ဝယ်ထားတဲ့ ပါမစ်မြေကွက်က ပါမစ်အမည်ပေါက်ထံကတစ်ဆင့်ဝယ်ထားတဲ့ ပါမစ်မြေကွက်မူရင်းစာရွက် ပျောက်သွားတာ။ အသစ်ပြန်လျှောက်လို့ရပါသလား

ဝယ်ထားတဲ့ ပါမစ်မြေကွက်က ပါမစ်အမည်ပေါက်ထံကတစ်ဆင့်ဝယ်ထားတဲ့ ပါမစ်မြေကွက်မူရင်းစာရွက် ပျောက်သွားတာ။ အသစ်ပြန်လျှောက်လို့ရပါသလား

ဝယ်ထားတဲ့ ပါမစ်မြေကွက် က ပါမစ်အမည်ပေါက်ထံက တစ်ဆင့်ဝယ်ထားတဲ့ ပါမစ်မြေကွက်မူရင်းစာရွက် ပျောက်သွားတာ။ အသစ်ပြန်လျှောက်လို့ရပါသလား
ဓာတ်ပုံမြေချ ပါမစ်မြေကွက်တွေကို ထုတ်ပေးထားက ရန်ကုန်မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပေးထားပါတယ်။ 
အိုးအိမ်မြေချပါမစ်ကို မူလ အမည်ပေါက်ရှိ ၊ မရှိသိလိုတာပဲ ဖြစ်စေ ၊ အတု နဲ့ အစစ် ခွဲခြားသိချင်လို့ပဲ ဖြစ်ဖြစ် ၊ မြေချပါမစ် ပျောက်သွားလို့ ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ သိလိုရင်ပဲဖြစ်စေ ရန်ကုန်တိုင်း အိုးအိမ်ရုံးမှာပဲ သွားပြီးစုံစမ်းကြတယ်။ အဲဒီရုံးက သက်ဆိုင်ရာမြို့နယ် တာဝန်ခံက ရှင်းပြပေးပါတယ်။
အခုတော့ မြို့သစ် မြေကွက်ပါမစ်တွေကို အိုးအိမ်ကနေ မြို့တော်စည်ပင် မြေယာဌာနကို လွှဲပြောင်းလိုက်ပြီလို့ သိရတယ်။
ဒီတော့ အကောင်းဆုံး အကြံပြုချင်တာကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၊ မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှု ဌာနက လက်ခံဆောင်ရွက်ပေးနေတဲ့ လိုအပ်မယ့် အချက်အလက်တွေကို ပြောပြလိုက်မယ်။ 
ပထမဆုံး မြေချပါမစ် အမည်ပေါက်ကို ပြန်ရှာရမယ်။ တွေ့ခဲ့ရင် အမည်ပေါက်ကိုယ်တိုင် မြေချပါမစ် ပျောက်ဆုံးသွားကြောင်း မိမိမြေကွက်ရှိတဲ့ ရပ်ကွက်ရုံးက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှာ ထောက်ခံချက် သွားယူရမယ်။ အဲဒီမြေချပါမစ် ပျောက်ဆုံးကြောင်း ထောက်ခံချက်ကို တင်ပြပြီး သက်ဆိုင်ရာ မြို့နယ်ရဲစခန်းက ထပ်ဆင့် ထောက်ခံချက် ယူရမယ်။အဲဒီထောက်ခံချက် (၂)ခုရရင် အိမ်အပြောင်းအရွှေ့ ပြုလုပ်စဉ် မြေချပါမစ်များ ပျောက်ဆုံးသွားကြောင်း ပါမစ် အမည်ပေါက် က တရားရုံးမှာ ကျမ်းကျိန်ရမယ်။ အဲဒီ (၃) မျိုး စုံရင်တော့ အမည်ပေါက်ရဲ့  နိုင်ငံသားကတ်ပြား မူရင်းနဲ့ မိတ္တူ (၁) စုံစီ ယူဆောင်ပြီး ရန်ကုန်မြို့တော်ခန်းမမှာ ရှိတဲ့ မြေယာဌာနမှာ လျှောက်လွှာဝယ်ပြီး ပါမစ်ပျောက်လို့ ဂရန်အသစ် မြေဌားစာချုပ် ထုတ်ပေးပါရန် လျှောက်ထားရမယ်။ မြေယာဌာနက ညွှန်ပြတဲ့အတိုင်း သတင်းစာမှာ ကန့်ကွက်ရန်ရှိ /မရှိ ကြော်ငြာရမယ် ။ လျှောက်ထားတဲ့ မြေကွက် ကွင်းဆင်း စစ်ဆေးလိမ့်မယ်။
အဲ…တစ်ခုတော့ ကြိုပြီးပြောထားရဦးမယ်။ ဂရန်သစ် မလျှောက်မီကတည်းက ကိုယ်ရထားတဲ့ မြေကွက်ထဲမှာ အိမ်ဆောက်ပြီး လျှောက်ထားသူ ကိုယ်တိုင် နေရမယ်။ မြေကွက်မှာလာပြီး ကွင်းဆင်း စစ်ဆေးတဲ့ မြေတိုင်း တာဝန်ခံနဲ့ မြေကွက်လျှောက်သူ ကိုယ်တိုင် ကိုယ့်မြေကွက် ကိုယ့်အိမ်ရှေ့မှာ နှစ်ယောက်တွဲပြီး ရိုက်ထားတဲ့ဓာတ်ပုံကို မြေယာဌာနမှာ တင်ပြရမယ်။
အဲဒီလို အချက်အလက်တွေ စုံပြီးရင် မြေကွက်ရှိတဲ့ အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး တို့မှာ ဂရန်သစ်လျှောက်ထားမှုနဲ့ ပတ်သက်လို့ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာရသေးတယ်။ သတင်းစာနဲ့ အုပ်ချုပ်ရေးမှူး ရုံးတွေမှာလည်း ကန့်ကွက်သူမရှိတော့ဘူး ဆိုရင်တော့ ဌာနက ဂရန် ထုတ်ပေးနိုင်ဖို့အတွက် အဆင့်ဆင့် ဆောက်ရွက်ပေးရတယ်။ ဂရန်အသစ် ထုတ်ဖို့ အကြောင်း ကြားလာရင် (ပေ ၄၀ x ပေ ၆၀) မြေကွက်ဖိုးငွေ ပေးသွင်းရတယ်။ ငွေသွင်းခွင့် ရရင်တော့ ဂရန် မြေငှါးစာချုပ် ကိုမကြာခင် သွားရောက် ထုတ်ယူလို့ရပါပြီ။
ရေးသားသူ တရားလွှတ်တော်ဆရာမောင်ကောင်းဖေ

 

Credit - ဥပဒေရေးရာ

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate