မြန်မာနှင့် ကမ္ဘာပေါ်ရှိ ထင်းရှူးပင်ပေါက်ရောက်နိုင်သော ဒေသများ

11-Sep-23 Knowledge
မြန်မာနှင့် ကမ္ဘာပေါ်ရှိ ထင်းရှူးပင်ပေါက်ရောက်နိုင်သော ဒေသများ

မြန်မာနှင့် ကမ္ဘာပေါ်ရှိ ထင်းရှူးပင်ပေါက်ရောက်နိုင်သော ဒေသများ

ထင်းရှုးလို့ပြောလိုက်တာနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတော်တော်များများက တောင်ကုန်းတောင်တန်းတွေနဲ့ ရှု့မ၀ဖွယ် အလှတရားတွေအပြည့်ဖြစ်နေတဲ့ မောရှမ်းမြေကိုပဲ ပြေးမြင်ကြမယ်ထင်ပါတယ်။ အမှန်မှာတော့ ထင်းရှူးပင်တွေဟာ မောရှမ်းမြေမှာသာ ပေါက်ရောက်ကြတာ မဟုတ်ပဲ မြန်မာနိုင်ငံရဲ့ အခြားသော ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလည်း ပေါက်ရောက်ကြတဲ့အပြင် ကမ္ဘာပေါရှိ နိုင်ငံအချို့တွင်လည်း ပေါက်ရောက်ကြပါသေးတယ်။ ထင်းရှုးပင်တွေဟာ ၎င်းတို့ရဲ့အလင်းပြန်ခြင်းဖြစ်စဉ်‌ကြောင့် ထိရောက်တဲ့ အောက်ဆီဂျင်များကို ထုတ်လုပ်ပေးကြပါတယ်။ အထက်ပါဖြစ်စဉ်ကြောင့်ပဲ ထင်ရှူးပင်တွေဟာ ကာဗွန်နိုင်အောက်ဆိုဒ်တွေကို အောက်ဆီဂျင် အဖြစ်ပြောင်းလည်းထုတ်လွှတ်ပေးကြတာ ဖြစ်ပါတယ်။ ထင်းရှူးပင်တွေဟာ အအေးဒဏ်နဲ့ ကြမ်းတမ်းသော အခြေနေများကို ခံနိုင်ရည်ရှိသောကြောင့် တောင်ပေါ်ဒေသတွေမှာ အများဆုံးတွေ့ရတာြဖစ်ပါတယ်။ ဒီနေ့မှာလည်း Yuzanarland.com ကမြန်မာနဲ့ ကမ္ဘာပေါ်မှာ လူသိများထင်ရှားတဲ့ ထင်ရှူးပင်ပေါက်ရောက်ရာဒေသ အချို့ကို ဗဟုသုတ အဖြစ်ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။
 

US                    -  United State ရှိ Rocky တောင်တန်းများနှင့် Sierra Navada တို့တွင် ထင်းရှုးပင်များကိုတွေ့ရှိနိုင်ပါတယ်။

Canada            - Canadian Rockies နှင့် အခြားနေရာအမျိုးမျိုးတို့တွင်လည်း ထင်းရှူးပင်များပေါက်ရောက်ကြပါတယ်။

Japan              -  ဂျပန်ထင်းရှူးနီများကို ကိုဟော့ကိုင်းဒိုးလို တောင်တန်းဒေသတွေမှာ တွေ့ရများပါတယ်။

Spain               - မြေထဲပင်လယ် ဒေသများမှာ ဆိုရင်လည်း Aleppo Pine အပါအဝင် ထင်းရှူးမျိုးစိတ်များစွာကိုလည်းတွေ့                                ရတတ်ပါတယ်။

India                 -အထူးသဖြင့် ဟိမ၀န္တာ (Himachal Pradesh ) ကဲ့သို့သောဒေသများတွင် တွေ့ရှိနိုင်ပါတယ်။


မြန်မာနိုင်ငံမှာဆိုရင်လည်း ထင်းရှုးပင်တွေကို နိုင်ငံရဲ့ မြောက်ပိုင်း အထူးသဖြင့် တောင်ကုန်းတောင်တန်းဒေသတွေမှာသာတွေ့ရှိနိုင်ပါတယ်။

ရှမ်းပြည်နယ်        - သာယာလှပသော ရှု့ခင်းများကြောင့် ကလောနဲ့ ပြင်ဉီးလွင်တို့လိုမြို့တွေမှာ ထင်းရှူးပင်တွေကို ဝေဝေဆာဆာတွေ့နိုင်ပါတယ်။

ချင်းပြည်နယ်     - ချင်းပြည်နယ်၏ မြင့်မားသော တောင်းတန်းများတွင် တွေ့ရှိနိုင်ပြီး

ကချင်ပြည်နယ်    - ပူတာအိုတွင် ထင်းရှုးပင်များကို တွေ့ရှိနိုင်ပါတယ်။

ထင်းရှုးပင်တွေဟာ မြင့်မားတဲ့တောင်တန်း များနဲ့ အအေးကဲတဲ့ ဒေသတွေမှာ ပေါက်ရောက်တတ် ကြတာဖြစ်လို့ ထင်းရှူးတောတန်းတွေရှိတဲ့ အရပ်ဒေသတွေကို အလည်သွားမယ်ဆိုရင်တော့ အနွေးထည်လေးတော့ ဆောင်ထားဖို့လိုပါမယ်နော်။
 


 

 

 

 

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!