အိမ်ခြံမြေ investor ဖြစ်ခြင်းရဲ့ ကောင်းမွန်ခြင်း(၄)ချက် နှင့် အချမ်းသာဆုံးအိမ်ခြံမြေ investor Donald Bren

23-Sep-23 Knowledge
အိမ်ခြံမြေ investor ဖြစ်ခြင်းရဲ့ ကောင်းမွန်ခြင်း(၄)ချက် နှင့် အချမ်းသာဆုံးအိမ်ခြံမြေ investor  Donald Bren

အိမ်ခြံ‌မြေ မှာ investor လုပ်ခြင်းရဲ့ ကောင်းမွန်ခြင်း(၄)ချက်နှင့် 

အိမ်ခြံမြေရဲ့မာယာများကိုလည်းနားလည်ပြီး ချမ်းသာကြွယ်ဝနေတဲ့

 အချမ်းသာဆုံးအိမ်ခြံမြေအကျိုးဆောင် investor  Donald Brend

 

ချမ်းသာချင်ရင် အိမ် ခြံ မြေ မှာ ရင်းနှီးပါဆိုပြီး စကားအမျိုးမျိုးကို ကြားဖူးကြပါလိမ့်မယ်။

အိမ် ခြံ မြေ မှာinvest လုပ်တယ် ဆိုတာကလည်း ပြောသလောက် လွယ်တာမဟုတ်ဘူး‌လေ။

မြေလောကမှာ အကျိုးပေးလွန်းလို့ သက်ရှည်တဲ့ထိ မြေလောကမှာပဲ လုပ်ကိုင်ပြီး 

ချမ်းသာကြွယ်ဝသွားတဲ့ ကမ္ဘာ့အနယ်အရပ်ရပ်က သူဌေးတွေလည်း ဒုနဲ့ဒေးပါပဲ။

ချမ်းသာရင် ပျက်စီးတတ်တဲ့ လူ့အမျိုးအနွယ်တွေလည်း မြေလောကထဲရောက်ရင်တော့ 

ချမ်းသာလေ ချမ်းသာလေပါ။ ချမ်းသာရင် ပျက်စီးတယ်ဆိုတာက အလကားဖြစ်
သွားပါလိမ့်မယ်။ အကြောင်းအရင်း ရှိပါတယ်။ မြေလောကရဲ့  မာယာဆိုတာ 

မိန်းမမာယာ လောက်တော့ သနားတယ်။ပိုင်ဆိုင်ချင်ကြလွန်းလို့ ရန်တွေဖြစ်လိုက်၊

ပြသာနာတွေ ဖြစ်လိုက်နဲ့ မကုန်နိုင်တဲ့ အကြောင်းတရားတွေပါ။ ဒါပေမယ့် မြေမာယာအကြောင်းကို 

သေချာလေးနားလည်တဲ့ သူကတော့ မုချဧကန် အကျိုးဖြစ်ထွန်းတာပဲ။
မိမိတို့ရဲ့  ပိုက်ဆံလေးများ သုံးဖို့ပိုနေတယ်ဆိုရင် မဖြုန်းပစ်လိုက်ပါနဲ့။

ပထမဦးဆုံး ဝယ်သင့်တဲ့မြေ၊ စာရွက်စာတမ်းတွေအကြောင်း လေ့လာပါ။ပြီးတော့မှ ဝယ်ယူပါ။
ဝယ်ယူပြီး ပိုင်ဆိုင်ထားလိုက်တယ်ဆိုရင် အိမ် ခြံ မြေ ပိုင်ဆိုင်သူတစ်ယောက်ဟာ 
(၁) မိမိနေထိုင်ရာ ပတ်ဝန်းကျင်မှာ ဂုဏ်သတင်းကမွေးပြီး လူချမ်းသာ စရင်းထဲဝင်သွားမှာပါ။

(ဒါကတော့ အပေါ်ယံသဘောပြောပြတာပါ)
(၂) ရှိတုန်းမှာ မဖြုန်းပဲ ရင်းနှီးထားလိုက်ခြင်းဟာ နောက်တစ်ချိန်မှာ ပြန်ပြီးစျေးတွေ နှစ်ဆ၊သုံးဆလောက်

 တက်တတ်တဲ့အတွက်ကြောင့် ဧရာမငွေထုတ်ကြီးကို စုပြီး တိုးပွားအောင်လုပ်လိုက်သလိုပါပဲ။

(တစ်သက်လုံးလုပ်မှရနိုင်မယ့်ပိုက်ဆံများဟာ ခနအတွင်းတင် အများကြီးရသွားနိုင်ပါတယ်)
(၃) မိမိဝယ်ထားတာက အိမ် ၊ တိုက်ခန်းဆိုရင်တော့ အငှားချထားပြီး မရောင်းခင်အချိန်လေးမှာ 

အသီးအပွင့်တွေ စားသုံးရသလိုမျိုး ချိုမြိန်ပြီး ပြေလည်တဲ့ငွေကြေးကို ရရှိစေပါတယ်။
(ဒါပေမယ့် ဗဟုသုတအနေနဲ့ အငှားထားမယ်ဆိုရင်တော့ စာချုပ်ကို သက်တမ်းအကြာကြီး မလုပ်ပဲ 

နှစ်ချုပ်ကို အနည်းငယ်သာ လုပ်ထားသင့်ပါတယ်။ ဒါမှမဟုတ် အငှားနှင့်ပတ်သက်ပြီး
သေချာလေ့လာပြီးတော့မှ ငှားရင်ပိုကောင်းပါတယ်)
(၄)အိမ် ခြံ မြေ ကို ကြာရှည်စွာ ထိန်းသိမ်းထားမယ်ဆိုရင်လည်း‌ နောင်လာသားသမီးတွေ မြေးတွေအထိ ကို 

ဂုဏ်သရေရှိစွာ နေထိုင်နိုင်ပါတယ်။
(သစ်ပင်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနား ဆိုသလိုမျိုး ဘဝကိုပေးစွမ်းနိုင်ပါတယ်)

 

နာမ်မည်ကြီးတဲ့ အချမ်းသာဆုံး အိမ် ခြံ မြေ လောကကလူတွေထဲက တစ်ယောက်ကတော့

Donald Bren
     သူကတော့ အမေရိကန်ရဲ့ အချမ်းသာဆုံး အိမ် ခြံ‌ မြေ အကျိုးဆောင် investor တစ်ယောက်ပါ။
သူရဲ့ Irvine ကုမ္ပဏီပိုင်ဆိုင်တဲ့ အိမ် ခြံ မြေ တွေဟာ  129 million square feet ရှိပါတယ်။အများစုက 

ကယ်လီဖိုးနီးယား တောင်ပိုင်းမှာရှိပြီး။စျေးကွက်ကောင်းတဲ့ အိမ် ခြံ မြေ တွေပဲ‌ ဖြစ်ပါတယ်။

သူ့ရဲ့ ပိုင်ဆိုင်မှု့ စုစုပေါင်းကတော့ (590)ခု လောက်ရှိတဲ့ ရုံးခန်း၊ အဆောက်အအုံတွေနှင့် (124) ခုသော

တိုက်ခန်းတွေ ပဲဖြစ်ပါတယ်။
Bren မှာ ကလေး(၇)ယောက်ရှိပါတယ်။
သစ်ပင်တစ်ပင်ကောင်း ငှက်တစ်သောင်းနား ဆိုသလို Bren က အိမ် ခြံ မြေ ရဲ့မာယာများ ကိုလည်းနားလည်ပြီး 

ပါးနပ်စွာ အသုံးချတဲ့အတွက်ကြောင့် ရေရှည်အကျိုး ဖြစ်ထွန်းခဲ့ခြင်းဖြစ်ပါတယ်။

 

အိမ်ခြံမြေအကျိုးဆောင်များက မိမိတို့ရဲ့ဝယ်လက်ကို

အိမ်ခြံ‌မြေအရောင်းပြသသည့်အခါကြုံတွေ့ရတတ်တဲ့ စိတ်ညစ်စရာ(၅ ) ချက်
ဆက်လက်ဖတ်ရှု့ရန်{https://www.yuzanarland.com/g/19LHT}

 အိမ်ခြံမြေအကျိုးဆောင်တစ်ယောက်ဖြစ်ရခြင်း၏ 

အကျိုးကျေးဇူးများနှင့် အရည်အချင်းကောင်းများ  (၆)ချက်
ဆက်လက်ဖတ်ရှု့ရန်{https://www.yuzanarland.com/g/4HMso}
 

US တွင် အကြီးမားဆုံးသော ဘဏ်ကျရှုံးမှု့ကြီးကြောင့် ဆုံးရှုံးခံခဲ့ရသော 
အိမ်ခြံမြေပိုင်ဆိုင်မှု့အာမခံချေးငွေစာအုပ်အားထုတ်ရောင်းမှု့ဖြစ်နေ
ဆက်လက်ဖတ်ရှု့ရန်{https://www.yuzanarland.com/g/gBfa7}


 

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!