ဆူညံသောင်းကျန်းလွန်းတဲ့ ဘေးအိမ်နီးချင်းကို ဆူညံသောင်းကျန်းမှု့မရှိတော့အောင် ဘယ်လိုဖြေရှင်းရမလဲ။

ဆူညံသောင်းကျန်းလွန်းတဲ့ ဘေးအိမ်နီးချင်းကို ဆူညံသောင်းကျန်းမှု့မရှိတော့အောင် ဘယ်လိုဖြေရှင်းရမလဲ။

ကျွန်တော့်ဆီကနေ ပြီးခဲ့တဲ့နှစ်က တိုက်ခန်း ဝယ်သွားတဲ့ 
လင်မယားနှစ်ယောက် ရှိပါတယ်။
 


တစ်နှစ်အတွင်း ကြားထဲမှာလည်း အဆက်အသွယ်တော့ ရပါတယ်။
တစ်နှစ်မပြည့်ခင်လေးမှာ သူတို့နှစ်ယောက် ကျွန်တော့်ဆီ ရောက်လာပြီး 
“ အကိုရေ ကျွန်တော်တို့ဝယ်လိုက်တဲ့ တိုက်ခန်းရဲ့ အပေါ်ထပ်တိုက်ခန်းက
တအားဆူညံတာပဲ ညဆိုလည်း ဆူညံ၊နေ့ဆိုလည်း ဆူညံ၊ မနက်လည်း
ဆူညံနဲ့ အေးဆေးကို မနေရပါဘူးဗျာ”
“ ခင်ဗျားတို့ ဝယ်တဲ့အချိန်တုန်းက အပေါ်ထပ်က အရောင်းခန်းပဲရှိ
သေးတာ လူမလာသေးဘူးမလား”
“ ဟုတ်တယ်၊ ကျွန်တော်တို့ဝယ်ပြီး နှစ်လလောက် ရောက်မှ
သူတို့ရောက်လာတာ ၊အဲတာ ကျွန်တော်တို့ အခုနေနေတဲ့ 
တိုက်ခန်းကို ရောင်းပြီး တိုက်ခန်းပြောင်းချင်လို့”
“ခင်ဗျားတို့ အလုပ်နဲ့နီးတဲ့တိုက်ခန်း ဖြစ်နေတာကို ရောင်းပြီးပြောင်းဖို့ 
လုံးဝကို ဆုံးဖြတ်လိုက်ပြီလား”
လို့ ကျွန်တော်က သူတို့လင်မယားနှစ်ယောက်ကို မေးလိုက်တော့
မိန်းမဖြစ်သူက အလုပ်နဲ့နီးနေတော့ မပြောင်းချင်တာ ဖြစ်သွားပုံရပါတယ်။
“အဲတာဆို ကျွန်မတို့ ဘယ်လိုလုပ်သင့်လဲရှင့်၊ နေရတာလည်း အဆင်ကိုမပြေပါဘူး “
“ဝယ်ဖို့ဆုံးဖြတ်တဲ့ အချိန်ကတည်းက အလုပ်နဲ့နီးတာ သဘောကျလို့ နှစ်ဦးသား
သဘောတူပြီး ဝယ်ယူခဲ့ကြတာပဲ မဟုတ်လား”လို့ ကျွန်တော်လည်း စကားအစချီရင်း
ဖြေရှင်းနည်းကို ပေးလိုက်ပါတယ်။
ကျွန်တော်ပေးလိုက်တဲ့ ဖြေရှင်းနည်းအတိုင်း အဆင်ပြေသွားပြီး
နောက်တစ်လလောက် နေတော့ ဆူညံသံတွေဟာ သာမန်နားလည်
ပေးနိုင်တဲ့ အတိုင်းအတာထိ တော့ရှိပြီး အရင်ကလို မဟုတ်တော့ကြောင်း
နေရတာ အဆင်ပြေကြောင်း ပြောလာခဲ့ပါတယ်။
ကျွန်တော်ပေးလိုက်တဲ့ ဖြေရှင်းနည်းလေးကတော့
(1) ဆူညံသံတွေနဲ့အတူ နှောက်ယှက်နေတဲ့ သူတွေကို
အများသူငါ နှောက်ယှက်မှု့  ရာဇသတ် -၂၆၈ ဖြင့် စွဲဆိုခြင်း။
(2) မိမိအိမ် အပေါ်ထပ်မှ သောင်းကျန်းနေတာကို 
ပုဒ်မ-၂၉၀ ဖြင့်စွဲဆိုခြင်းဖြင့်၊ဒဏ်ငွေ -၂၀၀၀၀ ပေးဆောင်ကြရပါတယ်။
အသံချဲစက်တွေ၊ ဆောင်းဘောက်တွေနဲ့ သောင်းကျန်းနေရလည်း ဒီပုဒ်မဖြင့်
တိုင်တန်းနိုင်ပါတယ်။
(3) ဒါအပြင်ကိုမှ ကိုယ့်အိမ်ကိုစော်ကားတာ ၊ဥပမာ-အပေါ့အလေး
စွန့်သွားတာ၊ ကွမ်းတံတွေး အစရှိသဖြင့် ပြုလုပ်လာသူကို
ပုဒ်မ-၂၇၈ ဖြင့် စွဲဆိုနိုင်ပါတယ်။ဒဏ်ငွေ-၅၀၀၀၀ ပေးဆောင်ကြရပါတယ်။
(4) ဘေးအိမ်က တိရစ္ဆာန်ကို စည်းမဲ့ကမ်းမဲ့ထားပြီး ပတ်ဝန်းကျင်က
လူကိုနှောင့်ယှက်မယ် ၊အန္တရာယ်ပြုတယ်ဆိုရင်  ပုဒ်မ-၂၈၉ 
ဖြင့် စွဲဆိုလိုက်ခြင်းဖြင့် ထောင်-၆ လထိဖြစ်စေ၊ဒဏ်ငွေ
၁၀၀၀၀၀ ထိ ဖြစ်စေ နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ပါတယ်။
ဒီပုဒ်မတွေထဲကနေ ပုဒ်မ-၂၈၉ က ရဲဆီမှ အမှု့ဖွင့်လို့ရပါတယ်။
ကျန်တဲ့ ပုဒ်မတွေကတော့ တရားရုံးကို ဦးတိုက် လျှောက်ရမှာဖြစ်ပါတယ်။
တိုင်တန်းလိုသူများ အနေဖြင့် ရဲစခန်းကိုသွားရောက်၍ မိမိပြသာနာ
ပြေလည်ရန်အတွက် တိုင်တန်းနိုင်ပါတယ်။ ရဲအရေးပိုင်တဲ့အမှု့များကို 
အမှု့ဖွင့်ပေးပြီး၊မပိုင်ပါက တရားရုံးကို ပို့လွတ်ပါလိမ့်မယ်။
ဒီအချက်များဖြင့် မိမိပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်မှု့များ ကို
ဖြေရှင်းနိုင်ပါတယ်ခင်ဗျာ။
လူတွေတော်တော်များများက အရင်ဆုံးပြေလည်အောင်ညှိနှိုင်း
လိုကြပါတယ်။သို့ပေမယ့် ခေါင်းမာတတ်သော
လူတန်းစား အချို့ကြောင့် အချိန်ကုန်၊ငွေကုန်ပြီးမှ
ပြေလည်ကြရတာတွေလည်းရှိတတ်ကြပါတယ်။
🌐🌐🌐🌐🌐🌐🌐🌐🌐🌐🌐🌐🌐🌐
-အိမ်၊ ခြံ၊ မြေ ၊အစရှိသည့် ပစ္စည်းများကိုဝယ်ယူရာတွင် 
မိမိ၏အမည်ဖြင့် စာချုပ်စာတမ်း ပြုလုပ်ချုပ်ဆို၍ ဝယ်ယူရန်
 

 


ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အိမ်၊ ခြံ၊ မြေ၊
ဝယ်ယူသူသည် မိမိ၏အမည်ဖြင့် မဝယ်ယူဘဲ စာချုပ်၌
ဝယ်ယူသူနေရာတွင် မိမိ၏ သား၊သမီး၊အမည် ဖြင့်လည်းကောင်း၊
မိမိ၏ ညီအစ်ကိုမောင်နှမအမည် ဖြင့်လည်းကောင်း၊မိမိ
၏ တူ၊တူမအမည် ဖြင့်လည်းကောင်း၊အဆုံးစွန်ဆုံး
မိမိယုံကြည်စိတ်ချရသည့်သူ တစ်စိမ်းအမည် တို့ဖြင့်အမည်ခံ၍
ဝယ်ယူလွှဲပြောင်းခြင်းကို"အမည်ငှား/အမည်ခံ ဝယ်ယူလွှဲပြောင်း
ခြင်း(Binami transaction)ဟု "ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ"
(The transfer of-property Act )ပြဌာန်းဥပဒေ တွင်ပြဌာန်းပါရှိပါသည်။
ဆက်လက်ဖတ်ရှု့ရန်- yuzanarland.com/g/MaNy0

-အရောင်းအဝယ်စာချုပ် ပေါင်နှံခြင်းစာချုပ် ငွေချေး ကတိစာချုပ်
 

 


ငှားရမ်းခြင်းစာချုပ် စသည်ဖြင့် မည်သည့် သဘောတူစာချုပ် 
ချုပ်ချုပ် စာချုပ်၏ စာမျက်နှာတိုင်းတွင် နှစ်ဦးနှစ်ဘက် လက်မှတ်များ 
ရေးထိုးထား ကြရန် လိုအပ်မည်ဟု ထင်ပါသည်။
ရေစစ္စရီမှတ်ပုံတင်ရုံးတွင် ပြုလုပ်ချုပ်ဆိုသော စာချုပ်များတွင်
အငြင်းပွားပြဿနာ မရှိလှသော်လည်း အရပ် ဘက်ချုပ်ဆိုသော 
သဘောတူ ကတိစာချုပ်များတွင်မှု အငြင်းပွားပြဿနာများ
မကြာခဏ ပေါ်ပေါက်လေ့ ပေါ်ပေါက်ထ ရှိပါသည်။
စာချုပ်၏ စာမျက်နှာတိုင်းတွင် လက်မှတ်ရေးထိုးထားခြင်း
မရှိသဖြင့် ပေါ်ပေါက်လာသော အငြင်းပွားပြဿနာ မျိုးမှာ
ထိုသို့ ဖြစ်ပါသည်။
ဥပမာ- အိမ်ခန်းငှားရမ်းခြင်း ကတိစာချုပ်တစ်ရပ် ပြုလုပ်ချုပ်ဆို
ကြရာတွင် စာချုပ်နှစ်စုံ ရိုက်နှိပ်၍ တစ်ဖက် တစ်စုံစီ ရယူထားလေ့
ရှိသည်ကို သိကြမည်ဖြစ်သည်။
ဆက်လက်ဖတ်ရှု့ရန်- yuzanarland.com/g/SVjoT

Yuzanarland

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate