အိမ် ခြံ မြေ ရောင်းတော့မယ် ဆိုရင် ရောင်းသူများ ဘက်မှ ကြိုတင် ပြင်ဆင်ထားရမယ့် အချက်များ

အိမ် ခြံ မြေ ရောင်းတော့မယ် ဆိုရင် ရောင်းသူများ ဘက်မှ ကြိုတင် ပြင်ဆင်ထားရမယ့် အချက်များ

ရောင်းမယ့် မြေက မိမိအမည်ပေါက် ဖြစ်ရင် ဂရန်မူရင်းနဲ့ မိတ္တူတွေကို 

အဆင်သင့် ဆောင်ထား သင့်ပါတယ် ။  ပါမစ်မြေကွက် ဖြစ်ရင် 

မြေချပါမစ် မူရင်းနဲ့ ပါမစ်မိတ္တူနဲ့  စာချုပ် အဆက်အစပ် မိတ္တူ တွေကို 

အဆင်သင့် ဆောင်ထားပါ ။  ဘိုးဘွားပိုင် မြေဖြစ်ရင် မှတ်ပုံတင်ပြီး

ဖြစ်တဲ့ မြေကွက်အရောင်း အဝယ်စာချုပ် မူရင်းနဲ့ မိတ္တူတွေ အဆင် 

သင့်ဆောင်ထား သင့်ပါတယ် ။ ထို့အတူ အရပ်ကတိ အရောင်းအဝယ် 

စာချုပ်တွေ ဖြစ်ရင်လည်း မူရင်းနဲ့ မိတ္တူတွေကို စုဆောင်း ရှာဖွေထား

သင့်ပါတယ် ။ အဲဒီလို အဆင်သင့် ဆောင်ထားခြင်းဖြင့် ပွဲစားက 

ဝယ်သူကို မမျှော်လင့်ဘဲ ခေါ်လာတဲ့အခါမှာ ကိုယ့်ဘက်က အဆင်သင့် 

ဖြစ်နေတာပေါ့ ။ ကြိုတင် ပြင်ဆင်မှု မရှိရင် ပင်ပမ်းရတာ လူဓမ္မတာ

ပြောသာ ပြောရတာပါ ။ ကြိုတင် ပြင်ဆင်ထားသူက လူ ( ၁၀ ) ယောက် 

လောက်မှာ ( ၄ ) ယောက် လောက်ကသာ အဆင်သင့် ဆောင်ထား 

ကြလေ့ ရှိပါတယ် ။ ( ၆ ) ဦးလောက်ကတော့ ဝယ်သူလာမှသာ 

ဟိုသေတ္တာရှာ ၊ ဒီဘီရိုဖွင့် လုပ်တတ် ကြတယ် ။ တစ်ခါတစ်ရံ သော့ရှာ

မရလို့ အိမ်ရှိ လူအားလုံး သော့ရှာပေးရတာ အကုန်ပင်ပမ်း ကုန်ကြ

တာလည်း တွေ့ရဖူးတယ် ။

 

အမွေဆိုင် မြေနှင့်အိမ် ဝယ်တဲ့အခါ တွေ့ ကြုံရတာ အဲဒီလိုဖြစ် ကြတာ

မျိုးကများ သောအားဖြင့် အမွေဆို မြေ ၊ အမွေဆိုင် အိမ်တွေမှာ 

ဖြစ်တတ်တယ် ။ အမွေဆိုင် မြေနှင့်  အိမ်ဆိုတာ မိဘနှစ်ပါး မရှိတော့

တဲ့အခါ မောင်နှမအများထဲမှ ပစ္စည်း ဥစ္စာပြည့်စုံသူ အကို ၊ အမတစ်ဦးဦးက 

မြေနှင့် အိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်း တွေကို ထိန်းသိမ်း ပေးထား 

တတ်ပါတယ် ။ အဲဒါကြောင့် အမှန်တကယ် ဝယ်သူလည်း ရောက်လာရော 

အဆင် သင့်မဖြစ်တတ် ကြခြင်းပါ ။ ရောင်းမယ် ၊ မရောင်းဘူး ပေးတဲ့ဈေးက 

နည်းလွန်းတယ် ပြောကြတယ် အမွေဆိုင်မြေ ဝယ်တဲ့အခါ ဝယ် သူတွေ

အနေနဲ့ အထူးသတိထား ဝယ်သင့် ပါတယ် ။ မောင်နှမများ တဲ့အတွက် 

တစ်ယောက်တစ်ပေါက် ပြောတတ် ကြပါတယ် ။ ရောင်းမယ် ၊ မရောင်းဘူး ၊ 

ပေးတဲ့ဈေးက နည်းလွန်းတယ် စသည်ဖြင့် အငြင်းအခုံ လုပ်တတ် ကြပါတယ် ။ 

တကယ်တော့ မရောင်းချင်တာ မဟုတ်ဘူး ။ ရောင်းချင် နေကြတာမှ ခုန်ဆွ 

ခုန်ဆွတောင် ဖြစ်နေ ကြတယ် ။ ရောင်းလို့ရမှ အမွေခွဲလို့ရ မှာလေ ။ 

ဒါပေမယ့် လူဆိုတာ လောဘသား မဟုတ်လား ။ 

 

များများရလေ ကောင်း လေပဲ ။ အားလုံး မျှော်လင့်နေတဲ့ ပိုင်ဆိုင်မှု စာရွက် 

စာတမ်းတွေ အစုံအလင် မပါတဲ့အခါ တကယ်တော့ ရောင်းမယ် ရောင်းမယ်လို့သာ 

ဝိုင်းအုံနေကြတာ ၊ ဝယ်သူက မြေနဲ့အိမ် ပိုင်ဆိုင်မှုကို ပြပါဦးလို့ မေးလိုက်တဲ့ 

အခါကျတော့ ၊ ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ သိမ်းထားတဲ့ အကိုကြီးကို 

စောင့်နေရတာမျိုး ၊ မမကြီး အလာကို စောင့်ရတာမျိုးလည်း ရှိတတ် ပြန်တယ် ။ 

ဟော စာရွက်စာတမ်းတွေ သိမ်းဆည်းထားတဲ့ အကိုကြီး ၊ အမကြီး လာပြန်ရင်လည်း 

အပြေးအလွားလာရ လို့ဆိုပြီး စာရွက်စာတမ်း မစုံတာတို့ ၊ မိဘနှစ်ပါး သေစာရင်း 

မူရင်း မပြနိုင်တာ တို့ မောင်နှမ အားလုံးရဲ့ မှတ်ပုံတင်မူရင်း တွေ အားလုံး 

မပြနိုင်တာတို့ ဖြစ်တတ် ကြပြန်ပါတယ် ။ ပိုင်ဆိုင်မှု စာချုပ်စာတမ်း မူရင်းတွေ 

ပြနိုင်ရင် အမွေဆိုင်တွေ အားလုံးစုံပြီပဲ စရန်ပေးလို့ ရပါတယ် ။ အပြီးအပိုင် 

စာချုပ်တဲ့ အခါကျတော့ အရောင်း ၊ မြေပုံ ၊ မြေရာဇဝင် ၊ ပိုင်ဆိုင်ကြောင်း မြေပုံ ၊ 

မြေ ရာဇဝင်တွေနဲ့  ဝယ်သူလိုချင်တဲ့ အထူး ကိုယ်စားလှယ်လွှဲစာ လွှဲပေးဖို့ 

တာဝန်ယူ ပါတယ် ။ အာမခံလို့ ဝယ်သူက စရန်ငွေ ပေးခဲ့ရတာတွေလည်း 

ရှိပါတယ် ။ လွယ်မယောင်နဲ့ခက် စည်ပင်မှာမြေပုံ ကူးရတဲ့အချက်

တကယ်တော့ အမွေဆိုင်တွေ အာမခံသလို ပိုင်ဆိုင်ကြောင်းစာချုပ် ဖိုးနဲ့ 

အရောင်းအဝယ် စာချုပ်ဖို့ မြေပုံ၊ မြေရာဇဝင်တွေက မြို့တော်စည်ပင်က 

အလွယ်တကူ ထုတ်ပေးတာမရှိဘူး။ အမွေဆက်ခံသူတို့ရဲ့ ကျမ်းကျိန် အဖေ 

အမေတို့ရဲ့ သေစာရင်း မူရင်းတွေ စစ် ဆေးကြည့်ရှုပြီးမှ မြေပုံထုတ်ပေးဖို့ 

စဉ်းစား ပေးကြတာပါ ။ 

 

ဒါတောင် ရောင်းမယ့် မြေကွက်ဟာ ကန့်ကွက်ချက်မရှိဖို့ လိုအပ် သေးတယ်။ 

ဥပမာ ဘဏ်မှာငွေချေးခဲ့ ဖူးရင်၊ သက်ဆိုင်ရာဘဏ်က မြေပုံ/ မြေရာဇဝင် 

(ပုံစံ ၁၀၅၊၁၀၆) ထုတ်မပေး ဖို့ ကန့်ကွက်ထားတတ်တယ် ။ သူတို့ရဲ့ ဘဏ်က 

ငွေတွေအားလုံး ပြန်ရပြီးမှသာ ကန့်ကွက်ချက်ကို ပြန်လည် ရုပ်သိမ်းပေး 

ကြတယ် ။အားမနာနဲ့ အမွေဆိုင် ထံကတောင်း ကြည့်ရမယ့် အချက်အလက်များ

အဲဒီတော့ အနှစ်ချုပ် ပြောရရင် ချုပ်ဆိုထားတဲ့ စာချုပ်မျိုး ဆိုရင် တရားစွဲယူ 

ရတတ်လို့ အချိန်တွေ ငွေတွေ ပိုကုန်တတ်လို့ မိဘအမည်ပေါက် မြေကိုဝယ်ဖို့ 

အကြံပေးတာပါ )

( ၂ ) ကွယ်လွန် သွားတဲ့ မိဘ နှစ်ပါးရဲ့ သေစာရင်း မူရင်းကို ကြည့်ရှု ရပါမယ် ။

( ၃ ) အမွေဆိုင် မောင်နှမတွေရဲ့  မှတ်ပုံတင်မူရင်းနဲ့  အိမ်ထောင်စု စာရင်းကို 

ကြည့်ရပါမယ် ။ (မှတ်ချက် အချို့ အမွေဆိုင်တွေက နိုင်ငံခြားမှာ ရောက်နေတဲ့ 

အမွေဆိုင်တွေကို သေသလို ၊ ရှင်သလို လုပ်ပြီး ချန်ထားတတ်လို့ အိမ်ထောင်စု 

စာရင်းက သက်သေခံ အထောက်အထား ဖြစ်လို့ပါ )

ဒါတွေ ပြည့်စုံရင် စရန်ငွေပေး လို့ရပါတယ် ။ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း 

စာချုပ်ချုပ်ပေးဖို့နဲ့ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ချုပ်ပေးနိုင်ဖို့ အတွက် 

ပိုင်ဆိုင် / အရောင်း မြေပုံ / မြေရာဇဝင် ကူးခိုင်းရပါမယ် ။ အရှုပ်အရှင်း ကင်းရင် 

မြေပုံ ( ၂ ) မျိုးစလုံးနဲ့ အလွယ် ကလေးနဲ့ ရတတ်ပါတယ် ။ မြို့မြေစာရင်းမှာ 

ရှုပ်နေတာ ရှိရင်လည်း အမွေဆိုင်တွေပဲ ရှင်းခိုင်းပြီးသား ဖြစ်သွားပါတယ် ။ 

မြေပုံတွေ့ရရင်တော့ အမွေဆက်ခံပိုင် ဆိုင်သူတွေက စာချုပ်စာတမ်း 

မှတ်ပုံတင်ရုံးမှာ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆို ပေးပါလိမ့်မယ် ။

အဲဒီ စာချုပ်တဲ့နေ့မှာပဲ အမွေ ဆက်ခံသူ မောင်နှမများထံက အထွေ ထွေ 

ကိုယ်စားလှယ်လွှဲစာ ယူထားလိုက် ရင် ကျန်ငွေကို အပြီးပေးချေလို့ ရပါတယ် ။ 

ဝယ်သူအမည်ပေါက်ရဖို့အတွက် ကတော့ အထွေထွေ ကိုယ်စားလှယ်လွှဲစာ ၊ 

အထူး ကိုယ်စားလှယ်လွှဲစာ ရှိရင် အရောင်းအဝယ် စာချုပ် မှတ်ပုံတင်တာ တို့ 

အမည် ပြောင်းတာတို့ကို ဝယ်သူ ကိုယ်တိုင် ဆက်လက် ဆောင်ရွက်လို့ ရပါပြီ 

စာဖတ် ပရိသတ်ကြီးရေ ။

 

Credit-လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate