တိုက်ခန်း ဝယ်သူတွေ မေးကြတဲ့ ဘီစီစီ ( BCC ) စာရွက်ဆိုတာ

တိုက်ခန်း ဝယ်သူတွေ မေးကြတဲ့ ဘီစီစီ ( BCC ) စာရွက်ဆိုတာ

လူနေထိုင်ခွင့် ( BCC ) ဆိုတာဘာလဲ...

တချို့ နေရာတွေမှာ အဆောက်အဦး ဆောက်လို့ ပြီးနေပေမယ့် 

ဘာကြောင့် လူနေထိုင်လို့  မရတာလဲ...

BCC ဆိုတာ တိုက်ခန်း ရောင်း ၊ ဝယ် လုပ်ရင် ဘယ်လို အရေးပါသလဲ....

ဆိုတာတွေကို အိမ်ပိုင်ရှင်တွေ အနေနဲ့ မဖြစ်မနေ သိထားရအောင် ပြန်လည်

 မျှဝေပေး လိုက်ပါတယ်....

တိုက်ခန်း ဝယ်သူတွေ မေးကြတဲ့ ဘီစီစီ ( BCC ) စာရွက်ဆိုတာ

 

************************************************

BCC စာရွက်ဆိုတာ ( Building Complete Certificate ) ( လူနေထိုင် ခွင့်ပုံစံ ) 

စာရွက်လို့ ခေါ်ဆိုပါတယ် ။ အဲဒီ စာရွက်လေးဟာ တိုက်ခန်း တစ်ခန်း

ဝယ်ယူမယ် ဆိုရင် အခြားလိုအပ်တဲ့ စာရွက် စာတန်းတွေနဲ့ အတူ 

BCC စာရွက်လေး ကိုလဲ  အဓိကထား စစ်ဆေး သင့်ပါတယ် ။ 

အဆိုပါ စာရွက်ဟာ လူနေထိုင်ခွင့်ပုံစံ  စာရွက်ဖြစ်သလို နောင်တစ်ချိန် 

အရောင်းအဝယ် ပြန်လုပ်တဲ့ အခါမှာ  မရှိမဖြစ် လိုအပ်တဲ့ စာရွက်ဖြစ်ပြီး 

အဲ့ဒီစာရွက်မရှိပါက ရောင်းဝယ်ဖို့ ကြန့်ကြာ နိုင်ပါတယ် ။

ဘီစီစီ စာရွက်ပါလို့ ပေးလိုက်ပေမယ့် ဘီစီစီ စာရွက်လို့ မသိကြတဲ့ 

သူတွေ ရှိ နေပါတယ် ။ ဘီစီစီကို လူနေထိုင်ခွင့်လို့ လူတွေ အလွယ်ပြော 

ပါတယ် ။ 

 

အဲဒီတော့ စာရွက်ပေါ်မှာ လူနေထိုင်ခွင့်လို့ ပါနေလိမ့်မယ်လို့ မသိစိတ်က

 ထင်မှတ်ထား ကြပါတယ် ။ ဒါပေမယ့် ဘီစီစီ ( BCC ) ဆိုတာ Building 

Completion Certificate  ဆိုတဲ့ စည်ပင် ဌာနက ထုတ်ပေးတဲ့ အဆောက်အဦး

 ပြီးစီးကြောင်း အသိအမှတ် ပြုလွှာလို့ ခေါ်တာပါ ။ဘီစီစီကို လူနေခွင့်လို့ 

အကြမ်းဖျဉ်း သိထားတဲ့ သူတွေက ဘီစီစီ စာရွက်လည်း မြင်ရော  “ လူနေ ခွင့်ပြုသည် ” 

ဆိုတဲ့ စာသားမပါလို့ ဆိုပြီး ရောင်းတဲ့သူ နဲ့ အကျိူးဆောင်တွေကို  မယုံမကြည် မေးတတ် 

ပြန်ပါတယ် ။ ဘီစီစီ စာရွက်ဆိုတာ ဘယ်လို ပုံစံမျိူးလဲဆိုတာ ဝယ်သူက 

သေချာမသိတာပါ.. ။ ဒါကြောင့် ဒီလိုပြဿနာတွေ ဖြစ်နေတဲ့ အပေါ်ဘီစီစီ ဆိုတာကို 

နားလည်နိုင်စေဖို့ ဖြစ်ပါတယ်။

 

ပိုပြီးဆိုးတာက ဘုတ်စိမ်းလို့ အလွယ်ခေါ်တဲ့ ဆောက်လုပ်ခွင့်  ပြုမိန့်စာရွက်မှာ 

လူနေထိုင်ရန်ဆိုတဲ့ စာလုံးကို စာလုံးဆိုဒ် အကြီးနဲ့ မင်ခုံနဲ့ထုပြီး ပါတာကို ဘီစီစီ 

ထင်တာပါပဲ..။  လူနေထိုင်ရန် ဆိုတဲ့ စာလုံး အကြီးပါတဲ့ စာရွက်က ဘုတ်စိမ်းစာရွက်

 ( ဆောက်လုပ်ခွင့် ပြုတဲ့အမိန့် ) စာရွက်ပါ..။  လူနေရန် ဆိုတဲ့ စာလုံးကြီးကြီး 

ပါနေတာက လုပ်ငန်းလုပ်ရန် ( Commercial)  နဲ့ ခွဲခြား သတ်မှတ်ထားတာပါ..။ 

ဘုတ်စိမ်း စာရွက်ပါရင် တရားဝင် ဆောက်လုပ်ခွင့် ပြုမိန့်နဲ့ 

ဆောက်တဲ့ တိုက်လို့ ဆိုလိုတာပါ.. ။ တရားဝင် ဆောက်လုပ် ခွင့်ပြုမိန့်နဲ့ ဆောက်လုပ် 

ပြီးစီးသွားရင် ဘီစီစီ လျောက်ရပါတယ်..။ 

 

ဘုတ်စိမ်း စာရွက်တစ်ခုနဲ့တင် မပြီးပါဘူး.. ။  ဘီစီစီ စာရွက်ပါ ပါရပါတယ်..။

ဘုတ်စိမ်း စာရွက် ( လူနေထိုင်ရန် လို့ ပါတဲ့စာရွက် ) ပဲပြနိုင်ရင် တရားဝင် 

ဆောက်လုပ်ခွင့်နဲ့တော့ ဆောက်ထားတယ်..။  အဆောက်အဦး ပြီးစီးကြောင်း စာရွက် 

ဘီစီစီတော့ တင်မထားဘူးလို့ အဓိပါယ် ရပါတယ်..။ 

လှိုင်နဲ့ သင်္ဃန်းကျွန်း တစ်ချို့ ရပ်ကွက်တွေမှာ ဘုတ်စိမ်း ( ဆောက်လုပ် ခွင့်ပြုမိန့် )

စာရွက်ပါပြီး..ဘီစီစီ စာရွက်မပါတဲ့ တိုက်တွေ တစ်ရပ်ကွက် လုံးနီးပါးရှိတဲ့ ရပ်ကွက် 

တစ်ချို့  ရှိပါတယ်.. ။

 

ဘီစီစီ စာရွက် ပါရင်တော့ ဘုတ်စိမ်း စာရွက်တောင်းဖို့ မလိုပါဘူး.. ။

ဘီစီစီဆိုတာ ဘုတ်စိမ်း စာရွက်ရှိမှ ရတဲ့စာရွက်မို့ပါ..။

တောင်ဥက္ကလာရဲ့  ၉၀%သော တိုက်ခန်းတွေက ဘီစီစီ ပါကြပါတယ်..။

တောင်ဥက္ကလာမှာ တရားမဝင် ဆောက်တဲ့တိုက်..၊  ဘီစီစီမတင်တဲ့ တိုက် မရှိသလောက် 

နည်းပါတယ်.. ။ ( တစ်လုံး တစ်လေ ရှိပါတယ်..။)

၂၀၁၅ နှစ်လယ် ရှေ့ပိုင်း လောက်ထိ တိုက်တွေက မီတာကျပြီး အားလုံးပြီး စီးပြီဆိုမှ 

ဘီစီစီစာရွက် သပ်သပ်တင် ရတာပါ..။ 

၃ထပ်ခွဲတိုက်နဲ့  ၅ထပ်တိုက်ဆောက်တဲ့ ကန်ထရိုက် အသေးစားတွေက ဆောက်လုပ်ခွင့်

 ( ဘုတ်စိမ်း ) တင်ပြီး ဆောက်ရင် မီတာလည်း အလွယ်တကူရတာမို့ ဘီစီစီ တင်တာကို 

အလုပ်ပိုလို့  မြင်ပါတယ်..။ 

 

ဒါမို့လို့  ၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်တွေမှာ ဘီစီစီစာရွက် မေးလိုက်ရင် လူနေထိုင်ရန်လို့ 

မင်အပြာနဲ့ တုံးထုထားတဲ့ ဘုတ်စိမ်းစာရွက်ကို ဘီစီစီလို့ ပြောပြီး ပေးတတ်တာလည်း 

ကြုံဖူးကြားဖူးပါတယ်..။ ( မသိ နားမလည်တာကို အခွင့်အရေး ယူတာပါ.. ။ 

ဒါမို့လို့ မိမိက သိအောင် လုပ်ထား ရပါမယ်.. ။)

၂၀၁၅ နှစ်လယ်လောက် နောက်ပိုင်း ကစလို့ အဆောက်အဦးတွေမှာ ဘီစီစီရမှ မီတာချ 

ပေးတော့ ပါတယ်.. ။ 

အဲဒီတော့မှ ဘယ်ကန်ထရိုက်တိုက်မဆို ဘီစီစီဆိုတာ မတင်မနေရ ဖြစ်ကုန်တာပါ..။

ဘီစီစီ ကျပြီးတာနဲ့ ဘီစီစီ စာရွက်နဲ့ မီတာ ထပ်လျောက်ရပါတယ်.. ။

၂၀၁၅ နှစ်လယ် နောက်ပိုင်းက တိုက်တွေတိုင်းမှာ ဘီစီစီစာရွက် ပါပါတယ်..။

( ဘီစီစီကျပြီးမှ မီတာချ ပေးတော့တာမို့ ဘီစီစီမတင်ပဲ ချိုချိုချောင်ချောင် 

ဆောက်တဲ့ ၃ထပ်ခွဲနဲ့   ၅ထပ်တိုက်တွေ ဈေးမကိုက် တော့လို့ မဆောက်ကြ 

တော့ပါဘူး.. ။) တစ်ခါတုံးက တောင်ဥက္ကလာမှာ တိုက်ခန်းတစ်ခန်း ရောင်းပေးတော့ 

စာရွက်စာတမ်းကို ရှေ့နေနဲ့ 

စစ်တာကို အဆောက်အဦး ပြီးစီးကြောင်း စာရွက်ပဲပါပြီး လူနေထိုင်ရန် ဆိုတဲ့ လူနေထိုင်ခွင့် 

ဘီစီစီစာရွက် လိုသေးတယ်လို့ အပြောခံ ရပါတယ်..။

( စိတ်ကို တော်တော် လေသွားပါတယ်..။) 

 

ဘီစီစီရဲ့ အင်္ဂလိပ်အရှည်က Building Completion Certificate မို့ ဘီစီစီဆိုတာ

လူနေထိုင်ခွင့်လို့  ရေးထားတဲ့ စာရွက်မဟုတ်ပဲ အဆောက်အဦး ပြီးစီးကြောင်း

အသိအမှတ်ပြု စာရွက်သာ ဖြစ်ကြောင်း အထောက်အထား ခိုင်လုံစွာနဲ့  ရှင်းပြမှ

လက်ခံသွား ပါတော့တယ်..။ တိုက်ခန်းမဝယ်ခင် ဒီစာကို အသေးစိပ် နားလည်အောင် 

ဖတ်သွားရင် အကျိူးရှိပါတယ်..။ မိမိနဲ့ တိုက်ခန်းဝယ်ဖို့ ရှိနေတဲ့ မိတ်ဆွေတွေကို 

ဒီပို့စ်ကို အဆင့်ဆင့် လက်ဆင့်ကမ်း  ပေးခြင်းဖြင့် မိမိစိတ်ထဲမှ မရှင်းလင်းမှုကို 

ချေဖျက် နိုင်ကြပါစေ.. ။ BCC စာရွက်မူရင်း ပုံစံကို တွဲလျက် ဖော်ပြပေး လိုက်ပါတယ်

 

Credit-OriginalUploder

 

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate