🍆 ကလောမြို့နှင့် (5) ရက်စျေး

18-Mar-23 Knowledge
🍆 ကလောမြို့နှင့် (5) ရက်စျေး

🍅🍆 ကလောမြို့နှင့် (5) ရက်စျေး
        ကလောမြို့လေးမှာဆိုရင် ရန်ကုန် တို့ မန္တလေးတို့လို ပုံမှန်စျေးကြီးရှိပေမယ့် တစ်မူးထူးခြားတဲ့ ငါးရက်တစ်စျေး ( စျေးနေ့ )ဆိုတာလေးလည်း ရှိပါသေးတယ်။
        ကလောမြို့လေးမှာတင် မဟုတ်ပဲ အနီးနားမြို့တွေဖြစ်တဲ့ အောင်ပန်း ၊ ရွှေညောင် ၊ ညောင်ရွှေ ၊ ပင်းတယ စတဲ့ မြို့တစ်ချို့မှာလည်း ရှမ်းပြည်တောင်ပိုင်းရဲ့ ချစ်စရာကောင်းတဲ့ စျေးနေ့ အလေ့အထလေး ရှိပါသေးတယ် ။ Rotation ပုံစံနဲ့ သွားတာမို့ စျေးနေ့ က ဘယ်နှစ်ရက်နေ့ ကျမလဲဆိုတာတော့ ပုံမှန်မရှိပါဘူး သို့သော် နောက်ပိုင်းမှာတော့ 
       ဧည့်သည်တွေ စျေးနေ့လေးကို လည်ပတ်နိုင်စေဖို့ ၊ စျေးပတ်ရောင်းချသာစျေးသည်များပိုမိုအဆင်ပြေနိုင်ဖို့ စျေးနေ့ ပြက္ခဒိန်လေးတွေ ထုတ်လာကြတာကိုတွေ့ရပါတယ်။
တစ်မြို့နဲ့ တစ်မြို့ စျေးနေ့လေးတွေလည်းမတူတက်ကြပါဘူးဗျ ကလောစျေးကနေ စပြီးရေတွက်မယ်ဆိ​ုရင် ကလောစျေး ၊ ပင်းတယစျေး ၊ ဟဲဟိုးစျေး၊ ပင်လောင်းစျေး ဆိုပြီး ပုံမှန် အစဉ်လိုက် ရှိပြီး ပင်လောင်းစျေးပြီးရင်တော့ ကလောစျေး ပြန်ရောက်ပါတယ်ဗျ။ 
“ဈေးနေ့” မှာ ကလောမြို့အနီးအနား ကျေးရွာက ရွာသူရွာသားတွေက သူတို့စိုက်ပျိုးထားတဲ့ ရာသီပေါ်သီးနှံတွေကို လာရောင်းချကြသလို အောင်ပန်း၊ ဟဲဟိုး စတဲ့ အခြားသောမြို့တွေက ဈေးသည်တွေလည်း လာရောက်ရောင်းချလေ့ရှိပါတယ်။ “ဈေးနေ့” မှာ လာရောက်ရောင်းချတဲ့ ဒေသထွက်ကုန်တွေက ပိုမိုလတ်ဆတ်သလို ဈေးနှုန်းကလည်း ပိုမိုသက်သာတာကြောင့် ပုံမှန်လည်ပတ်နေတဲ့ ဈေးထက် ပိုမိုစည်ကားပါတယ်။ 
ကလောစျေးလေးကိုလာလည်ရင်း ကလောမြို့မှာအချေချဖို့စိတ်ကူးလေးရှိသွားပြီဆိုရင်တော့ အိမ် ခြံ မြေ ဝန်ဆောင်မှု့အတွက် ကျွန်တော့်ကို သတိရလိုက်ပါဗျ။😎

Credit to Jarnak

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!