အိမ် ခြံ မြေ အကျိုးဆောင် နဲ့ မဝယ်ချင်ဘူး ပိုင်ရှင်တိုက်ရိုက်ပဲ ဝယ်ချင်တယ်

အိမ် ခြံ မြေ အကျိုးဆောင် နဲ့ မဝယ်ချင်ဘူး ပိုင်ရှင်တိုက်ရိုက်ပဲ ဝယ်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေ အထူးဂရုစိုက်ပြီးမှ ဝယ်ဖို့လိုပါမယ် ။ အကျိုးဆောင်မှတဆင့် ပိုင်ရှင်တိုက်ရိုက် မဟုတ်ပဲ ဝယ်သူနဲ့ မြေပိုင်ရှင်နဲ့တိုက်ရိုက် တွေ့ဆုံပြီး ဝယ်လိုသူအတွက် အခြေခံ သိထားမှဖြစ်မယ့်အချက်လေးတွေပါ။
1️⃣ အိမ် ခြံ သို့မဟုတ် မြေ
သတ်မှတ်ထားတဲ့ ဘတ်ဂျက်တော့ ရှိပြီးသားပေါ့။
🔹မြေပိုင်ရှင်က ကျွန်တော့် မြေကွက်ရောင်းမယ် လိုက်ကြည့်ပေးပါဦးလို့
မဆိုင်းမတွ ခေါ်ပြောလာရင်တော့ မြေကွက်ကိုတွေ့ပြီပေါ့ဗျာ။
🔹သူမြေကွက်ကို ကြိုက်တယ်ဆိုရင်တော့ အခန်း ၁ ပြီးပြီ။
🔹မကြိုက်ဘူးဆိုရင်တော့ တစ်လမ်းဝင်တစ်လမ်းထွက် တိုင်းခန်းလှည့်ရှာရတော့မှာပေါ့။
🔹လိုချင်တဲ့မြေကွက်တော့ တွေ့ပြီ ပိုင်ရှင်က ရောင်းပါ့မလား ❓
🔹ပိုင်ရှင်က ရောင်းမယ်ထား ကိုယ့်ဘတ်ဂျက်နဲ့ ကိုက်ညီရဲ့လား ❓
🔹ကိုက်ညီတယ်ပဲထား အရှုပ်အရှင်းရှိလား ဆိုပြီး ပိုင်ရှင်ကိုပဲမေးမှာလား ❓
2️⃣ အရှုပ်အရှင်း
ရုံးမှာတော့ ကိုယ်တိုင် သွားစစ်လိုက်လို့ရတယ် ဒါပေမယ့်
🔸ညီအကို မောင်နှမ အမွေကိစ္စ ၊ မိသားစုစီမံ ၊ အိမ်ထောင်ရေးနဲ့ ညှိ မညှိ ၊
ပိုင်ရှင်အဆင့်ဆင့် ပြောင်းလဲလာပုံ အစရှိတဲ့ ဒီမြေရဲ့ ရာဇဝင်
( အရေးမကြီးဘူးလို့ ထင်ရပေမယ့် ကြုံလာမှ ဘာဆက်လုပ်ရမှန်းမသိ )
ဒါတွေအားလုံးကို တစ်ခုခြင်းအတွက် အချိန်ယူပြီး သေချာလေး စစ်ဆေးဖို့ လိုအပ်ပါမယ်။
🔸နယ်ခံဖြစ်ပြီး အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းကိုပဲ အဓိက လုပ်ကိုင်တဲ့ သူတွေတောင် တစ်ခါတစ်လေ မှားယွင်းတဲ့ သတင်းအချက်အလက်ကို ရတတ်လို့ ကိစ္စတစ်ခုကို တစ်ဦးတစ်ယောက်ထဲ ပြောတဲ့စကားကို အတည်မယူသေးပဲနဲ့ ၂ နေရာ ၃ နေရာတော့ လေ့လာရသေးတယ်ဗျ။
🔸တစ်ချက်လေး ပေါ့လိုက်တာနဲ့ အတွေ့အကြုံကို ရှေ့တန်းတင်ပြီး မနည်းကို နည်းလမ်းပေါင်းစုံရှာပြီး ဖြေရှင်းတတ်ရတယ် ဆိုတာတော့ မေ့ထားလို့တော့မရပါဘူး။
3️⃣ အရောင်းအဝယ်
မြေအကြိုက် တွေ့တယ် ပိုင်ရှင်ကလည်း ရောင်းမယ် ၊ အရှုပ်အရှင်းလည်း ကင်းတယ် ဆိုရင်တော့
🔺တတိယအဆင့်ဖြစ်တဲ့ မြေတိုင်းစစ်ဆေးပြီး စျေးနှုန်း ညှိနှိုင်းရတဲ့ အဆင့်ပါ။
🔺ပေါက်စျေးကို မသိဘူးဆိုရင်တော့ ရောင်းပြီး ဝယ်ပြီးမှ
ရောင်းသူဘက်က အရမ်း နစ်နာသွားတတ်သလို
ဝယ်သူဘက်ကလည်း အရမ်း နှမျောဖို့ကောင်းတတ်တာ ခဏခဏ ကြားနေကြရတဲ့ အဖြစ်ပါ။
🔺နောက်တစ်ချက်က နှစ်ဦးနှစ်ဘက်စလုံးက ပဲမများတတ်ပဲ ညှိနှိုင်းလို့ရရင်တော့ ပွဲသိမ်းပြီ ဆိုပေမယ့် ရောင်းခါနီး ဝယ်ခါနီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့
မရောင်းရလည်း အရေးမကြီးဘူးတို့ မဝယ်ရလည်း ကိစ္စမရှိဘူးတို့ စတဲ့
စကားတစ်ခွန်းလောက် မှားပြီဆိုရင်တော့ တစ်ဖက်က လျှော့ရင်လျှော့ မလျှော့ရင်တော့ ပွဲကပျက်ပြီ။
🔺တစ်ခါတစ်လေ ဝယ်သူ အခြေအနေကြည့်ပြီး စျေးပြောင်းလိုက်တာတို့
ရောင်းသူ အခြေအနေကြည့်ပြီး စျေးမတရား နှိမ်ပေးတာတို့ကလည်း ရှိသေးသကိုးဗျ။
4️⃣ ပိုင်ဆိုင်ခြင်း
🟣 အရောင်းအဝယ် ကိစ္စက ပြီးသွားပြီဆိုရင်တော့ အမည်လွဲပြောင်းတဲ့ အပိုင်းကတော့ သက်ဆိုင်ရာ ရုံးတွေမှာလိုက် လုပ်ဖို့ အိမ် ခြံ မြေ ဥပဒေက မသိမဖြစ် လေ့လာရမယ့် အပိုင်းပါ။
🟣 ( အိမ် ခြံ မြေ ဥပဒေကို အခြေခံမှ စပြီး ကျွမ်းကျင်တဲ့အထိလေ့လာ ဖို့စိတ်ဝင်စားသူအတွက် Link လေးပါ တခါတည်းပေးထားပါမယ်ခင်ဗျာ )
" https://www.yuzanarland.com/g/qc8N5 "
🟣ဒီမြေကွက်မှာ ကိုယ်က တခါတည်းနေမယ်ဆိုရင်တော့ ရှိပြီးသား အစီစဉ်အတိုင်း ဆက်လုပ်လို့ရပါပြီ။
ဝယ်ပြီးတော့ အခြေအနေအမျိုးမျိုးကြောင့် မြေကွက်နဲ့ အဝေးမှာနေရဦးမယ် ဆိုရင်တော့ ကျူးမဝင်အောင် တနည်း မြေပေါ်မြေအောက် ဖျက်ဆီးခြင်း ၊ ပျက်ဆီးခြင်းမှ ကာကွယ်ဖို့ရန်အတွက် ပိုင်ဆိုင်သူလက်ဝယ်မှာ ရှိကြောင်း အမြဲပြနေရတော့မှာပါ။
🟣 ခြံ မြေကို စောင့်ရှောက်ပေးဖို့ ပတ်ဝန်းကျင်ကို ပြောထားရုံ ၊ ရောင်းခဲ့သူကို ပြောထားရုံနဲ့ လုံးဝ မပြီးသေးပါဘူးခင်ဗျာ။
🟣 ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးမှုး ၊ ရာအိမ်မှုး ၊ ဆယ်အိမ်မှုး အစရှိတဲ့လူကြီးသူမ တို့နှင့် ပုံမှန်အဆက်အသွယ်ရှိနေရမည် ဖြစ်အပြင်...
🟣 ခြံစည်းရိုး ခတ်ခြင်း ၊ အပင်စိုက်ပျိုးခြင်းနှင့် အချိန်အားလျှော်စွာ သွားရောက်အရောင်ပြခြင်း ၊ ချုံရှင်း အမိုက်သိမ်း ၊ ရပ်ရွာအလှုငွေကဲ့သို့ လိုအပ်တဲ့ကိစ္စကို ပြုလုပ်ပေးခြင်း စတဲ့ အမြဲတမ်းစောင့်ရှောက်ပေးတဲ့ မိတ်ဆွေကောင်းရှိနေဖို့က လည်းအရမ်းကို အရေးကြီးတဲ့အပိုင်းပါ။
🔴 စာကြွင်း
♦️ အဲဒီအပိုင်းတွေထဲက တစ်ခုခုလစ်ဟင်း မိပြီဆိုတာနဲ့ ကိုယ့် ပိုက်ဆံနဲ့ကိုယ် သောက ၊ ပရိဒေဝ ၊ ဒုက္ခ စတဲ့ အခက်အခဲကို ဝယ်ယူမိသလို မဖြစ်အောင် အထက်မှာပြောခဲ့တဲ့ အခြေခံ အချက်အလက်တွေကို သေချာစီစစ်ဖို့ အထူးအကြံပြုပါရစေ…
♦️ အဲဒါတွေအကုန်လုံးကို ကိုယ်တိုင် လိုက်လုပ်ဖို့ အခက်အခဲရှိတာတို့ ၊ စိတ်ရှုပ်မခံချင်တာတို့ ၊ အချိန်မပေးနိုင်တာတို့ ဆိုရင်တော့ ကိုယ်တိုင် ဝင်လုပ်စရာမလိုပဲ အနည်းဆုံး 90% သေချာနိုင်တဲ့ အချက် တစ်ချက်ရှိပါသေးတယ်ခင်ဗျ။
5️⃣ 90 %+ Safety
🟡 အိမ် ခြံ မြေ လုပ်ငန်းကို တရားဝင် လိုင်စင်နဲ့ လုပ်ကိုင်တဲ့ အကျိုးဆောင် Company တွေများစွာ ရှိပါတယ်။
🟡 ဒီအလုပ်ကိုပဲ ဇောက်ချ လုပ်ကိုင်တာဖြစ်လို့ လိုအပ်တဲ့ အိမ် ခြံ မြေ သင်တန်းများစွာ တက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို ရှေ့တန်းတင်ကာ အထူးကျွမ်းကျင်အောင် လေ့ကျင့်ထားတဲ့ Company ကိုတော့ အထူးရွေးချယ်တတ်ဖို့တော့ လိုတာပေါ့။
🟡 “ အဲဒီလိုမဟုတ်တဲ့ တစ်ဦးတစ်ယောက် ” က အမှားလုပ်လိုက်လို့ အိမ် ခြံ မြေ လောကတစ်ခုလုံးကို ဝါးရင်းတုတ် မစင်သုတ်ပြီးပတ်ရမ်းတဲ့ အသံက တော်တော် စိတ်ထိခိုက်စရာပါဗျာ။
🟡 အဲဒီထဲကမှ နာမည်ပျက်မရှိ လုပ်ကိုင်တဲ့ Company များစွာထဲက တစ်ခုကို ရွေးချယ်ပြီး အပ်ရန်အတွက်ပါ။
🟡 ပိုင်ဆိုင်ပြီးဖြစ်တဲ့ အိမ် ခြံ မြေကို တန်ဖိုးအရမ်းနည်းတဲ့ သော့လေးဟာ အရမ်းကို အကာအကွယ်ပေးသလို သိန်းပေါင်းများစွာ သုံးပြီး ဝယ်မယ့် အိမ် ခြံ မြေကို စိတ်ချရအောင် အကျိုးဆောင်ခလေးကိုတော့ မနှမျောစေချင်ပါ။
🟡ကျွန်တော့်ဆီကိုပဲ လာခဲ့ပါ လို့ဆိုလိုခြင်း မဟုတ်ပါဘူးခင်ဗျာ့ ။ မိတ်ဆွေ နှစ်သက်ရာ အိမ် ခြံ မြေ အကျိုးဆောင် Company တစ်ခုခုကနေ ဆက်သွယ်ပြီးမှ ဝယ်ယူဖို့ အကြံပြု တိုက်တွန်းတာပါခင်ဗျာ။
🟡 သော့အိမ်လေးတစ်ခုဟာ သူ့ Quality နဲ့ သူ့တန်ဖိုးနဲ့သူ ရှိသလို အကျိုးဆောင် Company တွေလည်း သူ့ Service Quality နဲ့သူ့တန်ဖိုး မတူညီနိုင်ကြပါ။
( အကျိုးဆောင်တွေက အာလေးပဲ ရင်းပြီးလုပ်ရတာပဲ ဆိုပြီးတော့ မခံယူမိစေဖို့ နောက်ရက်ကျရင် တင်ပြလာမည့်
“ အကျိုးဆောင် တစ်ဦးရဲ့ ရင်ဖွင့်သံ “ ဆိုတဲ့ ပို့စ်ကိုလည်း ဆက်လက် အားပေးကြပါဦးခင်ဗျာ။ 🙏
🙏 ရောင်းသူ ဝယ်သူ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လွယ်ကူသော အရောင်းအဝယ်များစွာ ဖြစ်ထွန်းကြပါစေ....🙏
ခင်မင်လေးစားစွာဖြင့်
နေမင်းထွန်း
credit to jarnak
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...