ခရစ်ယာန်ဘာသာဝင်နဲ့ အခြားဘာသာဝင်တွေ လက်ထပ်ခြင်း

ခရစ်ယာန်ဘာသာဝင်နဲ့ အခြားဘာသာဝင်တွေ လက်ထပ်ခြင်း

ခရစ်ယာန်ဘာသာဝင်နဲ့ အခြားဘာသာဝင်တွေ လက်ထပ်ရင်
စာချုပ်မှာဘာတွေ ဝန်ခံကတိပြုရသလဲ ဆိုတာ
ဖော်ပြပေးလိုက်ပါတယ်။ 
ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဘာသာမတူသူတွေလက်ထပ်ကြတဲ့အခါ
 ခရစ်ယာန်လက်ထပ်ထိမ်းမြားခြင်း အက်ဥပဒေအရ လက်ထပ်ပေးခွင့်ရှိတဲ့
 ခရစ်ယာန်ဘုန်းတော်ကြီးတွေ ဆီမှာပဲ ကတိသစ္စာပြုလက်မှတ်ထိုးရပါတယ်။ 
အဲ့ဒါဟာတရားဝင်ပါတယ်။ 
အဲ့လိုကတ်ိသစ္စာပြုရာမှာ အချက်(၄)ချက်ပါဝင်ပါတယ်။ 
၁။ ဤmixed marriage လက်ထပ်ထိမ်းမြားခြင်းသည်ကာယကံရှင်
 သတို့သားနှင့် သတို့သမီးတို့မှသဘောတူညီစွာ ဆန္ဒပြုလျှောက်ထား
တောင်းဆိုခြင်းကြောင့်သာ ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်သည်ကိုဝန်ခံပါသည်။ 
၂။ ဤmixed marriage လက်ထပ်ထိမ်းမြားခြင်းသည်တစ်လင်တစ်မယား
ဖြစ်ရမည်ဖြစ်ကြောင်းနှင့်လင်ခန်းမယားခန်း လုံးဝပြတ်စဲခြင်း မရှိစေရ
ရိုးမြေကျသည့်တိုင် တစ်ဦးကိုတစ်ဦး သစ္စာရှိစွာပေါင်းဖော်ရမည့် 
လက်ထပ်ထိမ်းမြားခြင်း ဖြစ်ကြောင်း ကျွန်ုပ်တို့တို့ သိရှိဝန်ခံကတိပြုကြပါသည်။ 
(အလွယ်ပြောရရင် ယူပြီးရင်ကွဲမရပါ)
ဒါကြောင့်ဘယ်တရားရုံးကမှ ကွဲမပေးတာဖြစ်ပါတယ်။ 
၃။ ဤmixed marriage လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေးသိမ်းသွင်းမှုများ 
ခြိမ်းခြောက်မှုများနှင့်ကျွန်ုပ်တို့ နှစ်ဦး လက်ထပ်ထိမ်းမြားကြခြင်း မဟုတ်ကြောင်းနှင့်
ဧကန်အမှန် ကျွန်ုပ်တို့ချစ်ခြင်းမေတ္တာနှင့်သာလက်ထပ်ထိမ်းမြားကြကြောင်း ဝန်ခံပါသည်။ 
၄။ ဤmixed marriage လက်ထပ်ထိမ်းမြားခြင်းဖြင့် ဘာသာမတူခြင်း
လက်ထပ်ထိမ်းမြားထားပါသော်လည်း ဘာသာရေးလွတ်လပ်ခွင့်နှင့် 
မိမိကိုးကွယ်ရာဘာသာတရားအားတစ်ဦးတစ်ယောက်အနေဖြင့် 
တားဆီးခြင်း ပိတ်ပင်ခြင်းနှောင့်ယှက်ဟန့်တားမှုများ 
ပြုလုပ်ဆောင်ရွက်သွားမည်မဟုတ်ကြောင်းကိုလည်း ဝန်ခံကတိပြုပါသည်။

Credit - ဥပဒေရေးရာ

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate