ဒီနေ့တော့ ဂရန်မြေကွက် ဝယ်ယူ ချင်ကြတဲ့ မိတ်ဆွေနှစ်ဦး အိမ်ကို တကူးတက လာပြီး သိချင်တာ မေးမြန်း လာပါတယ်။
ဒီနေ့တော့ ဂရန်မြေကွက် ဝယ်ယူချင်ကြတဲ့
မိတ်ဆွေနှစ်ဦး အိမ်ကို တကူးတက လာပြီး သိချင်တာ
မေးမြန်း လာပါတယ်။
တခါမှ မဝယ်ဖူးတော့ ဘာတွေ တောင်းကြည့် ရမလဲ
စရန် ဘယ်လောက် ပေးသင့်လည်း
စသည်ဖြင့် မေးမြန်း လာခဲ့ပါတယ် ။
ဂရန် မြေဝယ်ရင် ဘာတွေ ဆောင်ရွက်ရမလဲ ဆိုတာ မသိသေးတဲ့ မိတ်ဆွေများ
သိနိုင်အောင် ထပ်မံဖော်ပြ ပေးလိုက် ပါတယ် ။
ဂရန်မြေ တရားဝင် ရဝယ်ယူနည်းနှင့် ရာဖြတ်တင်နည်း..။
ဂရန်မြေ ဝယ်ယူလျှင် အောက်ပါ အဆင့်များ လုပ်ဆောင်မှ
ပြည့်စုံပါတယ် ။
➢ အရောင်းအဝယ် စရန်ကြီး ( စရန်ငွေ ) မပေးမီ ( ၃ )ဆင့် လုပ်ဆောင် ရပါမည်...
1။ ဘယ်လောက်ပင် ရင်းနှီးကြပါစေ ဂရန်မိတ္တူကို ယူ၍ စည်ပင် /
ထွေအုပ် စတဲ့ ဌာနတွေမှာ စစ်ဆေးပါ ။
2။ စရန်ကြီး ပေးခါနီး မူရင်းဂရန်ကို မြင်တွေ့ ရမှသာ စရန်ချပါ ။
3။ စရန်ချ ပြီးသည်နှင့် တပြိုင်နက် နိုင်ငံပိုင် သတင်းစာတွင်
ကန့်ကွက်ရန် ရှိ / မရှိ ကြော်ငြာ ထည့်ပါ ။
➢ ၄ - မျိုးရမှ ငွေအပြေချေပါ ။
1။ အရောင်းအဝယ် ပြုလုပ်ရန်အတွက် ထုတ်ယူ ထားသော
2။ မူရင်းဂရန် အမည် ပေါက်ထံ မှ SP ။
3။ မူရင်းဂရန် နှင့် ဆက်စပ် စာချုပ်များ ။
4။ မြေကွက်နှင့် တိုက် လက်ရောက် ရယူပါ ။
➢ ဝယ်ယူပြီး နောက် ၃-ဆင့် ။
1။ တန်ဘိုးလျော့ ချုပ်သည့် စာချုပ် တစ်ဆောင်နှင့် မြေပုံ မြေရာဇဝင်ကို
“ ရာဖြတ် ” တင်ပါ ။
2။ “ရာဖြတ်” ၏ ၊ သတ်မှတ် တန်ဖိုးအရ “ အခွန်တော်ခေါင်း ” နှင့် “
မှတ်ပုံတင်ကြေး” တို့ဖြင့် မှတ်ပုံတင် စာချုပ်ချုပ် ဆိုပါ ။
3။ အားလုံးပြီးမှ မြို့တော်စည်ပင် / ခရိုင်ထွေအုပ်တွင် “ ဂရန် ” နှင့် “
မြေကွက် ” အမည်ပြောင်းပါ ။
ဒီနေရာမှာ မြေကွက်နဲ့ ပတ်သက်လို့ မြို့မြေ မြေတန်ဘိုးကို ဘယ်လို
စံနှုန်းတွေနဲ့ သတ်မှတ်သလဲ ၊ သတ်မှတ်သည့် မြေတန်ဘိုး၏ ဘယ်နှစ်ရာ
ခိုင်နှုန်းကို ( အခွန်တံဆိပ် ခေါင်းနှင့် မှတ်ပုံတင်ခ ) အတွက် ပေးဆောင်
ရသလဲဆိုတာ သိထား သင့်ပါတယ် ။
အခွန်ဆောင် ဖို့အတွက် မြေတန်ဘိုးကို သတ်မှတ်တဲ့အခါ ဘိုးဘွားပိုင်မြေ ၊
ဂရန်မြေ ၊ ပါမစ်မြေ ၊ လိုင်စင်မြေ ရယ်လို့ အမျိုးအစား ခွဲခြင်း မဟုတ်ပါဘူး ။
မြေတည်ရှိရာ ရပ်ကွက် ၊ လမ်းအခြေအနေ ၊ မြေ အနိမ့်အမြင့် ၊ လမ်းမ ၊
လမ်းကျယ် ၊ လမ်းသေး ၊ လမ်းမွှာ ၊ ကတ္တရာလမ်း ၊ ကွန်ကရစ်လမ်း ၊
မြေလမ်း ၊ လမ်းရှိ အဆောက်အအုံ များ၏ အခြေအနေ ၊
ပတ်ဝန်းကျင်အခြေအနေ ၊ စီးပွါးရေး ဖွံ့ဖြိုးမှု
နယ်မြေ ၊ ဆက်သွယ်ရေး လမ်းကြောင်း ၊ မြို့ပြဖွံဖြိုးမှု အခြေအနေ စသည်
တို့အပေါ် သုံးသပ်ပြီး ဇုံနယ်များ ခွဲရပါတယ် ။ ရပ်ကွက်လိုက် လမ်းအလိုက်
ဇုံနှုန်းများ သတ်မှတ် ရပါတယ် ။ တစ်စတုရန်း ပေလျှင် မည်မျှ စသည် ဖြင့်ပေါ့ ။
လေ့လာချင်ပါက ရန်ကုန် ပန်းဆိုးတန်း လမ်းဘေးမှာ ရန်ကုန် မြို့တော်၏ မြို့နယ်
အလိုက် ၊ ရပ်ကွက် အလိုက် ၊ လမ်းအလိုက် ဇုံအလိုက် တန်ဘိုးနှုန်း
စာရင်းများ ထုတ်ပြန် သတ်မှတ်ထားသည့် စာအုပ်ကို အလွယ်တကူ ဝယ်ယူ
ရရှိနိုင်ပါတယ် ။ အခြား မြို့များမှာလည်း ထိုကဲ့သို့ ဇုံနှုန်းမြေ တန်ဘိုးများကို
ပြုစုထား ရပါတယ် ။ ပြုစုပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ကို
တင်ပြပြီး အတည်ပြုချက် ယူထား ရပါတယ် ။ သိချင်ရင် သက်ဆိုင်ရာ
အစိုးရအဖွဲ့ ၊ အာဏာပိုင် အဖွဲ့ ၊ စည်ပင် ကော်မတီ ၊ အိုးအိမ်ဦးစီး
ဌာနများမှာ သွားရောက် မေးမြန်း ကြည့်ရှု နိုင်ပါတယ် ။ ဘာကြောင့်
မြေတန်ဘိုးကို ဇုံနယ်အလိုက် ရပ်ကွက်လိုက် လမ်းအလိုက်
ဆောင်ရွက် ထားရလဲဆိုတော့ မရွှေ့ မပြောင်းနိုင်သော
ပစ္စည်းများ ရောင်းဝယ် လွှဲပြောင်းမှုများမှာ တန်ဘိုး စိစစ်ရသည့်
ကာလတန်ဘိုး စိစ စ်သတ်မှတ်ရေး အဖွဲ့များထံ တင်ပြရောက်
ရှိလာတဲ့ မြေ အလွှဲ အပြောင်း စာချုပ်များအတွက် ထမ်းဆောင်ရမည့်
တံဆိပ်ခွန်နှင့် အခြား အခွန်များအတွက် ယင်းစာရင်းကို အခြေခံပြီး
သတ်မှတ်နိုင်ရန် ဖြစ်ပါတယ် ။ ရှေ့တွင် အရောင်းအဝယ် ပြုခဲ့သည့်
မှတ်တမ်းများ အရလည်း ဇုံတန်ဘိုးကို ပြုပြင် ပြောင်းလဲ
ပေးရပါတယ် ။ တသမတ်တည်း အသေ မဟုတ်ပါဘူး။
နှစ်အလိုက် ပြုစုကြတာ များပါတယ်။ ဒါက တန်ဘိုးဖြတ်မှု ဖြစ်ပါတယ်။
အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းကို ဖော်ပြ ပေးပါမယ် ။
ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး ။ ဒါကြောင့်....
( ၄ ) လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ် စာချုပ် ( မူရင်းနှင့် မိတ္တူ )
(၁)နှစ်အတွင်း ရေးဆွဲထားသော ရောင်း / ဝယ်အတွက် မြေပုံ မြေရာဇဝင်(၁၀၅/၁၀၆)။
အမည်ပေါက်မှ ရောင်းချခြင်း ( သို့ ) မှတ်ပုံတင် ဆက်စပ် စာချုပ်များ ။
ရှေ့ / နောက် / ညာ မြေကွက် ဓာတ်ပုံ ( ၁ ) စုံ ။
ဝယ်ယူသူ၏ အိမ်ထောင်စု စာရင်း ( မူရင်းနှင့် မိတ္တူ ) ။
ဝယ်ယူသူက အိမ်မြေ လက်ခံရရှိ ပြီးကြောင်း ဝန်ခံချက် ။
တင်ပြချက် အားလုံး မှန်ကန်ကြောင်း ဝန်ခံချက် ။
အထက်ပါ အချက်များဖြင့် ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်
ထားရမှာ ဖြစ်ပါတယ် ။
အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ
စာချုပ်မှတ်ပုံတင် ရပါတယ် ။
အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ် ။
ရာဖြတ်လို့ခေါ်တဲ့ “ ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့
တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး ကပ်ရပါတယ် ။ အရင်က ဒီထက်ပိုပါတယ် ။
အိမ် ခြံ မြေ ဝယ်ရင် ဝယ်ယူမည့် ပစ္စည်းအတွက် “ရာဖြတ်” သတ်မှတ်ဈေး
အတိုင်း သင့်မှာ “ငွေဖြူ” ရှိရင် သက်သာပါမယ်။
ငွေဖြူဆိုတာက ဝင်ငွေရလမ်း ဖော်ပြနိုင် သောငွေ ( သို့ ) အခွန်စည်း ကြပ်ပြီး
ဖြစ်သော ငွေကို ဆိုလိုပါတယ် ။ ဒီလို ငွေဖြူမရှိရင် သိန်း ၁၀၀၀ အောက်- ၃% ၊
သိန်း ၁၀၀၀-၃၀၀၀ အထိ- ၅% ၊ သိန်း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀% ၊
သိန်း ၃၀၀၀၀ အထက်- ၃၀% တို့ကို “ဝယ်ခွန်” အဖြစ်ပေးဆောင် ရမည်လို့
အခွန်ဥပဒေမှာ ပြဌာန်းထား ပါကြောင်း.... .။
U Myo Min Htun
ဗဟုသုတရစေရန်မျဝေပါသည်။
Related Posts
ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...
စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...