လူမျိုးခြားနဲ့ ဘယ်လို တရားဝင် လက်ထပ် နိုင်မလဲ ဒီတော့ အသုံးလိုသူတွေ သိရအောင် သိသလောက်လေး စုတင် ပေးမယ်နော် ။

လူမျိုးခြားနဲ့ ဘယ်လို တရားဝင် လက်ထပ် နိုင်မလဲ ဒီတော့ အသုံးလိုသူတွေ သိရအောင် သိသလောက်လေး စုတင် ပေးမယ်နော် ။

1 . လူမျိုးခြား ဗုဒ္ဓဘာသာတူ 

လူမျိုးခြားနဲ့ လက်မှတ် ထိုးတဲ့အခါ ခရိုင်ရုံးက တရားသူကြီး 

တွေဆီမှာပဲ လက်မှတ်ထိုးလို့ ရပါတယ် ။ ခရိုင်းရုံးမှာ 

လက်မှတ်ထိုးမယ်ဆို  ဗုဒ္ဓဘာသာချင်း တူဖို့တော့ လိုပါတယ် ။ 

လူမျိုးခြားက ဗုဒ္ဓဘာသာ ပြောင်းပေးရင်သာ အဆင်ပြေမှာပါ ။ 

ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်ကြောင်း ကျမ်းကျိန် အရာရှိဆီမှာ 

ကျမ်းကျိန် လက်မှတ်ထိုး  ရပါမယ် ။ သက်သေ တယောက်နဲ့ 

ဗုဒ္ဓဘာသာ ကိုးကွယ်ပုံ ဓာတ်ပုံ သုံးလေးပုံ လောက်လဲတွဲ

ပြရပါမယ် ။ ဥပမာ-  ဘုရားရှိခိုးနေပုံ ဘုရားသွား ကျောင်းတက်  

အလှူအတန်း ပြုနေပုံ မျိုးပေါ့ ။  ပြီးရင်အဲဒီ ကျမ်းကျိန်လွှာ နဲ့အတူ 

လူမျိုး ခြားရဲ့  နိုင်ငံသားကတ် Passport နဲ့  မြန်မာနိုင်ငံသားရဲ့ 

မှတ်ပုံတင်ပြပြီး သက်သေ နှစ်ယောက်နဲ့ အတူ လက်မှတ်ထိုးလို့ 

ရပါပြီ ။ လွယ်ပါတယ် ။  လက်မှတ် ထိုးပြီးရင် Register လုပ်ပေးဖို့လဲ 

မေးဖို့မမေ့ပါနဲ့ ။ တချို့  အလိမ်အညာတွေက ရှေ့မှာ ဟန်ပြ

လက်မှတ် ထိုးခိုင်းပြီး register မလုပ်ပေးလိုက်ရင် တရားမဝင်လို့ပါ ။ 

 

2 . လူမျိုးခြား ဘာသာခြား or လူမျိုးတူ ဘာသာခြား

ဘာသာမတူ သူတွေဆိုရင် မြို့နယ် အုပ်ချုပ်ရေးမှူးဆီမှာ ထိုးရပါမယ် ။ 

အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးမှာ လက်ထပ်ဖို့ လျှောက်လွှာ တင်ရပါမယ် ။ 

ရပ်ကွက်ရုံးမှာ သူတို့ notic စာ ကပ်ပါလိမ့်မယ် ။ စာကပ်ထားတဲ့ ကာလမှာ 

ကန့်ကွက့်မယ့်သူ မရှိဘူးဆိုရင် ၂ပတ်ကြာရင် လက်မှတ်ထိုးလို့  ရပါပြီ ။ 

 

3 . လူမျိုးခြား ခရစ်ယာန် ဘာသာတူ 

ခရစ်ယာန် အချင်းချင်းဆို Church ကျောင်းမှာ Father နဲ့လက်ထပ်လို့ ရပါတယ်  ။ 

အပေါ်က ဘယ်နည်းနဲ့ လက်မှတ်ထိုးထိုး မြန်မာဥပဒေနဲ့ လက်မှတ်ထိုးပြီးရင် 

လူမျိုးခြားရဲ့ သံရုံးမှာ ဘာသာပြန်ပေးပြီး စာရင်းထပ်သွင်းပါ ။ လူမျိုးပေါ်မူပြီး 

သံရုံးလိုအပ်ချက် ကွဲပါလိမ့်မယ် ။ ဒါပေမဲ့ မခက်ပါဘူး ။ သံရုံးမှာလဲ စာရင်း 

ပေးလိုက်ပြီဆို မြန်မာပြည်မှာရော သူနိုင်ငံမှာရော တရားဝင် ဖြစ်သွားပါပြီ ။ 

 

4 . ပြည်ပမှာ လက်မှတ်ထိုး 

မြန်မာပြည်မှာ လက်မှတ်မထိုးဘဲ ဟိုဘက်မှာ လက်မှတ်ထိုးပြီး မြန်မာသံရုံးမှာ 

စာရင်းသွင်းလဲ ရပါတယ် ။ ဒါမှမဟုတ် သူနိုင်ငံရော ကိုယ်နိုင်ငံရော မထိုးဖြစ်

ရင်လဲ ထိုင်းမှာ သွားထိုးလို့ ရပါသေးတယ် ။ ဘယ်မှာပဲ လက်မှတ်ထိုးထိုး 

လက်မှတ်ထိုးတဲ့ နိုင်ငံရဲ့  ဥပဒေအရ တရားဝင်ပါတယ် ။ ဘယ်မှာထိုးထိုး 

နှစ်ဘက်လုံးမှာ တရားဝင်အောင် သူနိုင်ငံ ကိုယ့်နိုင်ငံသံရုံး မှာ အကြောင်းကြား 

စာရင်း ပြန်သွင်းဖို့သာ မမေ့ပါနဲ့ ။ လူမျိုးခြားနဲ့ အိမ်ထောင်ပြုတာကို အားပေးတာ 

မဟုတ်ပါဘူး ။ ဖူးစာပါလို့ ဆုံကြပြီဆို အခက်အခဲကြောင့် တရားမဝင် 

အပျော်ဖြစ်သွားမှာ မျက်နှာငယ်ရမှာကို ကာကွယ်ပေးဖို့ ရည်ရွယ်တာပါ ။ 

လူမျိုးခြားနဲ့ ဖူးစာပေါင်းဖက်တဲ့ ညီမလေးတွေ အမတွေ တရားဥပဒေနဲ့ အညီ 

လက်မှတ် ရေးထိုးနိုင်ပြီး နှစ်ယောက်လုံးရဲ့  နိုင်ငံတွေမှာ တရားဝင် တင့်တင့်တယ်တယ် 

အကြင်လင်မယားအဖြစ် ဘဝလုံခြုံ အဆင်ပြေ ကြပါစေ ။

 

Credit-Yadanar Zan

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate