အိမ်အရောင်း လာအပ်တာ သရဲအိမ်နှင့် တိုးနေသော အခါ

17-Jun-23 Knowledge
အိမ်အရောင်း လာအပ်တာ သရဲအိမ်နှင့် တိုးနေသော အခါ

အိမ်အရောင်း လာအပ်တာ သရဲအိမ်နှင့် တိုးနေသော အခါ 
တစ်မနက်မှာ ကျွန်တော့်ဆီကို ခပ်ပြည့်ပြည့်လုံးလုံးလေးနဲ့ အမျိုးသမီး ရောက်လာတယ်။သူဝတ်လာတာက အခုခေတ်စားနေတဲ့ မင်းသမီးဆောင်းဟေကို ဝတ်တဲ့အဝတ်လိုပုံစံ အဖြူရောင် ဂါဝန်လှလှလေးနှင့် ပေါ့ဗျာ။
သူ့ ကျွန်တော်ဆီ ရောက်လာပြီး "အကိုရေ ကျွန်မရဲ့ခြံလေးကို ရောင်းချင်နေတယ် ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မရဲ့ခြံမှာက သရဲရှိတယ်ရှင့် 
အဲတာ ကျွန်မနှင်ချင်တာ အကိုက အိမ် ခြံ မြေ အကျိုးဆောင်ဆိုတော့ သရဲတွေရော နှင်ပေးတာပါလားရှင့် "
ဟာသွားပါပြီ ကျွန်တော်တင်တဲ့ ပိုစ်တွေမှာ သရဲနှင်ပေးတာလည်း မပါပါဘူး ဘယ်လိုဖြစ်ပြီးတော့ပေါ့
သူကလည်း ကူကယ်ရာမဲ့ ဖြစ်နေလို့ ထင်ပါတယ်ပေါ့
ကျွန်မက ဘယ်လောက်စျေးနှင့်ရရ ရောင်းမှာပါရှင့် အဲဒီအိမ်မှာလည်း ဘယ်သူမှ မနေရဲကြပါဘူးတဲ့လေ 
အဲဒါနဲ့ ကျွန်တော့်လည်း ခြံလာအပ်တဲ့သူကို မလေးမစားလည်း မလုပ်ချင်တာမို့လို ကျွန်တော် ဓာတ်ပုံတွေ သေချာရိုက်ပေးပြီး အရောင်းပိုစ့် တင်ပေးလိုက်ပါ့မယ်ပေါ့ 
အဲတာနဲ့ ကျွန်တော်က ကင်မရာကိုင်ပြီး အိမ်ရဲ့ပုံတွေ သွားရိုက်တဲ့အခါ 
သူရဲ့အိမ်က တကယ်မြင်တာနဲ့တင် အသေကြောက်ဖို့ ကောင်းပါတယ်ဗျာ
မြင်တာနဲ့တင် ကျောပြင်တွေချမ်းစိမ့်ပြီး ကြက်သီးမွေးညှင်းတွေပါ ထလာတာဗျာ။
ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ် ၊ ဘေးအိမ်ကလည်း မလှမ်းမကမ်းမှာတော့ ရှိပြီး အေးချမ်းနေပါရဲ့ ဒီတစ်အိမ်လေးပဲ ကွက်ပြီး တိတ်ဆိတ်နေပါလေရော။
ကျွန်တော်ကလည်း ယောကျာ်းကြီးဆိုပေမယ့် ပါးစပ်ကနေ 
ဟေတုပစ္စယော ၊ အာရမ္မနပစ္စယော ဆိုပြီး မတတ်တတတ်ရွတ်နေရာကနေ "ဟေ့ လူပစ်မယ်နော် ၊ မထိတထိပစ်မယ်နော်" နဲ့လည်းဖြစ်လိုဖြစ်လို့ဗျာ။
ကျွန်တော်က အိမ်ရဲ့အပြင်ပုံကို ရိုက်ပြီးပြီဆိုပေမယ့် အတွင်းပုံကိုကျတော့ မဝံမရဲနဲ့ ဝင်ရိုက်ရပါတယ်။ အိမ်အတွင်းမှာတော့ ရှေးဟောင်း ကုလားထိုင်လေးတွေ လည်းရှိပြီးတော့ တိတ်ဆိတ်နေတာပဲဗျာ။
မီးဖိုချောင် ၊ ဧည့်ခန်းအကုန်လုံး ပြီးသွားတဲ့အခါ နောက်တစ်ခန်းရိုက်တော့ 
"အမလေး ဘုရားဘုရား မှန်ထဲကနေ အဖြူရောင်သရဲမကြီး "ဆိုပြီး အော်ပြေးလိုက်တာ အပေါက်နား ရောက်ရောက်ချင်း ပြန်လှည့်ကြည့်လိုက်မှ ခြံလာအပ်တဲ့ အမကြီးမှန်း သိသွားတော့တယ်။
ဆောင်းဟေကိုလို ဂါဝန်လှလှလေးဝတ်ထားပေမယ့် သူက ပြည့်ပြည့်ကြီးနဲ့ ဆံပင်ကလည်း ကောက်ထားလိုက်သေးတယ် ဆိုတော့ ဆောင်းဟေကို မဟုတ်ဘဲ သရဲမကြီးနဲတူနေတော့ ကျွန်တော်က လန့်သွားတာပေါ့ဗျာ။...........

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!