သတင်းစာထဲတွင် သား / သမီး အဖြစ် အမွေပြတ် စွန့်လွှတ်ခြင်းဟာ တရားဝင် ပါသလား ။

သတင်းစာထဲတွင် သား / သမီး အဖြစ် အမွေပြတ် စွန့်လွှတ်ခြင်းဟာ တရားဝင် ပါသလား ။

တောင်းဆိုး ပလုံးဆိုးတာ ပစ်ရိုးထုံးစံ ရှိသည် ။ သားဆိုး သမီးဆိုးကို 

ပစ်ရိုးထုံးစံ မရှိဆိုသော ဆိုရိုး စကားလေးအတိုင်း မိဘများ အနေနှင့်

 မိမိတို့၏ သားသမီး မည်မျှပင် ဆိုးနေစေကာမူ ပစ်ထားရိုး ထုံးစံမရှိပေ ။ 

သို့ပေမယ့် ယုတ်မာ ရိုင်းစိုင်းသော သွာနုတ္တရမည်သည့် ခွေးနှင့်အလား 

သဏ္ဍာန်တူသည့် သားသမီးများကိုမူ တရားဥပဒေက သားသမီးအဖြစ်မှ

 ရာသက်ပန် စွန့်လွှတ်ဖို့ ခွင့်ပြုထား ခဲ့ပါသည် ။ မည်ကဲ့သို့သော 

သားသမီးများကို သွာနုတ္တရ သားသမီးအဖြစ် သတ်မှတ်ခဲ့ 

ကြသနည်းဆိုတာ ကိုတော့ နားလည် ထားသင့်ပါသည် ။

 

 မိဘအား ဆဲဆိုသော သားသမီး ၊ မိဘအား သွေးထွက် သံယိုဖြစ်အောင်

 ရိုက်နှက်သော သားသမီး နှင့် မိဘအသက်အား ရန်ရှာကာ ရန်သူသဖွယ်

 ပြုမှုဆက်ဆံသော သားသမီးတို့ ဖြစ်ကြပါသည် ။ သို့ပေမယ့် 

ယခုခေတ်တွင် ပြင်ပလောကတွင် သော်လည်းကောင်း ၊ ရုပ်ရှင် 

ဗွီဒီယိုများထဲ၌ သော်လည်းကောင်း မိဘများမှ မိမိတို့၏ စကားနား

မထောင်ပဲ အိမ်ပေါ်မှ ဆင်သွားသော သားသမီးများနှင့် မိမိတို့ 

သဘောမတူ မကြည်သူနှင့် အိမ်ထောင်ပြု သွားသော သားသမီး 

များကို အများအားဖြင့် သားဆိုး သမီးဆိုးဟု သတ်မှတ်ကာ နိုင်ငံပိုင် 

သတင်းစာများထဲတွင် သားသမီးအဖြစ်မှ စွန့်လွှတ်ကြောင်း 

အများသိစေရန် ကြေငြာထည့်သွင်း ခဲ့ကြသည် ။

 

 ထိုသို့ ကြေငြာထည့်သွင်း ထားလျှင် မိဘနှင့် သားသမီးအဖြစ်မှ ရပ်စဲ

သွားသည် ဟုလည်း မှတ်ယူနေလျှက် ရှိကြပါသည် ။ အမှန်တွင်တော့ 

အထက်တွင် ဖော်ပြထား သကဲ့သို့ မိမိတို့၏ သားသမီးမှာ အမှန်တကယ် 

သွာနုတ္တရ သားသမီး ဖြစ်မဖြစ် သေချာစွာ လေ့လာ၍ ဖြစ်ခဲ့သည်ဆိုပါက

 မိမိတို့ နေထိုင်ရာ မြို့နယ်ရှိ တရားရုံးတော်သို့ သွားရောက်၍ မိမိတို့၏ 

သားသမီး ဖြစ်သူမှာ အမှန်တကယ်ယုတ်မာရိုင်းစိုင်း၍ သွာနုတ္တရ 

မည်သော ခွေးနှင့် အလားသဏ္ဍာန်တူသော သားသမီး အဖြစ်သတ်မှတ်၍ 

ရာသတ်ပန် သားသမီးအဖြစ် မှ စွန့်လွှတ်် ခွင့်ပြုပါရန် စာနှင့်ရေးသား 

လျှောက်ထား ရပါမည် ။ တရားလို အနေနှင့် မိဘများက ဆောင်ရွက်ရပြီး 

တရားပြိုင်နေရာ၌ မိမိတို့စွန့်လွှတ်လိုသော သား ( သို့မဟုတ် ) သမီးကို 

ထည့်ရပါမည် ။ ရုံးတော်မှ တရားလိုဖြစ်သူ ( မိဘ ) နှင့် တရားပြိုင်ဖြစ်သူ 

( သား / သမီး ) အား ကျမ်းကျိန် စစ်ဆေးစေ၍ လျှောက်ထားသည့် 

အတိုင်း မှန်ကန်ပါက ၎င်းသားသမီး များအား သွာနုတ္တရ သားသမီးအဖြစ် 

သတ်မှတ် ပေးမည် ဖြစ်သည် ။ သွာနုတ္တရ အဖြစ် အသတ်မှတ်ခံရသော 

သားသမီးများသည် မိဘများထံမှ အမွေဆက်ခံခွင့်ကို ဆုံးရှုံးမည် ဖြစ်ပါသည် ။ 

ထို့ကြောင့် သတင်းစာထဲတွင် သားသမီးအဖြစ်မှ အမွေပြတ်

စွန့်လွှတ်ကြောင်း ကြော်ငြာထည့်သွင်းရုံနှင့် စွန့်လွှတ်ခြင်း အထမမြောက်

ကြောင်းနှင့် အမွေဆက်ခံခွင့် ဆုံးရှုံးမည် မဟုတ်ကြောင်း ဗဟုသုတ 

အနေနှင့် တင်ပြလိုက် ရပါသည် ။

 

Credit-OriginalUploder

Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate