အိမ်၊ခြံမြေ၊တိုက်ခန်းကို ရောင်းတော့မယ်ဆိုရင် ဒီ(၅ )ချက်လေးတွေတော့လိုက်နာရပါမယ်။
အိမ် ၊ခြံ ၊ မြေ၊ တိုက်ခန်းကို ရောင်းတော့မယ်ဆိုရင်
ဒီ(၅ )ချက်လေးတွေတော့ လိုက်နာရပါမယ်။
(၁) မိမိရောင်းချင်တဲ့ နေရာ ဒေသရဲ့ အိမ် ခြံ မြေ
စျေးကွက်ကို နားလည်အောင် လုပ်ပါ။
မိမိပိုင်ဆိုင်တဲ့ အိမ် ၊ခြံ ၊မြေကွက်၊ တိုက်ခန်း
စတာတွေကို မရောင်းမှီ လက်ရှိစျေးကွက်
အခြေအနေကို နားလည်ထားခြင်းဟာ
မိမိအိမ် ခြံ မြေရဲ့ ပေါက်စျေးကို သိရှိနိုင်ပြီး
ဘယ်လောက်ကြာတဲ့အချိန်မှာ ရောင်းထွက်
နိုင်တယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။
ဥပမာ- မိမိအနေဖြင့် မိမိရဲ့အိမ်တန်ဖိုးကို
မသိဘဲ စျေးမြှင့်လွန်းစွာ အရောင်းတင်မိရင်
ထွက်နိုင်ခြေ ခဲယဉ်းသွားပါလိမ့်မယ်။
(၂)မိမိရောင်းလိုတဲ့ အိမ် ၊ခြံ ၊မြေကွက်၊ တိုက်ခန်း
တို့ကို သန့်ရှင်းစွာ ပြင်ဆင်ထားပါ။ အမှိုက်ပွ
နေတာမျိုး ၊အိမ်က ကျိုးပဲ့နေတာမျိုး မဖြစ်ပါစေနဲ့။
ပထမဦးဆုံးအနေနဲ့ ဝယ်သူတွေ ဝယ်ဖို့အတွက်
လာရောက်ကြည့်ရှု့တဲ့အခါ first impressions
က အရေးကြီးပါတယ်။ အိမ်ရောင်းတာ ဆိုရင်လည်း
လိုအပ်တဲ့ ပြင်ဆင်မှု့တွေ ပြင်ဆင်ပြီးမှ ရောင်းခြင်း
ဟာ အဝယ်တော်တွေရဲ့ အာရုံကို ကောင်းမွန်ခြင်း
ပေးတဲ့အတွက် မိမိရဲ့အရောင်းအတွက် ပြင်ဆင်ထားမှု့
ကလည်း အရေးကြီးလို့နေပါတယ်။
(၃)မိမိရဲ့အရောင်းကို ထိရောက်တဲ့ အလားအလာ
ရှိတဲ့ ဝယ်သူတွေကို ဆွဲဆောင်နိုင်ရန်နှင့် တွေ့ရှိ
နိုင်ရန်အတွက် စျေးကွက်ပေါ်မှာ ရောင်းပါ၊ ဖြန့်ပါ။
ဒါကတော့ အခုဆိုရင်အိမ် ခြံ မြေ application
တွေ website တွေကလည်း ကျယ်ပြန့်နေတဲ့အတွက်
ကြောင့် အဝယ်တော်တွေရော အရောင်းတင်တဲ့သူတွေ
ပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလို့ နေကြပါတယ်။
အဲဒီနေရာတွေမှာ အရောင်းတင်လိုက်ခြင်း အားဖြင့်
လည်း မိမိရဲ့အရောင်းများဟာ ဖြန့်လိုက်တဲ့အတွက်
ကြောင့် သေချာပေါက် ဝယ်လိုတဲ့သူတွေ ရောက်လာမှာ
ဖြစ်ပါတယ်။မြန်မာတစ်နိုင်ငံလုံး တွင်တွင်ကျယ်ကျယ်
အသုံးပြုနေတဲ့ facebook စတဲ့ social platform
တွေမှာလည်း အရောင်းတင်ထားသင့်ပါတယ်။
ဒီလိုမျိုး တကယ်ဝယ်မယ့်သူတွေ မြင်နိုင်မယ့်
နေရာဆီ ပြသထားလိုက်တဲ့အခါ ရောင်းမထွက်မှာ
စိတ်ပူစရာ မလိုတော့ပါ။
(၄)တရားဝင်မှတ်ပုံတင်ပြီး လုပ်ကိုင်နေတဲ့
အကျိုးဆောင်၊ အေဂျင်စီတွေဆီ အရောင်းအပ်ထားပါ။
အကျိုးဆောင်လုပ်ငန်းကို အတည်တကျ လုပ်ကိုင်
နေတဲ့ သူတွေအနေနဲ့ အလားအလာရှိတဲ့ ဝယ်လက်
တွေ၊ တကယ့်ဝယ်သူတွေနဲ့ အမြဲဆက်ဆံ လုပ်ကိုင်
ဆောင်ရွက်နေရခြင်း ဖြစ်တဲ့အတွက် သူတို့ဆီကနေ
ရောင်းထွက်နိုင်ခြေ ပိုရှိပါတယ်။
အကျိုးဆောင်၊ အေးဂျင့်များဟာ စျေးနှုန်းသတ်မှတ်
ပေးခြင်း၊ အရောင်းတင်ပေးခြင်း၊ ဝယ်သူများအား
ညှိနှိုင်းပေးခြင်း၊ စျေးအပိတ် ဆောင်ရွက်ရာမှာလည်း
လမ်းညွန်ပေးခြင်းစတဲ့ လုပ်ငန်းစဉ်များကို ဆောင်ရွက်
ပေးပါတယ်။
(၅) အိမ် ခြံ မြေ စာရွက်စာတမ်း ဥပဒေဆောင်
ရွက်ချက်များကို နားလည်ထားပါ။
မိမိရောင်းချတဲ့ အိမ် ခြံ မြေ တိုက်ခန်းများဟာ
တစ်ဖက်ဝယ်သူ အနေနဲ့ ဝယ်ယူပြီး
အမည်ပြောင်း ဆောင်ရွက်ချက်များကို
ဆောင်ရွက်တဲ့အခါ လိုက်ပါ ဆောင်ရွက်ပေးရတာမျိုး
ရှိပါတယ်။ ဒီတစ်ခုထဲ မဟုတ်ပါဘူး အိမ် ခြံ မြေ
ရဲ့ လိုအပ်ချက်အလိုက် လိုက်ပါဆောင်ရွက်
ပေးရတာတွေ ရှိတဲ့အတွက်ကြောင့် ရောင်းပြီး
ရင်ပြီးရောဆိုတဲ့ စိတ်မထားဘဲ နောက်ဆုံး
တစ်ဖက် ဝယ်သူတွေအနေနဲ့ စိတ်အေးရသည်
အထိ ဆောင်ရွက်ပေးရတာမျိုး ရှိတဲ့အတွက်
ကြောင့် ဒီလိုကိစ္စမျိုးကိုလည်း ကြိုတင်
ပြင်ဆင်ထားသင့်ပါတယ်။
အိမ် ခြံ မြေ တိုက်ခန်းများ ရောင်းစရာရှိတဲ့
investor တွေရော ၊အခုမှ အိမ် ခြံ မြေမှာ
စတင်ဝင်ရောက်မယ့် investor တွေနှင့်အတူ
လိုအပ်ချက်ကြောင့် ထုတ်ရောင်းကြတဲ့
သူတွေလည်း မြန်မြန်ရောင်းထွက်ပြီး
တိုးပွားကြပါစေ။
အိမ် ခြံ မြေ များကို ရောင်း ၊ဝယ် ၊ငှား ပြုလုပ်လိုတဲ့
မည်သူမဆို Yuzanarland Application မှာ
အခမဲ့ အရောင်းကြော်ငြာများ တင်နိုင်ပါတယ်။
Related Posts
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...
အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...