံဆိပ် ရိုက်နှိပ် ထုတ်ပေးသော 

ပါမစ်မြေဟု ပုံစံနှစ်မျိုးရှိ နေသောကြောင့် သတိပြု ဝယ်သင့် ပေသည် ။

ပါမစ် မြေကွက် ( အိမ်ရာ ဆောက်လုပ် နေထိုင်ခွင့် လက်မှတ် မြေကွက် ) သည် 

လွှဲပြောင်း ရောင်းချ ပိုင်ခွင့် မရှိတာကြောင့် စာချုပ် စာတမ်း မှတ်ပုံတင်ရုံးက 

မှတ်ပုံတင် အရောင်း စာချုပ်ကိုချုပ် ဆိုပေးခြင်း မရှိပါဘူး ။ 

ထို့ကြောင့် အရောင်းအဝယ် ကတိစာချုပ် အဖြစ်သာ ချုပ်ဆိုကြပြီး မြေဂရန်သစ်တွေ 

လျှောက်ထား လေ့ရှိပါတယ် ။ 

မြေဂရန် လျှောက်ထား ရာတွင် အဆိုပါ မြေကွက် ပေါ်မှာ အဆောက်အဦး ဆောက်လုပ် ထ

ားပြီးဖြစ်ဖို့ လိုအပ်သောကြောင့် အဆောက်အဦ ဆောက်လုပ် ထားလေ့ ရှိပါတယ် ။

ထို့ကြောင့် အိမ်ရာ ဆောက်လုပ် နေထိုင်ခွင့် လက်မှတ် ပါမစ်မြေကို 

ဝယ်လျှင် ဥပဒေ နှင့်အညီ ပိုင်ဆိုင်ခွင့် မရသေးပါဘူး ။ 

အရောင်းအဝယ် အရပ်ကတိ စာချုပ်ချုပ် ဆိုပြီးတော့ ဂရန်သစ် လျှောက်ထားခွင့် ရှိပါတယ် ။ 

ထိုသို့ လျှောက်ထားပြီး မြို့တော် စည်ပင်သာယာရေး ကော်မတီမှ 

ဂရန်သစ် ထုတ်ပေးသည့် အချိန်မှသာ တရားဝင် ပိုင်ဆိုင်မှု ခိုင်မာမှာ ဖြစ်ပါသည် ။

မြေချပါမစ်ဆိုသည်မှာ စည်ပင်မှုမရှိသည့် မြို့သစ် ဒေသများတွင် အိမ်ရာဆောက်လုပ်

ဖို့အတွက် စည်းကမ်းချက်တွေ သတ်မှတ်များ ချပေးထားခြင်း ဖြစ်ပါတယ်။ 

အိမ် ခြံ မြေ အရောင်းအဝယ် ပြုကြရာတွင် ပါမစ်မြေကို အရောင်းအဝယ် 

အများဆုံး ပြုလုပ် ကြသည်ကို တွေ့ရသည် ။ 

ရောင်းအား ကောင်းရသည့် အကြောင်းအရင်းမှာ ပါမစ်မြေ ရောင်းအား ကောင်းရခြင်းမှာ 

စရိတ်ကုန်ကျမှု နည်းခြင်းသည် အဓိက အချက် ဖြစ်သည် ။ 

အရောင်းအဝယ် စာချုပ်ကို အရပ်ကတိ စာချုပ်ဖြင့် ချုပ်ဆို နိုင်သည် ။

 အဆင့်ဆင့်လွှဲပြောင်း ရောင်းချ နိုင်သည် ။ 

အရောင်းအဝယ် အဆက်အစပ် ကွင်းဆက်မပြတ် အရောင်းအဝယ် ကတိစာချုပ် 

များရှိ ရန်သာ လိုသည် ။

ပါမစ်မြေကို ဝယ်ယူမည် ဆိုလျှင်တော့ ဂရန်လျှောက် ထားခြင်း ပြီးဆုံးခြင်း 

မရှိခင် အချိန်အထိ ပိုင်ဆိုင်မှု အထောက်အထား မခိုင်မာ နိုင်ပါဘူး ။ 

သို့ပေမဲ့ ဝယ်ယူ ခွန်ဆောင်ရန် မလိုအပ်သည့် အတွက် ဝယ်ယူ သူများပြားပြီး 

အဝယ်လိုက်သည့် မြေ အမျိုးအစား အဖြစ် အိမ် ခြံ မြေ ဈေးကွက်အတွင်း 

အရောင်း အဝယ် ဖြစ်နေခြင်း    ဖြစ်ပါသည် ။

#Crd to owner

 

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate