🌸 တောင်ကြီး မြို့ ရဲ့ ရာဇဝင် 🌸

ရှမ်း ပြည်နယ်မှာ ဗြိတိသျှတို့ တည်ထောင် ခဲ့သော မြို့ပြ များ ထဲမှ -
🌸 တောင်ကြီး မြို့ ရဲ့ ရာဇဝင် 🌸
——————————————
📣 ဗြိတိသျှ အစိုးရဟာ တောင်ကြီး မြို့ကို တောင်ကြီး တောင်တန်း ရဲ့ တောင်ခြေ ၊ မွန်ခြိင် ရွာ အနီး မှာ ဗဟို အုပ်ချုပ်ရေး ရုံး စိုက်ရာ မြို့ တည်ရန် ၁၈၉၂ ခုနှစ်မှာ စတင် တည်ဆောက် ခဲ့ပါတယ် .. ။ ညောင်ရွှေ စော်ဘွား စဝ်အုံ ထံမှ အရှေ့ အနောက် ( ၁ ) မိုင်ခန့် ၊ တောင် မှ မြောက် ( ၄ ) မိုင်ခန့် ဧရိယာ အကျယ် (၄.၉) စတုရန်းမိုင် ကိုတောင်း ယူပြီး ကန်များ ၊ အင်းများ ကို ပြုပြင်ခဲ့ တယ်လို့ သိရ ပါတယ် ။ တပ်မြေ ပုံစံ စနစ်တကျ အကွက် ရိုက် ပြီး လမ်းများ ဖောက်လုပ်ကာ ၊ အစိုးရရုံး များဆောက် လုပ်ပါတယ် ..။ ၁၈၉၂ ခုနှစ်မှာဗြိတိသျှ အရေးပိုင် ဟေးလ်ဒီ ဘရန်း စတင်ရုံး ထိုင်ခြင်း ပြုလုပ်ခဲ့ ပါတယ် .. ။
တောင်ကြီး မြို့မှာ_
( ၁ ) အရေး ပိုင်အိမ် ၊
( ၂ ) လက်ထောက် အရေးပိုင် အိမ် ၊
( ၃ ) တိုင်း သစ်တော အရာရှိအိမ် ၊
( ၄ ) လမ်း အရေးပိုင် အိမ် ၊
( ၅ ) ဆရာဝန် ကြီးအိမ် ၊
( ၆ ) လက်ထောက် ဆေးရုံအုပ် အိမ် ၊
( ၇ ) ရဲအရာရှိအိမ် ၊
( ၈ ) တရားရုံး ၊ အရေးပိုင် နဲ့ နိုင်ငံရေး အရာရှိ ရုံးများ ၊
( ၉ ) ငွေတိုက် ၊
( ၁၀ ) အချုပ်ခန်း ၊
( ၁၁ ) လမ်း ဌာနရုံး ၊
( ၁၂ ) ဒါဘာ ခန်းမ ၊
( ၁၃ ) ဆေးရုံ ၊
( ၁၄ ) စာတိုက် ၊
( ၁၅ ) ကြေး နန်းရုံး ၊
( ၁၆ ) အရာရှိ ရိပ်သာ ( ဗိုလ်တဲ ) ၊
( ၁၇ ) လမ်း တံတား တည်းခိုရိပ်သာ တို့ကို စတင်တည် ဆောက်ခဲ့ပြီး ၁၈၉၄ ခုနှစ် စက်တင် ဘာလ မှာ အရေးပိုင် နဲ့ နိုင်ငံရေး အရာရှိ ဌာနချုပ် ရုံး အပါအဝင် ရုံးဌာန များကို မိုင်းသောက် စတက်မန်း ခံတပ် မှ ပြောင်းရွှေ့ ကြပါတယ် ၊ တပ်သား ( ၂၅ ) ယောက် ဆန့် ဘားတိုက် (၂) ခု၊ ကင်းစောင့် စခန်း ၊ အရာရှိ ရိပ်သာများ တည်ဆောက်ပြီး တပ် ကိုလည်း ပြောင်းရွှေ့ခဲ့ပါတယ် .. ။
မြို့ရဲ့ အရှေ့ဘက် မတ်စောက်သော တောင်တန်း ကြီးကို အစွဲ ပြုပြီး တောင်ကြီးလို့ ခေါ်ဝေါ် ရာကနေ ခုထိလည်း တောင်ကြီး ပဲဖြစ်ပါတယ် .. ။ ထိုအချိန်မှ စပြီး တောင်ကြီး မြို့ဟာ ရှမ်းပြည်နယ် အတွက် ကိုလိုနီ အုပ်ချုပ်ရေး မြို့တော် အဖြစ် အခိုင်အမာ ပေါ်ထွန်းလာခဲ့ပါတော့ တယ် ..။
မြို့စတင် တည်ဆောက်ပြီး နောက် မြို့ရဲ့နယ် နမိတ်ကို စတုရန်း ၁၂ မိုင် ခန့် သတ်မှတ်ကာ ၊ မြို့ရဲ့ တောင်ဘက်စွန်း အကောက်ခွန်ဂိတ်ကနေ မြောက်ဘက် မြင်း လှည်းတန်း ထန်းလပ် ချောင်းဘေး မှာ နယ်ခြား မှတ်တိုင် သံတိုင်များ ၊ မြို့ အနောက်ဘက် ရတနာ သီရိ ရပ်ကွက် အတွင်း နဲ့ နဂါးပွက် ကျောင်းဝင်း အတွင်း ကျောက်တိုင်များ စိုက်လို့ ညောင်ရွှေ နယ်နဲ့ တောင်ကြီးနယ် ပိုင်းခြားခဲ့ ပါတယ် ။
ဗြိတိသျှ အရေးပိုင် နဲ့ လက်ထောက် အရေးပိုင် တို့ဦး ဆောင်တဲ့ Town Committee များနဲ့ အုပ်ချုပ်ခဲ့ပြီး ၊ ၁၁ ဒီဇင်ဘာ ၁၉၀၁ ခုနှစ် မှာတော့ မြန်မာပြည် မြူနီ စပါယ်ဥပဒေ ကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အာဏာ သက်ရောက် ကြောင်း ကြေငြာခြင်း ပိုပြု လုပ်ခဲ့ပါတယ် ..။
🔸🔹 ၁၉၀၄ ခုနှစ်မှာ တော့ တောင်ကြီး မြို့ကို သီးသန့် ဒေသ ကြေငြာပြီး တောင်ကြီး မြူနီစပါယ်ကို ၄င်းတို့ရဲ့ သီးခြားရဲ ၊ သီးခြားတရားရုံး မြို့စောင့် စစ်ပုလိပ် တပ်တို့နဲ့ တိုက်ရိုက် အုပ်ချုပ်ခဲ့ တယ်လို့ ဆိုခဲ့ပါတယ် ။
လက်ရှိ မှာတော့ ရှမ်းပြည်နယ် အစိုးရ အတွင်းဝန် များရုံး ဟောင်းကတော့ သမိုင်းဝင် အဆောက်အဦ ဖြစ်သွားခဲ့ပါပြီ...🥰🍃🍃
reference..ရှေးရှေးတုန်း က ဗမာပြည်
Credit to Jarnak
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...