" တိုက်ခန်း ဝယ်မယ် ဆိုရင်... "

"  တိုက်ခန်း ဝယ်မယ် ဆိုရင်...  "

     ကန်ထရိုက် တိုက်ဝယ်ရင် မိုးတွင်းကို ဝယ်..

မိုးတွင်းဆိုရင် နံရံရေစိမ့်တာ သိနိုင်တယ်..

အပေါ် ဆုံးထပ်ကို ဝယ်ရင် မျက်နှာကျက် ကနေ 

ရေယို မယိုစစ် ရမယ် ၊ မိုးတွင်းတော့ သိသာပေမယ့် 

နွေဆိုမသိ နိုင်ဘူး ၊ ဘေးလှေခါးလား ၊ အလယ် 

လှေခါးနဲ့ နှစ်ခန်းတွဲရင် ခွဲလား ကြည့်ရမယ်..

နှစ်ခန်းတွဲ ရင်ခွဲ တိုက်တွေရဲ့ အပေါ်ဆုံး အလွှာမှာ 

အလယ်မြင်းမိုကို အုတ်စီ ထားသလား..

ဒါမှ မဟုတ် သံဇကာ ကာထား သလားကြည့် ရမယ်..

 

    နို့မိုဆို တစ်ဘက် ခန်းနဲ့တဘက်ခန်း မျက်နှာကျက် 

ကနေ ကူးနိုင်တာမို့ လုံခြုံမှု မရှိ နိုင်ဘူး။

နောက် ဖေးမိလ္လာ ကန် တွေ အနံ့ထွက် ပိုက် ( ခေါ် ) 

လေပိုက် တပ်ဆင် ထားမှုလည်း စစ်ဆေး ရမယ်..

အနံထွက် ပိုက်လေ ပိုက်တပ်ဆင် ထားမှု စံနစ်မကျ 

ရင် မိလ္လာနံ့တွေ အခန်းထဲ ဝင်လာ နိုင်တယ် ။

နောက် ဖေးအရေးပေါ် လှေကား ကတော့ အာစီ 

တွေ ချည်ပါပဲ ၊ ဒါပေမဲ့ လက်ရန်းတွေက စတီးလား 

ဟော်လိုလား ကြည့်ရမယ်..စတီးဆို မဆွေးဘူး 

ဟော်လို ဆိုရင် သံချေးကိုက် ပြီးဆွေးမယ်..

 

     နောက်ဖေး အဝတ်လှမ်း တဲ့အခါ အ ရေးပေါ် 

လှေကားက မဖြစ်မနေ ဆင်းရတဲ့ အခါ လက်ရန်း 

ဆွေးနေရင် အန္တရာယ် ရှိတယ် ။ မြေညီစက်ခန်းက 

ရေလှောင်ကန်  ရေလုံ မလုံလည်း စုံစမ်းရမယ် 

ရေမလုံ လို့တော့လုံးဝ မဝယ်နဲ့  ၊တစ် ချို့ စေတနာ 

ပါတဲ့ ကန်ထရိုက် တွေ က မြေအောက် ရေလှောင်ကန်

ကို ကြွေပြားပါ ကပ်ပေးတာ ၊ ရေကန်ဆို တာ ပုံမှန်

ရေလှယ် ဆေးကြော ရတော့ ကြွေပြား ကပ်တာ 

ကောင်းပါ တယ် ။ နောက် ရေလှောင်ကန် အဖုံးအဖုံး 

အနားကွပ် က ၆လက်္မ လောက် မြင့်ထား ရတယ် ၊

ရေမော်တာ ရေစုပ်ပိုက်က ရေထွက် ပေါက်ကို ၂လက်မ 

ပိုက် ၆လက်မ လောက် စွပ်ပြီး မဆလာနဲ့ ပိတ်ထားရ တယ် ၊

ရေကန် ရေပြည့် လို့ရေ လျှံ ရင် ရေကန် အဖုံးစလပ် က 

မကောင်းတဲ့ရေ တွေ ကန် ထဲမကျ တော့ ဘူး ၊

 

      အပြင်ဘက် ကိုလည်းရေ ဆင်းကောင်းအောင် 

လျှောစောက် လုပ်မလုပ် ကြည့် ရတယ် ။လူ နေ ပြီးသား

တိုက်ကို ဝယ်တဲ့အခါ တိုက်ဆောက် လုပ်တဲ့ရာဇဝင် ကို 

မသိနိုင်ပေမယ့် ခန့်မှန်းလို့ တော့ ရ ပါ တယ် ။

ဘေး ဝဲယာ ၊ရှေ့နောက် စောင်းမ စောင်းမျက်

မြင် နဲ့ခန့်မှန်းပေါ့ ၊နောက် မြေ ညီ တိုင်

(Column)အရွယ် အစား ကို ကြည့် ၊တစ် ချို့

၅ထပ် ၆ထပ် တိုက် တွေ မြေ ညီ တိုင်ကစ

9"×12"အရွယ် တွေလုပ် ထားတာ ၊နံ ရံ တွေ

အက် ကွဲ မှု ရှိ မရှိ လည်း မျက် မြင် နဲ့လေ့ လာ

လို့ရ ပါ တယ် ။

 

၆ထပ် တိုက် တစ် လုံးတွေ့ဘူးတယ် အုတ်စီ

ပြီးရှေ့ကို ငိုက် သွားလို့ အ ပေါ် ဆုံး ပါရာပတ်

က နေ ကြိုးဆွဲ ပြီးပလာစတာ လုပ် လိုက် တာ

တစ် တိုက် လုံး စကွဲ ယားကျ ဖြစ် သွားတယ်

အတွင်း ကော် လာ တွေ ပါ လိုက် ချော ပြစ် ရ

တာ ပေါ့ ၊နောက် တိုက် တစ် လုံးကျ တော့ 

အ ရှေ့နောက် Level တိုက် တာ ၉"လောက် 

ကွာ နေ လို့ ညီ အောင် ပြန် ခင်းတာ တွေ 

တယ် အဲ ဒီ တော့ တိုက် က ဝန် ပို တွေ များ

လာ တာ ပေါ့ ။

ကွန် ဒို မဟုတ် ပဲ ရိုးရိုးဖေါင် ဒေး ရှင်းတိုက်

တွေ ဝယ် ရင် သေ ချာ နားလည် တဲ့ သူ နဲ့

ဝယ် မှ ၊မင်္ဂလာ တောင် ညွန့် ထဲ မှာ တိုက်

တစ် လုံးမြေ ထဲ ကြွံ ဝင် သွားတာ မြေ ညီ တစ်

ထပ် လုံး မြေထဲ ရောက် သွားတယ်။

အခု ကန် ထရိုက် တိုက် တွေ ဆောက် နေ တာ

အင် ဂျင် နီယာ မပါ ဘူး၊အင် ဂျင် နီယာ ဆို တာ 

လက် မှတ် ထိုးရုံ ပဲ ၊ပန်းရံ လက် သမား

တွေ က ပဲ ဦးစီးနေ တာ ၊သံ ချောင်းရယ် 

ကျောက် ရယ် သဲ ရယ် ဘိ လပ် မြေ ရယ် တွေ့

ရင် အာစီ ဖြစ် တာ ပဲ ဆို တဲ့အသိ စွဲ နေ ကြ

တာ ။

 

၆လွှာ အ ပေါ် ဆုံးထပ် ကို သိန်း၂၀၀ လောက်ပေးဝယ် 

ရတာ ၊သိန်း၂၀၀ ဆိုတာ ပလုံသွားရင် ပြန်ရှာလို့မလွယ်

တဲ့ ခေတ် ကြီးမှာ တိုက်ခန်းဝယ်မယ် ဆိုသေသေချာချာ 

စဉ်းစားပေါ့။ ပြီးစလွယ် ဆောက် တဲ့ ကန်ထရိုက်တွေ 

အ နေ နဲ့ မ ကျေနပ် လည်းမတတ် နိုင် ဘူး ၊အမြတ် ကို 

အဓိ ကမထား ပဲ လူ ပေါင်းများစွာရဲ့ဘဝ ၊အသက် တွေ

 ၊ချွေး နည်းစာ တွေ ကို မသမာ တဲ့နည်းနဲ့မဖျက် စီးပါနဲ့

မရ ယူ ပါနဲ့၊ဆရာ ဝန် မှားရင် အသက် တစ် ချောင်းပဲ

ဆုံးရှုံး မယ် ကန် ထရိုက် ပြီးစလွယ် လုပ် ရင်

အသက် ပေါင်းများစွာ ဘဝ ပေါင်းများစွာ ဆုံး

ရှုံး မယ် ။ အင်ဂျင်နီယာ အစား ကန်ထရိုက်လို့ ဘာ 

့ဖြစ် လို့ပြော ရတာ လည်းဆို တော့ အင် ဂျင် နီယာ 

တာဝန် ယူ ရ တဲ့ တိုက် က ကွန် ဒို ကလွဲ ရင် မရှိ သ 

လောက် ပဲ မို့ လို့ပါ ။

 

Credit-OriginalUploder

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate