အိမ် ခြံ မြေ အကျိုးဆောင်များအတွက် လွယ်ကူသော Data သိမ်းနည်း (၅) မျိုး
အိမ် ခြံ မြေ အကျိုးဆောင်များ အတွက် လွယ်ကူသော Data သိမ်းနည်း (၅) မျိုး
အရောင်း Data တွေကို စနစ်တကျ သိမ်းဆည်းထားတာ မရှိဘူး ၊
List လုပ်ပြီး မသိမ်းထားမိဘူးဆိုရင် ကိုယ့်ဆီကို ဝယ်လက်တိုက်ရိုက် ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာရင်တောင် ဘယ်အကွက် ဘယ်အိမ်ကို ရောင်းရမှန်းမသိ တဲ့ ပြဿနာ ကြုံရပါတယ်။
ရောင်းမယ့် အိမ်တွေကို သိတယ်ထားဦး အကျိုးဆောင်တစ်ယောက်
ဖြစ်နေတဲ့အတွက် ရောင်းမဲ့ အိမ်နဲ့ မြေကွက်တွေက ၄ ၊ ၅ ကွက်ထဲ မဟုတ်တာကြောင့်
ဘယ်အိမ်က ဈေးနှုန်း ဘယ်လောက် ခေါ်ထားလည်း ၊ စာရွက်စာတမ်း က ဘာရှိတာလည်း ၊
ဧရိယာကကော ဘယ်လောက်ရှိတာလည်း အစရှိသဖြင့် အချက်အလက်တွေအနေနဲ့
ရောထွေးပြီး ရှုပ်သွားနိုင်ပါတယ်။ နောက်တစ်ခု ပြဿနာက ရိုက်ထားတဲ့ ပုံနဲ့ အသေးစိတ်
အချက်အလက်တွေ မချိတ်ဆက်မိတဲ့ ပြဿနာပါ ဒီတစ်ခုက အကျိုးဆောင် အားလုံးနီးပါး
ကြုံဖူးမယ်လို့ ထင်ပါတယ်နော် ။ ဒီလောက်နဲ့ မပြီးသေးပါဘူး တစ်ခါတစ်လေမှ
ာ ကိုယ်က အရောင်းကြော်ငြာစာကို အသေချာလေး အချိန်ပေး ရေးထားပြီးမှ
ပျက်သွားတာတွေ နေရာမှား သိမ်းမိတာတွေ ၊ လက်ကမထင်မှတ်ဘဲ ပြန်ဆည်လို့မရအောင်
ဖျက်မိသွားတာတွေလည်း ဖြစ်တတ်သေးပါတယ်။ ပျက်ဆီးစေတတ်တဲ့ နည်းလမ်းတွေ
သိပြီးပြီဆိုတော့ မိမိရဲ့ အရောင်းကြော်ငြာ အချက်အလက်တွေကို ဘယ်လို သိမ်းပြီး ဘယ်လိုထိန်းမလည်း ဆိုတာ ကြည့်ရအောင် -
၁။ စာအုပ် ၊ စာရွက် စာတမ်းများဖြင့် မှတ်သားထားခြင်း
ဒီနည်းလမ်းကတော့ ရှေးအကျဆုံး ဖြစ်သလို ခုလို It ခေတ် ထဲမှာလည်း
တွင်ကျယ်စွာ သုံးနေရတုန်းပါဘဲ။ စာအုပ် (သို့မဟုတ်) စာရွက် မှာ မှတ်မယ်ဆိုရင်
အလွယ်တစ်ကူပျက်ဆီးမှာ ဖျက်ဆီးမှာ စိတ်ပူစရာမလိုပါဘူး။
ဖိုင်တွဲတွေနဲ့ ကြောင်အိမ်ထဲမှာ သေချာ သိမ်းဆည်း ထည့်ထားမယ်ဆိုရင်
နှစ်များစွာတိုင်အောင် အချက်အလက်တွေက ကျန်ရှိနေမှာပါ။
Wifi , Internet မလိုအပ်သလို မီးပျက်ရင်လည်း ပြဿနာမရှိပါဘူး။
ပြဿနာက နေရာထားတတ်ဖို့လိုအပ်ပြီး ပုံတူ အချက်အလက်
ပွားဖို့လွယ်ကူစေတာကြောင့် သော့ခတ် သိမ်းဆည်းထားဖို့ လိုပါတယ်။
၂။ Social Media များပေါ်တွင် အရောင်းကြော်ငြာတင်ပြီး သိမ်းထားခြင်း
မြန်မာနိုင်ငံမှာတော့ Facebook , Tik Tok နဲ့, Youtube တွေကို တော့
အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ တခြား Social Media တွေထက်
ပို၍ အသုံးပြုကြပါတယ်။ အရောင်းကြော်ငြာတွေ တင်ရုံမက ဒေတာတွေကို
ဒီလိုနေရာမှာထားတာကလည်း Data သိမ်းထားပြီးသားဖြစ်စေပါတယ်။
ဥပမာအနေနဲ့ တစ်ခုကြည့်ပါစို့ …
Facebook - မှာဆိုရင် ကိုယ်ပိုင် Page ထောင်ပြီး အရောင်း ကြော်ငြာတင်ပြီ
း သီးသန့်ဒေတာကို သိမ်းထားဖို့ နေရာ တစ်ခု ရစေသလို၊
မိမိရဲ့ Personal Acc ကို လည်း အလားတူ အသုံးပြုနိုင်ပါတယ်။
ဒါပင်မဲ့ သတိထားရမှာက ကိုယ့်ကို မလိုမုန်းတီးသူတွေ ၊ Facebook Policy တွေ နဲ့
ညှိသွားမယ်ဆိုရင်တော့ အကုန်ပျောက်သွားနိုင်တာကြောင့် သတိတော့ ထားဖို့လိုပါတယ်။
၃။ Communicator များဖြင့် သိမ်းဆည်းထားခြင်း
Social Media တွေပြီးရင်တော့ ယခုချိန်မှာဆိုရင်
ဆက်သွယ်ရေး Communicator တွေကို လည်း အရမ်းကို အသုံးပြုလာကြပါပြီ ။
Viber နဲ့ Telegram ဆိုရင် တော်တော်ကို ရေပန်းစားလာတာပါ။
ဖုန်းတစ်လုံးမှာ ဒီ App နှစ်ခုထဲက တစ်ခုမဟုတ် တစ်ခုတော့
အနည်းဆုံးရှိပါတယ်။ဒီ Viber နဲ့ Tele ထဲမှာဆိုရင်လည်း Note အနေနဲ့
နေရာတစ်နေရာ ရတာကြောင့် ဒီထဲမှာဆိုရင်လည်း ကိုယ့်ဒေတာတွေကို
စိတ်ကြိုက် ထားနိုင်ပါတယ်။သို့ ပင်မဲ့ ဖုန်း Sim Card ကိုတော့
မပျောက်အောင် သိမ်းထားဖို့လိုမယ်နော်။
၄။ Drives Usb , External Hard Disk တို့ ဖြင့် သိမ်းဆည်းထားခြင်း
ဒါကတော့ ကွန်ပျူတာ အသုံးပြုသူများအနေနဲ့ အဓိက အသုံးပြု
သိမ်းထားတတ်တဲ့ နေရာတွေပါ။ အချက်အလက် တွေ
ရေးထားတဲ့ Docs နဲ့ ဓာတ်ပုံ၊ ဗီဒီယို တွေကို သိမ်းဆည်းဖို့ အတွက် ဆိုရင်တော့
ပထမဦးဆုံး ယုံကြည်စိတ်ချရတဲ့ Hard Dics ကို ရွေးချယ်အသုံးပြုတတ်ဖို့ လိုပါပြီ။
ရှိသမျှ အချက်အလက်တွေ အကုန် ထည့်ထားနိုင်သလို ပျောက်သွားပြီဆိုရင် လည်း
ကိုယ့်ဆီက Data အကုန် ပါသွားနိုင်ပါတယ်။
၅။ Real Estate Application အသုံးပြု၍ စနစ်တကျ ထိန်းသိမ်းထားခြင်း
၂၁ ရာစု နောက်ပိုင်းမှာ ကိုယ်ပိုင်ရုံးခန်းကို သွားလေရာ အိတ်ထဲထည့် ပြီး
သယ်ဆောင်သွားနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းလေးပါ။
ကိုယ်သိမ်းဆည်း ထိန်းသိမ်းမဲ့ အိမ်ခြံမြေတွေရဲ့ ရောင်းဝယ်ငှား
အချက်အလက်ဒေတာ ပေါင်းများစွာကို ပဲထားနိုင်တာမဟုတ်ဘဲ
Map Location ကို လည်း သေချာစွာ ဖုန်းလေးထဲမှာ အကောင့်ဖွင့်ပြီး ထည့်ထားနိုင်ပါတယ်။
စုပြုံပြီး တစ်နေရာထဲ ပုံထည့်တာမျိုးမဟုတ်ဘဲ သူ့နေရာနဲ့ သူ List တွေနဲ့
သေသေချာချာထားနိုင်တာကြောင့် ရောင်းထွက်ပြီးတာတွေ ၊
ကိုယ်က သီးသန့်အနေနဲ့ အထူးအရောင်းဖွင့်ချင်တဲ့ မြေကွက်တွေဆိုရင်လည်း
မရောထွေးတော့ဘူးပေါ့နော်
နည်းပညာတွေ တိုးတက်လာတဲ့ Online ခေတ်ကြီးထဲမှာ မိမိနဲ့သက်ဆိုင်တဲ့ နယ်ပယ်ထဲ သေချာတဲ့
ဈေးကွက်နေရာ တစ်ခုယူတတ်ဖို့ကတော့ မမေ့သင့်တဲ့ အရေးကြီးသတိထားစရာပါရှင့်။
အချိန်ဆွဲပြီးနေမယ်ဆိုရင်တော့ မိမိလည်းနောက်ကျမှန်းမသိ နောက်ကျကျန်ခဲ့မှာပါ။
ဒီလို မဖြစ်ရလေအောင် အိမ်ခြံမြေလောကသားများ စုစည်းတည်ရှိရာ Yuzanarland App မှာ
ကိုယ်လည်းနေရာတစ်ခုယူပြီး အခြေချနိုင်ရန်အတွက် အကောင့်ဖွင့်ပြီး အသုံးပြုဖို့ လိုအပ်လာပြီနော်.
Agency အကောင့်ဖွင့်တာနဲ့ ၁၀ခု Free တင်လို့ရတယ်ရှင့်…
Related Posts
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...
အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...